
ဒီကနေ့ စနေညမှာ လာလီဂါ ၄ ပွဲဆက်ကစားမှာပါ။ ဆီဗီလာ Vs အက်-တီကိုတို့ရဲ့
ထိပ်တိုက်တွေ့ပွဲလည်း ရှိနေပြီး လာလီဂါ ၄ ပွဲအနက်က
ဒီရာသီလာလီဂါအိမ်ကွင်းအကောင်းဆုံးအသင်း ဗယ်လီကာနိုကို
အတော်လေးစိတ်ကြိုက်တွေ့နေပါတယ်။
ဗယ်လီကာနို 🆚 အလာဗက်စ်
လာလီဂါအိမ်ကွင်းပွဲမရှုံးတာ ဗယ်လီကာနို၊ ရီးရဲလ်နဲ့ ဆီဗီလာတို့သာ
ကျန်ပါတော့တယ်။ ဗယ်လီကာနိုဟာ အိမ်ကွင်း ၈ ပွဲမှာ ၇ ပွဲအထိနိုင်ခဲ့ပြီး
ဆဲလ်တာဗီဂိုကိုပဲ ဝ-၀ ကစားခဲ့တာပါ။ အလာဗက်စ်က ဂီတာဖေးပြီးရင်
လာလီဂါရဲ့ တိုက်စစ်အညံ့ဆုံးပါ။ လာလီဂါအဝေးကွင်း
နောက်ဆုံး ၂၁ ပွဲမှာလည်း ၂ ပွဲသာနိုင်ခဲ့တယ်။ ဗယ်လီကာနို အောင်ဖို့များပါတယ်။
ဗယ်လီကာနို
ဆိုစီဒက် 🆚 ဗီလာရီးရဲလ်
နောက်ဆုံး ၃ ပွဲဆက်ရှံးတာအပါအဝင် လာလီဂါ ၄ ပွဲဆက်နိုင်ပွဲပျောက်ထားလို့
ဆိုစီဒက် နိုင်ပွဲလိုအပ်နေပါတယ်။ ဆိုစီဒက်ဟာ အဲ့ဒီလာလီဂါ နောက်ဆုံး ၄ ပွဲမှာလည်း
ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဗီလာရီးရဲလ်ကလည်း လာလီဂါမှာ ဂီတာဖေး၊
အက်စ်ပန်ညို၊ လီဗန်တေးတို့နဲ့အတူ အဝေးကွင်း နိုင်ပွဲ မရှိသေးပါဘူး။
နိုင်ပွဲပြန်ရှာမယ့် ဆိုစီဒက်ကို ရွေးသင့်တယ်။
ဆိုစီဒက်
ဘာစီလိုနာ 🆚 အယ်လ်ချီ
အယ်လ်ချီဆိုရင် ဘာစီလိုနာက အတော်လေးအသာရခဲ့ပြီး ပြိုင်ပွဲစုံ
နောက်ဆုံး ၇ ပွဲဆက်နိုင်ခဲ့သလို ၉ ပွဲဆက်တိုက် ဂိုးမပေးခဲ့ရဘူး။
အိမ်ကွင်းနောက်ဆုံး ၃ ပွဲဆက်တိုက်လည်း အနည်းဆုံး ၃ ဂိုးသွင်းပြီး
နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာ ဒီပိုင်းဒဏ်ရာကြောင့် မပါသလို
ဘာစီလိုနာ တိုက်စစ်မတိုးတက်သေးတာလည်း သတိပြုရမှာပါ။
အယ်လ်ချီက လာလီဂါအဝေးကွင်းမှာ ဂီတာဖေးကိုသာ ဝ-၁ နဲ့ နိုင်ခဲ့ဖူးတာပါ။
လာလီဂါအဝေးကွင်း နောက်ဆုံး ၇ ပွဲဆက်လည်း နိုင်ပွဲပျောက်နေတယ်။
အဝေးကွင်းပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၈ ပွဲဂိုးရခဲ့တဲ့ အယ်လ်ချီဟာ ဒီပွဲမှာ ဂိုးရသွားနိုင်ပါတယ်။
ကပ်ရှုံးရင်တောင် အပြည့်နီးပါးပျော်ရမယ့် အယ်လ်ချီကို ရွေးသင့်တယ်။
အယ်လ်ချီ
ဆီဗီလာ 🆚 အက်-တီကို
ဆီဗီလာက ဗယ်လီကာနို၊ ရီးရဲလ်တို့နဲ့အတူ ဒီရာသီလာလီဂါ အိမ်ကွင်း ရှုံးပွဲမရှိသေးဘူး။
ဒါပေမယ့် ဒဏ်ရာရသူတွေများနေသလို နောက်ဆုံးကစားခဲ့တဲ့ကိုပါပွဲမှာ
အသင်းငယ်လေး Andratx ကိုတောင် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ကစားခဲ့ရတာပါ။
အက်-တီကိုမှာလည်း ဂရစ်ဇ်မန်းက ဒဏ်ရာကြောင့်ပါနိုင်မှာ မဟုတ်ဘဲ
ဆွာရက်ဇ်ကတော့ ပြန်ပါလာဖို့ သေချာသလောက်ရှိပါတယ်။
ဒီ ၂ သင်းရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲသရေကျခဲ့ပြီး ၂ သင်းလုံး
ခံစစ်ကစားပုံကောင်းလို့ ဂိုးအောက်ပဲ ကြိုက်တယ်။
ဂိုးအောက်