စနေညမှာ အမှန်ခြစ်ထားရမယ့် လာလီဂါပစ်မှတ်များ ( ကိုရွှေမောင်း)
ဒီနေ့၊ စနေညမှာ လာလီဂါ ၄ ပွဲကစားမှာပါ။ ဒီည ၄ ပွဲမှာ အလာဗက်စ်၊
အယ်လ်ချီ၊ အိုဆာဆူနာ၊ အက်သလက်တီကိုတို့ ၄ ကွက်ကို ကြိုက်ပါတယ်။
“အ”နဲ့စတဲ့ တနင်္ဂနွေနာမ် ၄ ကွက်ဖြစ်နေပြီး “အောင်”ပါစေလို့လည်း မျှော်လင့်ပါတယ်။
အလာဗက်စ် Vs ဂရန်နာဒါ
အဆင့် ၁၉ နေရာက အသင်းက အဆင့် ၁၇ က ဂရန်နာဒါကို
သရေကျရင် အပြည့်နီးပါးဆုံးရှုံးမယ့် ကြေးမျိုး ပေးထားရတာဟာ ပုံမှန်မဟုတ်ပါဘူး။
အလာဗက်စ်ဟာ လာလီဂါနောက်ဆုံး ၁၆ ပွဲမှာ ၁ ပွဲတည်းနိုင်ခဲ့တာပါ။
ဂရန်နာဒါနဲ့ နောက်ဆုံး ၆ ပွဲမှာလည်း ၅ ပွဲရှုံးခဲ့ပါသေးတယ်။
ဂရန်နာဒါကလည်း တကယ်ကို သိသိသာသာ ခြေကျနေတာပါ။
လာလီဂါ နောက်ဆုံး ၁၀ ပွဲဆက်တိုက် နိုင်ပွဲ မရှိဘူး။
အတူတူနူနဲ့ အနူနူ အသင်းတွေ တွေ့ကြရာမှာ ကြေးပြင်းတယ်လို့
သတ်မှတ်နိုင်တဲ့ အလာဗက်စ်ကိုပဲ ရွေးချင်ပါတယ်။
အလာဗက်စ်
အယ်လ်ချီ Vs ဗလန်စီယာ
ဒီပွဲမှာ သိသိသာသာ ကြေးပြောင်းသွားပါတယ်။ ကနဦးတုန်းက
ဗလန်စီယာ ၂၀ ပေးခဲ့ရာက အခုတော့ အယ်လ်ချီက ၁၀ ပြားနီးပါး ပြန်ပေးနေပါပြီ။
အယ်လ်ချီ အိမ်ကွင်းတိုက်စစ်ကတော့ စိတ်ချရပါတယ်။
ဗလန္စီယာမှာ အဓိက ကစားသမားအချို့ ဒဏ်ရာရှိနေပါတယ်။
အထူးသဖြင့် ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဂျို့စ်ဂါရာ၊
ဂိုးသမား ဆီလက်ဆန်တို့ မပါနိုင်တာက ပိုပြီး သိသာနိုင်ပါတယ်။
ကြေးပြောင်းသွားတဲ့ အချက်အရ အယ်လ်ချီကိုပဲ ရွေးချယ်ရတော့မှာပါ။
အယ်လ်ချီ
အိုဆာဆူနာ Vs လီဗန်တေး
လာလီဂါအိမ်ကွင်းနောက်ဆုံး ၉ ပွဲမှာ အိုဆာဆူနာ ၃ ပွဲပဲ နိုင်ခဲ့တယ်။
အိုဆာဆူနာဟာ ဂိုးရဖို့ ခက်ခဲနေပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာတော့
ဗီလာရီးရဲလ်ကို ၁-၀ နဲ့ နိုင်ခဲ့တာပါ။ အိုဆာဆူနာနဲ့ လီဗန်တေးတို့ရဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၈ ပွဲအနက် ၇ ပွဲက ၂ ဂိုးနဲ့အောက်ထွက်ခဲ့တဲ့ပွဲတွေပါ။
လီဗန်တေးကလည်း လာလီဂါ နောက်ဆုံး ၃၆ ပွဲမှာ ၃ ပွဲတည်း နိုင်ခဲ့ဖူးတာပါ။
ဒီပွဲမှာလည်း ၃ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပေးထားတဲ့ တိုက်စစ်မှုး မီလီရို
ပွဲပယ်၊ အဓိက တိုက်စစ်မှုး မိုရာလက်စ် ဒဏ်ရာကြောင့် မသေချာဘူး။
အိုဆာဆူနာနဲ့ ဂိုးအောက်ကို တွဲရွေးချင်ပါတယ်။
အိုဆာဆူနာ / ဂိုးအောက်
ဗယ်လီကာနို Vs အက်သလက်တီကို
ဗယ်လီကာနိုမှာ ဖယ်ကာအိုအပါအဝင် ဒဏ်ရာကြောင့်
မပါနိုင်တဲ့ ကစားသမားတွေ များနေပါတယ်။
ဗယ်လီကာနိုဟာ လာလီဂါ နောက်ဆုံး ၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ၂ ဂိုးသွင်းနိုင်တဲ့
ပွဲမရှိခဲ့ဘဲ ၁ ဂိုးရဖို့တောင် ခက်ခဲနေတဲ့ အသင်းပါ။
မန်စီးတီးနဲ့ ကွာတားပွဲမတိုင်ခင် လာလီဂါမှာ တတ်နိုင်သမျှ
အက်သလက်တီကို အမှတ်ယူထားမယ် ထင်ပါတယ်။
ဗယ်လီကာနို ခံကန်မှာ ဖြစ်ပေမယ့် အက်သလက်တီကိုအတွက်
မန်ယူလောက် ကစားရမယ့် အခြေအနေ မရှိပါဘူး။
အက်သလက်တီကို ကိုပဲ ရွေးသင့်ပါတယ်။
အက်သလက်တီကို
zawgyi
အလာဗက်စ် Vs ဂရန်နာဒါ
အလာဗက်စ်
အယ်လ်ချီ Vs ဗလန်စီယာ
အယ်လ်ချီ
အိုဆာဆူနာ Vs လီဗန်တေး
အိုဆာဆူနာ / ဂိုးအောက်
အက်သလက်တီကို