
လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားသို့သွားရောက်စဉ်အတွင်း
ကိုဗစ်ကူးစက်ခံရမှုနဲ့အတူပတ်သက်ပြီးပီအက်စ်ဂျီနည်းပြပိုချက်တီနိုကို
သတင်းမပေးပို့မှုအတွက် နည်းပြကိုမလေးမစားလုပ်တယ်လို့
စွပ်စွဲပြောဆိုခြင်းခံနေရပါတယ်။
ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရပိုချက်တီနိုဟာ
လီယွန်နယ်မက်ဆီ ကိုဗစ်ကူးစက်ခံနေရကြောင်းကို
တိုက်ရိုက်ဆက်သွယ်အကြောင်းကြားမှုရရှိခဲ့တာမျိုးမဟုတ်တဲ
တဆင့်ခံသိခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။
မက်ဆီဟာအာဂျင်တီးနားသို့ခရစ္စမတ်နှင့်နှစ်သစ်ကူး
အားလပ်ရက်ခရီးစဉ်အတွင်းတွင်ကိုဗစ်ကူးစက်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းပီအက်စ်ဂျီတောင်ပံကစားသမားဟောင်းဂျီရုမ်းရိုသန်က
“ကိုယ့်နည်းပြကိုအမြဲလေးစားရပါမယ်။
ဒါတွေကကျွန်တော်တို့ကလဲယားဖောင်တိန်မှာသင်ကြားခဲ့ရတာတွေပါ။
နည်းပြကအားလုံးရဲ့အထက်မှာရှိတယ်။စတားတစ်ဦးပဲဖြစ်ဖြစ်၊
လူငယ်တစ်ဦးပဲဖြစ်ဖြစ် နည်းပြကအထက်မှာရှိပါတယ်။
ပိုချက်တီနိုဟာမက်ဆီဘယ်မှာရှိတယ်ဆိုတာကိုတောင်
သတင်းပေးပို့မခံရပါဘူး။ဒါကကောင်းတဲ့အရာမဟုတ်ပါဘူး။
မက်ဆီဆီကတုန်လှုပ်စရာလုပ်ရပ်မြင်တွေ့လိုက်ရတာပါ”လို့ပြောကြားသွားပါတယ်။
မက်ဆီဟာအာဂျင်တီးနားသို့ရောက်နေစဉ်အတွင်းရှိုးပွဲတစ်ခုကိုလည်း
ဇနီးသည်နှင့်အတူသွားရောက်ခဲ့ပါတယ်။သူဟာယင်းရှိုးပွဲအပြီးတွင်
ကိုဗစ်ကူးစက်ခံရကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
ယခုအခါမက်ဆီဟာကိုဗစ်နက်ဂတစ်ပြန်လည်တွေ့ရှိပြီးနောက်
ပဲရစ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
zawgyi
စတားပဲျဖစ္ျဖစ္၊ လူငယ္ပဲျဖစ္ျဖစ္ နည္းျပကို ေလးစားရပါမယ္
လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားသို႔သြားေရာက္စဥ္အတြင္း
ကိုဗစ္ကူးစက္ခံရမႈနဲ႔အတူပတ္သက္ၿပီးပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုကို
သတင္းမေပးပို႔မႈအတြက္ နည္းျပကိုမေလးမစားလုပ္တယ္လို႔
စြပ္စြဲေျပာဆိုျခင္းခံေနရပါတယ္။
ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရပိုခ်က္တီႏိုဟာ
လီယြန္နယ္မက္ဆီ ကိုဗစ္ကူးစက္ခံေနရေၾကာင္းကို
တိုက္႐ိုက္ဆက္သြယ္အေၾကာင္းၾကားမႈရရွိခဲ့တာမ်ိဳးမဟုတ္တဲ
တဆင့္ခံသိခဲ့ရတာျဖစ္ေၾကာင္းသိရပါတယ္။
မက္ဆီဟာအာဂ်င္တီးနားသို႔ခရစၥမတ္ႏွင့္ႏွစ္သစ္ကူး
အားလပ္ရက္ခရီးစဥ္အတြင္းတြင္ကိုဗစ္ကူးစက္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းပီအက္စ္ဂ်ီေတာင္ပံကစားသမားေဟာင္းဂ်ီ႐ုမ္း႐ိုသန္က
“ကိုယ့္နည္းျပကိုအၿမဲေလးစားရပါမယ္။
ဒါေတြကကြၽန္ေတာ္တို႔ကလဲယားေဖာင္တိန္မွာသင္ၾကားခဲ့ရတာေတြပါ။
နည္းျပကအားလုံးရဲ႕အထက္မွာရွိတယ္။စတားတစ္ဦးပဲျဖစ္ျဖစ္၊
လူငယ္တစ္ဦးပဲျဖစ္ျဖစ္ နည္းျပကအထက္မွာရွိပါတယ္။
ပိုခ်က္တီႏိုဟာမက္ဆီဘယ္မွာရွိတယ္ဆိုတာကိုေတာင္
သတင္းေပးပို႔မခံရပါဘူး။ဒါကေကာင္းတဲ့အရာမဟုတ္ပါဘူး။
မက္ဆီဆီကတုန္လႈပ္စရာလုပ္ရပ္ျမင္ေတြ႕လိုက္ရတာပါ”လို႔ေျပာၾကားသြားပါတယ္။
မက္ဆီဟာအာဂ်င္တီးနားသို႔ေရာက္ေနစဥ္အတြင္းရႈိးပြဲတစ္ခုကိုလည္း
ဇနီးသည္ႏွင့္အတူသြားေရာက္ခဲ့ပါတယ္။သူဟာယင္းရႈိးပြဲအၿပီးတြင္
ကိုဗစ္ကူးစက္ခံရေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။
ယခုအခါမက္ဆီဟာကိုဗစ္နက္ဂတစ္ျပန္လည္ေတြ႕ရွိၿပီးေနာက္
ပဲရစ္သို႔ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။