စတုတ္ထဦးစားပေးဂိုးသမားဖြစ်နေတဲ့ ရိုမဲရိုးကို ခေါ်ယူဖို့ ဘက်ခမ်းရဲ့မိုင်ယာမီအသင်း စီစဉ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းဟာ အိုးထရက်ဖို့ဒ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဂိုးသမား ဆာဂျီယိုရိုမဲရိုးကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင် ရိုမဲရိုးဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး အရန်ဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ဒီရာသီမှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ဒီဂီယာ၊ ဒင်းဟန်ဒါဆန်နဲ့ အသက် ၃၇နှစ်အရွယ်ရှိ လီဂရန့်တို့ရဲ့နောက် စတုတ္ထဦးစားပေးဂိုးသမားဖြစ်နေလို့ ပုံမှန်ပွဲထွက်ခွင့်ရရေးအတွက် ပြီးခဲ့တဲ့နွေရာသီက အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။

Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ လာမယ့်ဇန်နဝါရီလအတွင်း ရိုမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်နေရတဲ့ သူ့ရဲ့အိပ်မက်ဆိုးတွေကို အဆုံးသတ်ဖို့ ပြင်ဆင်နေပါတယ်။

ရိုမဲရိုးဟာ ယခုရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံထားရပေမယ့် ပုံမှန်လေ့ကျင့်ခန်း ဆင်းနေပြီး ပွဲကစားဖို့အတွက် လုံလောက်တဲ့ကြံ့ခိုင်မှုလည်း ရရှိနေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ အင်တာမိုင်ယာမီအသင်းရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ယူနိုက်တက်နဲ့သူ့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိမှုကို အသုံးချကာ ရာသီသစ်စတင်မယ့် မတ်လမတိုင်ခင် ရိုမဲရိုးကို ခေါ်ယူဖွယ်ရှိနေပါတယ်။

ရိုမဲရိုးရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ရာ ပြည်ပကလပ်အသင်းတွေအနေနဲ့ သူ့ကိုခေါ်ယူဖို့အတွက် ဇန်နဝါရီလကစတင်ပြီး လွတ်လပ်စွာဆွေးနွေးခွင့်ရရှိထားပါတယ်။
ယူနိုက်တက်ကလည်း အသက် ၃၃နှစ်အရွယ်ရှိ ရိုမဲရိုးကို ရောင်းချလိုနေပေမယ့် တကယ်လို့ ဂိုးသမားနေရာအတွက် အင်အားတောင့်တင်းစေရေးအတွက် အလိုရှိရင်တော့ နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖွယ်ရှိပါတယ်။


ဒါပေမဲ့ သူ့ရဲ့တစ်ပတ်လုပ်ခလစာ ပေါင် ၁သိန်းက မေဂျာလိဂ်မှာ လစာကန့်သတ်မှုတွေကြောင့် အင်တာမိုင်ယာမီအတွက် အခက်တွေ့လာနိုင်ပြီး အမည်မဖော်ပြလိုတဲ့ စပိန်ကလပ်အသင်းတစ်သင်းက ရိုမဲရိုးကို ဇန်နဝါရီလအတွင်း ၆လအငှားနဲ့ ခေါ်ယူဖွယ်ရှိနေသလို ယူနိုက်တက်ကလည်း ရိုမဲရိုးကို ပြည်ပဆီ ထုတ်ရောင်းဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ရိုမဲရိုးအတွက် အဲဗာတန်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အဓိကအချက်ကတော့ ပြည်တွင်းပြိုင်ဘက်အသင်း တိုးတက်လာမှာကို မလိုလားတာကြောင့်ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စတုတၳဦးစားေပးဂိုးသမားျဖစ္ေနတဲ့ ႐ိုမဲ႐ိုးကို ေခၚယူဖုိ႔ ဘက္ခမ္းရဲ႕မိုင္ယာမီအသင္း စီစဥ္ေန

