စနိုက်ကြော်ပြီးမှ ဂျက်ဂရဲလ်လစ်ရှ်နဲ့ဆာရှာ အကောင်းဆုံးဖြစ်လာဖို့မျှော်လင့်ပါတယ်လို့ ဆိုလာတဲ့ Towie စတားဘရော့ကက်

အင်္ဂလန်စတားဂျက်ဂရဲလ်လစ်ရှ်ဟာလူသူဝေးရာမှာ

Towie စတားတစ်ဦးနှင့်ပါတီပွဲပြုလုပ်ပြီးအချိန်ကုန်ဆုံးခဲ့ဖူးပါတယ်။

အသက်၂၁နှစ်ရှိကလိုရီဘရော့ကက်က သူမကို ဂရိကျွန်းကကမ်းခြေကလပ်တစ်ခုမှာ

သူမကိုဘယ်လိုလှုပ်ခါစေခဲ့သလဲဆိုတာဖွင့်ချလာပါတယ်။

ဘောလုံးစတားဂျက်ဂရဲလ်လစ်ရှ်ဟာသူ့သူငယ်ချင်းတွေနဲ့အတူ

ပြုလုပ်တဲ့ပါတီပွဲသို့ကလိုရီဘရော့ကက်ကိုခေါ်ဆောင်သွားခဲ့တာပါ။

ဂျက်ဂရဲလ်လစ်ရှ်ဟာယူရို၂၀၂၀အပြီးမှာငယ်ချစ်ဆာရှာအက်ဝုဒ်နှင့်

ခရိုအေးရှားသို့သွားရောက်အပန်းဖြေပြီးရက်အနည်းငယ်အကြာမှာ

ကလိုရီနှင့်ပါတီပွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

ကလိုရီက “မိုင်ကိုနို့စ်မှာဂျက်နဲ့ကျွန်မတချိန်တည်းတနေရာတည်းရောက်ခဲ့ကြတယ်။

အရင်တုန်းကဆုံလည်းမဆုံခဲ့ဖူးဘူး။စကားလည်းမပြောဖူးပါဘူး။

ယူရိုမတိုင်ခင်တုန်းကသူ့ကိုမသိပါဘူး။

ဒါပေမဲ့အင်္ဂလန်အတွက်သူကစားတာကြည့်ရတော့မှသိတယ်။

Toy Room မှာဆုံကြတယ်။သူကပဲကျွန်မဆီတန်းရောက်လာတာပါ။

ကျွန်မကို Towie ကလို့ပဲသိလို့လားမသိဘူး။သူကအရင်မိတ်ဆက်တယ်။

ပြီးတော့ကျွန်မတို့စကားပြောကြတယ်။

သူနဲ့ပတ်သက်ပြီးပထမဆုံးသတိထားမိသွားတာကတော့ခင်မင်ဖို့ကောင်းတယ်၊

စကားပြောရကောင်းတယ်၊ဆွဲဆောင်မှုရှိတယ်ဆိုတာပဲ။

ရုပ်ကလည်းဖြောင့်တယ်။ချစ်စရာကောင်းတယ်။

အရက်သောက်၊စကားပြောရင်းပျော်ခဲ့ကြတယ်။

နောက်တော့သူကသူ့ကမ်းခြေအိမ်သို့လိုက်ခဲ့ဖို့ခေါ်တယ်။

ကျွန်မလည်းသဘောတူခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာငယ်ချစ်ဆာရှာအက်ဝုဒ်နှင့်လမ်းခွဲလိုက်ပြတ်လိုက်ဖြစ်ခဲ့ပြီးနောက်

