ရှောင်ရိုက်ဖီးလစ်ကရာဟမ်းစတာလင်းအနေဖြင့်မန်စီးတီးနှင့်စ
ာချုပ်သစ်ချုပ်ဆိုသင့်ကြောင်းနှင့်အကောင်းဆုံးပုံစံရရှိရေးကြိုးပမ်းရန်
တိုက်တွန်းပြောကြားလိုက်ပါတယ်။ အသက်၂၆နှစ်ရှိအင်္ဂလန်စတား
စတာလင်းဟာမန်စီးတီးနှင့်၂နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီး
စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်မပြေဖြစ်နေပါတယ်။
စတာလင်းဟာပြီးခဲ့တဲ့၇လအတွင်းမှာဂွါဒီယိုလာရဲ့လက်အောက်မှာ
ပုံမှန်ကစားခွင့်ရရှိရေးရုန်းကန်ရမှုနဲ့အတူလာမယ့်ဇန်နဝါရီ(သို့မဟုတ်)
နွေရာသီတွင်ပုံမှန်ကစားခွင့်ရမယ့်အသင်းတစ်သင်းသို့ပြောင်းလိုကြောင်း
လူသိရှင်ကြားဖွင့်ဟပြောကြားထားပါတယ်။ သူဟာမန်စီးတီးတွင်ကစားတဲ့
ခြောက်ရာသီအတွင်းတွင်၁၁၅ဂိုးသွင်းနိုင်ခဲ့သော်လည်းနောက်ဆုံး
မန်စီးတီးအတွက်၂၈ပွဲကစားရာတွင်၂ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
မန်စီးတီးဂန္ထဝင်ရိုက်ဖီးလစ်က “ဒီရာသီမှာသူဟာအရင်ရာသီတွေလောက်
ကစားခွင့်မရပါဘူး။ဒါပေမယ့်သူ့အချိန်ရောက်လာမှာပါ။သူ့ဘက်က
အကောင်းဆုံးခြေစွမ်းပြရန်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ဘဲရှိဖို့လိုတယ်။
ပြီးခဲ့တဲ့ခြောက်နှစ်မှာအသင်းအတွက်ဘာလုပ်ခဲ့သလဲဆိုတာပြန်ကြည့်ရုံပါပဲ။
သူ့ဘက်ကကလပ်အတွက်ဘာတွေလုပ်ပေးနိုင်လဲကြည့်ရပါမယ်”လို့ပြောကြားခဲ့ပါတယ်။
စတာလင်းဟာယခုနှစ်အတွင်းမှာမန်စီးတီးဘက်ကစာချုပ်သစ်ချုပ်ဆိုရေး
အကြိမ်ကြိမ်ဆွေးနွေးရန်တောင်းဆိုမှုပြုလုပ်ခဲ့ပေမယ့်လည်းနေရာရရန်
ရုန်းကန်ရမှုနဲ့အတူစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးရေးကိုရွှေ့ဆိုင်းမှုများပြုလုပ်လာခဲ့ပါတယ်။
zawgyi
စတာလင်းကို မန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရန် ရှောင်ရိုက်ဖီးလစ် တိုက်တွန်း