
နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ကသူ့အနာဂတ်နဲ့ပတ်သက်ပြီးရှင်းလင်းစွာ
သိရလိုကြောင်း ဆော်ဒီပိုင်ရှင်သစ်များကိုတောင်းဆိုလိုက်ပါတယ်။
စတိဗ်ဘရုစ်ဦးဆောင်တဲ့နယူးကာဆယ်ဟာပိုင်ရှင်သစ်များလက်ထက်
ပထမဆုံးပွဲအဖြစ်စပါးစ်နှင့်ရင်ဆိုင်ခဲ့ရာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
အသက်၆၀နှစ်ရှိစတိဗ်ဘရုစ်ဟာပိုင်ရှင်သစ်များရောက်မလာမီကတည်းက
ဖိအားများနှင့်ရင်ဆိုင်နေရသူဖြစ်ပြီးမကြာမီရာထူးမှ
ထုတ်ပယ်ခံရလိမ့်မယ်လို့လည်းသတင်းပြေးနေပါတယ်။
နယူးကာဆယ်နည်းပြရာထူးအတွက်ဇီဒန်း၊ဖရန့်လမ်းပတ်၊အန်တိုနီယိုကွန်တီ၊
စတီဗင်ဂျရတ်၊ပေါ်လိုဖွန်ဆီကာတို့ရေပန်းစားနေပါတယ်။
ဘရုစ်က “အခြားလူတွေဆုံးဖြတ်ရမယ့်အရာပါ။ ရေးနေသမျှသတင်းတိုင်း
ဖတ်နေရင်လည်းဒီနေရာမှာကျွန်တော်ရှိနေမှာမဟုတ်ပါဘူး။
ဒါပေမယ့်ကျွန်တော့်အလုပ်ကရလဒ်ကောင်းရယူဖို့ပါ။၇ပွဲ၊၈ပွဲလောက်
နိုင်ပွဲပျောက်ပြီဆိုရင်ဖိအားကရောက်လာတာပါပဲ။ကျွန်တော့်ဘက်ကတော့
အဆုံးအထိအကောင်းဆုံးလုပ်သွားပါမယ်။ကလပ်တိုင်းကတော့
သူတို့လုပ်မယ့်အရာတွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းလုပ်ကြပါတယ်။
ပိုင်ရှင်သစ်တွေအပေါ်မှာလေးစားပါတယ်။ရောမကိုတနေ့တည်းနဲ့
တည်ဆောက်လို့မရပါဘူး။အသင်းကိုတဖြည်းဖြည်းပိုကောင်းအောင်လုပ်ဖို့
ကျွန်တော့်တာဝန်ပါ။နယူးကာဆယ်ကလူတွေကအသင်းကို
ပိုတိုးတက်လာတာမြင်နေချင်ကြပါတယ်”လို့ပြောကြားခဲ့ပါတယ်။
စတိဗ်ဘရုစ်ဟာစပါးစ်နှင့်ပွဲစဉ်တွင်ပရော်ဖက်ရှင်နယ်နည်းပြဘဝပွဲ၁၀၀၀ပြည့်ခဲ့သူဖြစ်ပါတယ်။
zawgyi
စတိဗ္ဘ႐ုစ္က သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး ရွင္းလင္းစြာသိရလိုေၾကာင္း ပိုင္ရွင္သစ္မ်ားကို ေတာင္းဆို
နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ကသူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးရွင္းလင္းစြာ
သိရလိုေၾကာင္း ေဆာ္ဒီပိုင္ရွင္သစ္မ်ားကိုေတာင္းဆိုလိုက္ပါတယ္။
စတိဗ္ဘ႐ုစ္ဦးေဆာင္တဲ့နယူးကာဆယ္ဟာပိုင္ရွင္သစ္မ်ားလက္ထက္
ပထမဆုံးပြဲအျဖစ္စပါးစ္ႏွင့္ရင္ဆိုင္ခဲ့ရာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
အသက္၆၀ႏွစ္ရွိစတိဗ္ဘ႐ုစ္ဟာပိုင္ရွင္သစ္မ်ားေရာက္မလာမီကတည္းက
ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရသူျဖစ္ၿပီးမၾကာမီရာထူးမွ
ထုတ္ပယ္ခံရလိမ့္မယ္လို႔လည္းသတင္းေျပးေနပါတယ္။
နယူးကာဆယ္နည္းျပရာထူးအတြက္ဇီဒန္း၊ဖရန႔္လမ္းပတ္၊အန္တိုနီယိုကြန္တီ၊
စတီဗင္ဂ်ရတ္၊ေပၚလိုဖြန္ဆီကာတို႔ေရပန္းစားေနပါတယ္။
ဘ႐ုစ္က “အျခားလူေတြဆုံးျဖတ္ရမယ့္အရာပါ။ ေရးေနသမွ်သတင္းတိုင္
းဖတ္ေနရင္လည္းဒီေနရာမွာကြၽန္ေတာ္ရွိေနမွာမဟုတ္ပါဘူး။
ဒါေပမယ့္ကြၽန္ေတာ့္အလုပ္ကရလဒ္ေကာင္းရယူဖို႔ပါ။၇ပြဲ၊၈ပြဲေလာက္
ႏိုင္ပြဲေပ်ာက္ၿပီဆိုရင္ဖိအားကေရာက္လာတာပါပဲ။ကြၽန္ေတာ့္ဘက္ကေတာ့
အဆုံးအထိအေကာင္းဆုံးလုပ္သြားပါမယ္။ကလပ္တိုင္းကေတာ့
သူတို႔လုပ္မယ့္အရာေတြနဲ႔ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းလုပ္ၾကပါတယ္။
ပိုင္ရွင္သစ္ေတြအေပၚမွာေလးစားပါတယ္။ေရာမကိုတေန႔တည္းနဲ႔
တည္ေဆာက္လို႔မရပါဘူး။အသင္းကိုတျဖည္းျဖည္းပိုေကာင္းေအာင္လုပ္ဖို႔
ကြၽန္ေတာ့္တာဝန္ပါ။နယူးကာဆယ္ကလူေတြကအသင္းကို
ပိုတိုးတက္လာတာျမင္ေနခ်င္ၾကပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
စတိဗ္ဘ႐ုစ္ဟာစပါးစ္ႏွင့္ပြဲစဥ္တြင္ပေရာ္ဖက္ရွင္နယ္နည္းျပဘဝပြဲ၁၀၀၀ျပည့္ခဲ့သူျဖစ္ပါတယ္။