ယူရိုမတိုင်ခင်ပြန်တွဲခဲ့ကြတာဖြစ်ပါတယ်။

သူမဟာအင်္ဂလန်ရဲ့ပွဲတိုင်းလာကြည့်ကာ ဂျက်ဂရဲလ်လစ်ရှ်ကိုအားပေးခဲ့ပါတယ်။

ဒါပေမဲ့တစ်လအကြာမှာတော့ဂျက်ကမိုင်ကိုနို့စ်က

နာမည်ကျော်ကလပ်တစ်ခုဖြစ်တဲ့ Toy Room မှာပျော်ပါးနေခဲ့ပါတယ်။

ယင်းကလပ်က မိုင်ကိုနို့စ်ရဲ့သီးသန့်အဆန်ဆုံးနှင့်

အကောင်းဆုံးကလပ်ဆိုရင်လည်းမမှားပါဘူး။

ဂျက်ဟာယူရိုအပြီးမှာကိုင်လီဝေါလ်ကား၊မေဆင်မောင့်၊ဘင်ချဲလ်ဝဲလ်၊

ဒက်လန်းရိုက်စ်၊လုခ်ရှောတို့နှင့်အတူ မိုင်ကိုနို့စ်သို့သွားရောက်ခဲ့တာပါ။

ယင်းပါတီပွဲအပြီးနောက်ပိုင်းရက်များမှာတော့ဂျက်ဂရဲလ်လစ်ရှ်ဟာ

ကလိုရီကိုသူ့ရဲ့ပါတီပွဲများသို့တောက်လျှောက်ဖိတ်ကြားပါတော့တယ်။

ကလိုရီက “ဂျက်ကလူကောင်းတစ်ယောက်ပါ။

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဘောလုံးသမားတစ်ဦးလည်းဖြစ်ပါတယ်။

သူနဲ့ဆာရှာတို့အကောင်းဆုံးဖြစ်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်နာမည်ကျော်ကြားလာပြီးနောက်

ပြီးခဲ့တဲ့လများအတွင်းတွင်အီမီလီအတက်ခ်အပြင်

အခြားအမျိုးသမီးနှစ်ဦးတို့လည်းလျို့ဝှက်ချစ်ကြိုက်ခဲ့ပါသေးတယ်။

zawgyi

စႏိုက္ေၾကာ္ၿပီးမွ ဂ်က္ဂရဲလ္လစ္ရွ္နဲ႔ဆာရွာ အေကာင္းဆုံးျဖစ္လာဖို႔ေမွ်ာ္လင့္ပါတယ္လို႔ ဆိုလာတဲ့ Towie စတားဘေရာ့ကက္

