စတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ရန် နည်းပြသုံးဦး ဆန်ကာတင်ရွေးချယ်ထား

နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ရန်

နည်းပြသုံးဦးအားဆန်ကာတင်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဆော်ဒီရင်းနှီးမြှပ်နှံသူများဟာနယူးကာဆယ်ကိုဝယ်ယူပြီးနောက်

စတိဗ်ဘရုစ်ကိုထုတ်ပယ်ကာနည်းပြသစ်ခန့်အပ်လိုနေခဲ့ပါတယ်။

ဒါပေမယ့်၎င်းတို့ဟာစတိဗ်ဘရုစ်ကသူ့ရဲ့နည်းပြဘဝပွဲ၁၀၀၀မြောက်ပွဲအဖြစ်

တနင်္ဂနွေနေ့တုန်းကစပါးစ်အား၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲကိုကိုင်တွယ်ခွင့်ပေးခဲ့ပါတယ်။

The Times ရဲ့ဖော်ပြချက်အရနယူးကာဆယ်အသင်းပိုင်ရှင်တို့ရဲ့ဆန်ကာတင်

နည်းပြသုံးဦးစာရင်းတွင် ရောဘတ်တိုမာတီနက်ဇ်၊အူနိုင်းအမ်မရီ၊

စတီဗင်ဂျရတ်တို့ပါဝင်နေကြောင်းသိရပါတယ်။နယူးကာဆယ်ဟာ

ယခုရက်ပိုင်းအတွင်းတွင်နည်းပြသစ်အား ခန့်အပ်ရန်စီစဉ်နေပြီးလာမယ့်

စနေနေ့ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှစတင်ကာကိုင်တွယ်စေသွားမယ်လို့

သိရပါတယ်။

မာတီနက်ဇ်ဟာလက်ရှိအချိန်တွင်ဘယ်လ်ဂျီယံအသင်းကိုကိုင်တွယ်နေပြီး

လာမယ့်၂၀၂၂ကမ္ဘာ့ဖလားအပြီးမှာစာချုပ်သက်တမ်းပြည့်ပါမယ်။

နယူးကာဆယ်ဟာမာတီနက်ဇ်ကိုအသင်းကိုကိုင်တွယ်စဉ်အတွင်း

ဘယ်လ်ဂျီယံကိုလည်းစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိကိုင်တွယ်စေ

မယ်လို့သိရပါတယ်။စပိန်လူမျိုးနည်းပြမာတီနက်ဇ်ဟာဆွမ်စီး၊ဝီဂန်နှင့်

အဲဗာတန်တို့ကိုကိုင်တွယ်ဖူးကာ

အင်္ဂလိပ်ဘောလုံးအကြောင်းကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်ဟာရိန်းဂျားကိုကိုင်တွယ်နေသူဖြစ်ပြီး

ပြီးခဲ့တဲ့ရာသီတုန်းက၁၀နှစ်အတွင်းပထမဆုံးစကော့တလန်အဆင့်မြင့်တန်း

ဖလားရရှိအောင်ကူညီခဲ့ပါတယ်။ရိန်းဂျားဟာယခုရာသီတွင်လည်း

ပွဲစဉ် ၁၀ အပြီးမှာ အမှတ်ပေးဇယားကိုဦးဆောင်နေပါတယ်။အမ်မရီမှာ

နည်းပြဘဝတစ်လျှောက်ယူရိုပါလိဂ်ဖလား၃ကြိမ်ဆွတ်ခူးထားသူဖြစ်ပြီး

မေလတုန်းကမန်ယူကိုအနိုင်ယူကာဗီလာရီးရဲလ်အတွက်ယူရိုပါလိဂ်ဖလား

ပူပူနွေးနွေးရယူပေးထားသူဖြစ်ပါတယ်။သူဟာအာဆင်နယ်ကို၁၈လကြာ

ကိုင်တွယ်စဉ်အတွင်းမအောင်မြင်မှုကြောင့်ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာလည်းအင်္ဂလိပ်ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်ကာ

သူ့အစွမ်းပြသရန်စိတ်အားထက်သန်နေသူဖြစ်ပါတယ်။

Zawgyi

စတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္ နည္းျပသုံးဦး ဆန္ကာတင္ေ႐ြးခ်ယ္ထား

နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္

နည္းျပသုံးဦးအားဆန္ကာတင္ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ပါတယ္။ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံ

သူမ်ားဟာနယူးကာဆယ္ကိုဝယ္ယူၿပီးေနာက္

စတိဗ္ဘ႐ုစ္ကိုထုတ္ပယ္ကာနည္းျပသစ္ခန႔္အပ္လိုေနခဲ့ပါတယ္။ဒါေပမယ့္

၎တို႔ဟာစတိဗ္ဘ႐ုစ္ကသူ႔ရဲ႕နည္းျပဘဝပြဲ၁၀၀၀ေျမာက္ပြဲအျဖစ္

တနဂၤေႏြေန႔တုန္းကစပါးစ္အား၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲကိုကိုင္တြယ္ခြင့္ေပးခဲ့ပါတယ္။

The Times ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္အသင္းပိုင္ရွင္တို႔ရဲ႕ဆန္ကာတင္

နည္းျပသုံးဦးစာရင္းတြင္ ေရာဘတ္တိုမာတီနက္ဇ္၊အူႏိုင္းအမ္မရီ၊

စတီဗင္ဂ်ရတ္တို႔ပါဝင္ေနေၾကာင္းသိရပါတယ္။နယူးကာဆယ္ဟာ

ယခုရက္ပိုင္းအတြင္းတြင္နည္းျပသစ္အား ခန႔္အပ္ရန္စီစဥ္ေနၿပီးလာမယ့္

စေနေန႔ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္မွစတင္ကာကိုင္တြယ္ေစသြားမယ္လို႔

သိရပါတယ္။

မာတီနက္ဇ္ဟာလက္ရွိအခ်ိန္တြင္ဘယ္လ္ဂ်ီယံအသင္းကိုကိုင္တြယ္ေနၿပီး

လာမယ့္၂၀၂၂ကမာၻ႔ဖလားအၿပီးမွာစာခ်ဳပ္သက္တမ္းျပည့္ပါမယ္။

နယူးကာဆယ္ဟာမာတီနက္ဇ္ကိုအသင္းကိုကိုင္တြယ္စဥ္အတြင္း

ဘယ္လ္ဂ်ီယံကိုလည္းစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိကိုင္တြယ္ေစ

မယ္လို႔သိရပါတယ္။စပိန္လူမ်ိဳးနည္းျပမာတီနက္ဇ္ဟာဆြမ္စီး၊ဝီဂန္ႏွင့္

အဲဗာတန္တို႔ကိုကိုင္တြယ္ဖူးကာ

အဂၤလိပ္ေဘာလုံးအေၾကာင္းကြၽမ္းက်င္သူလည္းျဖစ္ပါတယ္။ လီဗာပူး

ဂႏၴဝင္စတီဗင္ဂ်ရတ္ဟာရိန္းဂ်ားကိုကိုင္တြယ္ေနသူျဖစ္ၿပီး

ၿပီးခဲ့တဲ့ရာသီတုန္းက၁၀ႏွစ္အတြင္းပထမဆုံးစေကာ့တလန္အဆင့္ျမင့္တန္း

ဖလားရရွိေအာင္ကူညီခဲ့ပါတယ္။ရိန္းဂ်ားဟာယခုရာသီတြင္လည္း

ပြဲစဥ္ ၁၀ အၿပီးမွာ အမွတ္ေပးဇယားကိုဦးေဆာင္ေနပါတယ္။အမ္မရီမွာ

နည္းျပဘဝတစ္ေလွ်ာက္ယူ႐ိုပါလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးထားသူျဖစ္ၿပီး

ေမလတုန္းကမန္ယူကိုအႏိုင္ယူကာဗီလာရီးရဲလ္အတြက္ယူ႐ိုပါလိဂ္ဖလား

ပူပူေႏြးေႏြးရယူေပးထားသူျဖစ္ပါတယ္။သူဟာအာဆင္နယ္ကို၁၈လၾကာ

ကိုင္တြယ္စဥ္အတြင္းမေအာင္ျမင္မႈေၾကာင့္ထုတ္ပယ္ခံခဲ့ရသူျဖစ္ပါတယ္။

သူဟာလည္းအဂၤလိပ္ေဘာလုံးေလာကသို႔ျပန္လည္ဝင္ေရာက္ကာ

သူ႔အစြမ္းျပသရန္စိတ္အားထက္သန္ေနသူျဖစ္ပါတယ္။