ယူႏုိက္တက္ဂႏၳ၀င္ကစားသမားႀကီး ေဒးဗစ္ဘက္ခမ္းရဲ႕ အင္တာမိုင္ယာမီအသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ ဂိုးသမား ဆာဂ်ီယို႐ိုမဲ႐ိုးကို ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ ႐ိုမဲ႐ိုးဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး အရန္ဂိုးသမားအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ဒီရာသီမွာေတာ့ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး ဒီဂီယာ၊ ဒင္းဟန္ဒါဆန္နဲ႔ အသက္ ၃၇ႏွစ္အရြယ္ရွိ လီဂရန္႔တုိ႔ရဲ႕ေနာက္ စတုတၳဦးစားေပးဂိုးသမားျဖစ္ေနလုိ႔ ပုံမွန္ပြဲထြက္ခြင့္ရေရးအတြက္ ၿပီးခဲ့တဲ့ေႏြရာသီက အသင္းကေန ထြက္ခြာဖို႔ ဆႏၵျပင္းျပခဲ့ပါတယ္။

Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ေမဂ်ာလိဂ္ကလပ္ အင္တာမိုင္ယာမီအသင္းဟာ လာမယ့္ဇန္န၀ါရီလအတြင္း ႐ိုမဲ႐ိုးကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လုိ႔ သိရၿပီး အိုးထရက္ဖုိ႔ဒ္မွာ ရင္ဆုိင္ေနရတဲ့ သူ႕ရဲ႕အိပ္မက္ဆုိးေတြကို အဆုံးသတ္ဖို႔ ျပင္ဆင္ေနပါတယ္။ ႐ိုမဲ႐ိုးဟာ ယခုရာသီ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ၀င္ အသင္းရဲ႕လူစာရင္းကေန ခ်န္လွပ္ခံထားရေပမယ့္ ပုံမွန္ေလ့က်င့္ခန္း ဆင္းေနၿပီး ပဲြကစားဖို႔အတြက္ လုံေလာက္တဲ့ႀကံ့ခုိင္မႈလည္း ရရွိေနပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ဘက္ခမ္းဟာ အင္တာမုိင္ယာမီအသင္းရဲ႕ဥကၠ႒အျဖစ္ တာ၀န္ယူထားၿပီး ယူႏုိက္တက္နဲ႔သူ႕ၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးရွိမႈကို အသုံးခ်ကာ ရာသီသစ္စတင္မယ့္ မတ္လမတုိင္ခင္ ႐ိုမဲ႐ိုးကို ေခၚယူဖြယ္ရွိေနပါတယ္။ ႐ိုမဲ႐ိုးရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၁ ဇြန္လမွာ ကုန္ဆုံးမွာျဖစ္ရာ ျပည္ပကလပ္အသင္းေတြအေနနဲ႔ သူ႕ကိုေခၚယူဖုိ႔အတြက္ ဇန္န၀ါရီလကစတင္ၿပီး လြတ္လပ္စြာေဆြးေႏြးခြင့္ရရွိထားပါတယ္။

ယူႏိုက္တက္ကလည္း အသက္ ၃၃ႏွစ္အရြယ္ရွိ ႐ိုမဲ႐ိုးကို ေရာင္းခ်လုိေနေပမယ့္ တကယ္လုိ႔ ဂုိးသမားေနရာအတြက္ အင္အားေတာင့္တင္းေစေရးအတြက္ အလုိရွိရင္ေတာ့ ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတုိးဖြယ္ရွိပါတယ္။ ဒါေပမဲ့ သူ႕ရဲ႕တစ္ပတ္လုပ္ခလစာ ေပါင္ ၁သိန္းက ေမဂ်ာလိဂ္မွာ လစာကန္႔သတ္မႈေတြေၾကာင့္ အင္တာမုိင္ယာမီအတြက္ အခက္ေတြ႕လာႏိုင္ၿပီး အမည္မေဖာ္ျပလုိတဲ့ စပိန္ကလပ္အသင္းတစ္သင္းက ႐ိုမဲ႐ိုးကို ဇန္န၀ါရီလအတြင္း ၆လအငွားနဲ႔ ေခၚယူဖြယ္ရွိေနသလို ယူႏုိက္တက္ကလည္း ႐ိုမဲ႐ိုးကို ျပည္ပဆီ ထုတ္ေရာင္းဖြယ္ရွိေနပါတယ္။

ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ႐ိုမဲ႐ိုးအတြက္ အဲဗာတန္အသင္းရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး အဓိကအခ်က္ကေတာ့ ျပည္တြင္းၿပိဳင္ဘက္အသင္း တုိးတက္လာမွာကို မလုိလားတာေၾကာင့္ျဖစ္ပါတယ္။