အဂၤလန္စတားဂ်က္ဂရဲလ္လစ္ရွ္ဟာလူသူေဝးရာမွာ

Towie စတားတစ္ဦးႏွင့္ပါတီပြဲျပဳလုပ္ၿပီးအခ်ိန္ကုန္ဆုံးခဲ့ဖူးပါတယ္။

အသက္၂၁ႏွစ္ရွိကလိုရီဘေရာ့ကက္က သူမကို ဂရိကြၽန္းကကမ္းေျခကလပ္တစ္ခုမွာ

သူမကိုဘယ္လိုလႈပ္ခါေစခဲ့သလဲဆိုတာဖြင့္ခ်လာပါတယ္။

ေဘာလုံးစတားဂ်က္ဂရဲလ္လစ္ရွ္ဟာသူ႔သူငယ္ခ်င္းေတြနဲ႔အတူ

ျပဳလုပ္တဲ့ပါတီပြဲသို႔ကလိုရီဘေရာ့ကက္ကိုေခၚေဆာင္သြားခဲ့တာပါ။

ဂ်က္ဂရဲလ္လစ္ရွ္ဟာယူ႐ို၂၀၂၀အၿပီးမွာငယ္ခ်စ္ဆာရွာအက္ဝုဒ္ႏွင့္

ခ႐ိုေအးရွားသို႔သြားေရာက္အပန္းေျဖၿပီးရက္အနည္းငယ္အၾကာမွာ

ကလိုရီႏွင့္ပါတီပြဲက်င္းပခဲ့တာလည္းျဖစ္ပါတယ္။

ကလိုရီက “မိုင္ကိုႏို႔စ္မွာဂ်က္နဲ႔ကြၽန္မတခ်ိန္တည္းတေနရာတည္းေရာက္ခဲ့ၾကတယ္။

အရင္တုန္းကဆုံလည္းမဆုံခဲ့ဖူးဘူး။စကားလည္းမေျပာဖူးပါဘူး။

ယူ႐ိုမတိုင္ခင္တုန္းကသူ႔ကိုမသိပါဘူး။

ဒါေပမဲ့အဂၤလန္အတြက္သူကစားတာၾကည့္ရေတာ့မွသိတယ္။

Toy Room မွာဆုံၾကတယ္။သူကပဲကြၽန္မဆီတန္းေရာက္လာတာပါ။

ကြၽန္မကို Towie ကလို႔ပဲသိလို႔လားမသိဘူး။သူကအရင္မိတ္ဆက္တယ္။

ၿပီးေတာ့ကြၽန္မတို႔စကားေျပာၾကတယ္။

သူနဲ႔ပတ္သက္ၿပီးပထမဆုံးသတိထားမိသြားတာကေတာ့ခင္မင္ဖို႔ေကာင္းတယ္၊

စကားေျပာရေကာင္းတယ္၊ဆြဲေဆာင္မႈရွိတယ္ဆိုတာပဲ။

႐ုပ္ကလည္းေျဖာင့္တယ္။ခ်စ္စရာေကာင္းတယ္။

အရက္ေသာက္၊စကားေျပာရင္းေပ်ာ္ခဲ့ၾကတယ္။

ေနာက္ေတာ့သူကသူ႔ကမ္းေျခအိမ္သို႔လိုက္ခဲ့ဖို႔ေခၚတယ္။

ကြၽန္မလည္းသေဘာတူခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာငယ္ခ်စ္ဆာရွာအက္ဝုဒ္ႏွင့္လမ္းခြဲလိုက္ျပတ္လိုက္ျဖစ္ခဲ့ၿပီးေနာက္

ယူ႐ိုမတိုင္ခင္ျပန္တြဲခဲ့ၾကတာျဖစ္ပါတယ္။

သူမဟာအဂၤလန္ရဲ႕ပြဲတိုင္းလာၾကည့္ကာ ဂ်က္ဂရဲလ္လစ္ရွ္ကိုအားေပးခဲ့ပါတယ္။

ဒါေပမဲ့တစ္လအၾကာမွာေတာ့ဂ်က္ကမိုင္ကိုႏို႔စ္က

နာမည္ေက်ာ္ကလပ္တစ္ခုျဖစ္တဲ့ Toy Room မွာေပ်ာ္ပါးေနခဲ့ပါတယ္။

ယင္းကလပ္က မိုင္ကိုႏို႔စ္ရဲ႕သီးသန႔္အဆန္ဆုံးႏွင့္

အေကာင္းဆုံးကလပ္ဆိုရင္လည္းမမွားပါဘူး။

ဂ်က္ဟာယူ႐ိုအၿပီးမွာကိုင္လီေဝါလ္ကား၊ေမဆင္ေမာင့္၊ဘင္ခ်ဲလ္ဝဲလ္၊

ဒက္လန္း႐ိုက္စ္၊လုခ္ေရွာတို႔ႏွင့္အတူ မိုင္ကိုႏို႔စ္သို႔သြားေရာက္ခဲ့တာပါ။

ယင္းပါတီပြဲအၿပီးေနာက္ပိုင္းရက္မ်ားမွာေတာ့ဂ်က္ဂရဲလ္လစ္ရွ္ဟာ

ကလိုရီကိုသူ႔ရဲ႕ပါတီပြဲမ်ားသို႔ေတာက္ေလွ်ာက္ဖိတ္ၾကားပါေတာ့တယ္။

ကလိုရီက “ဂ်က္ကလူေကာင္းတစ္ေယာက္ပါ။

စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ေဘာလုံးသမားတစ္ဦးလည္းျဖစ္ပါတယ္။

သူနဲ႔ဆာရွာတို႔အေကာင္းဆုံးျဖစ္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္နာမည္ေက်ာ္ၾကားလာၿပီးေနာက္

ၿပီးခဲ့တဲ့လမ်ားအတြင္းတြင္အီမီလီအတက္ခ္အျပင္

အျခားအမ်ိဳးသမီးႏွစ္ဦးတို႔လည္းလ်ိဳ႕ဝွက္ခ်စ္ႀကိဳက္ခဲ့ပါေသးတယ္။