
ဘော့စနီးယား 🆚 ဖင်လန်
အုပ်စု(D)မှာ ဘော့စနီးယား၊ ဖင်လန်နဲ့ ယူကရိန်း၃သင်းလုံး အုပ်စုဒုတိယနေရာ
အတွက် အပြိုင်ဖြစ်နေပါတယ်။ ၁ပွဲစီလျော့နေတဲ့ ဘော့စနီးယားနဲ့ဖင်လန်ပွဲမှာ
နိုင်တဲ့အသင်းက ယူကရိန်းကိုကျော်ပြီးအုပ်စုဒုတိယနေရာတက်လာမှာပါ။
ဘော့စနီးယားဟာ ပြင်သစ်ကိုသာ အိမ်ကွင်းမှာကပ်ရှုံးခဲ့ပေမယ့်နိုင်ပွဲထက်
သရေပွဲပိုများခဲ့တယ်။ ပြီးခဲ့တဲ့ ၂နှစ်အတွင်းကစားခဲ့တဲ့ပြိုင်ပွဲစုံ ၁၈ပွဲမှာလည်း
၂ပွဲသာနိုင်ခဲ့တာပါ။ ဖင်လန်က တိုက်စစ်အားနည်းပေမယ့် ခံစစ်မာပါတယ်။
ဖင်လန် အမှတ်ခွဲယူနိုင်မှာပါ။
ရွေးချယ်မှု – ဖင်လန်
နော်၀ေ 🆚 လတ်ဗီးယား
ဒီအုပ်စုမှာ နယ်သာလန်မြေမှာ ပွဲကျပ်ကစားရဦးမယ့် နော်ဝေအနေနဲ့
လတ်ဗီးယားကိုမဖြစ်မနေနိုင်ဖို့အရေးကြီးပါတယ်။ဟာလန်းဒဏ်ရာကြောင့်
မပါနိုင်ပေမယ့် ဆော်လော့၊ဂျိုရှူအာကင်းတို့နဲ့ နော်ဝေမှာဂိုးသွင်းနိုင်သူတွေရှိနေ
ဆဲပါ။ လတ်ဗီးယားက နောက်ပိုင်းပွဲတွေမှာ ခံစစ်တိုးတက်လာပေမယ့်
အနိုင်ရလိုစိတ်အပြည့်နဲ့ကစားလာမယ့် နော်ဝေတိုက်စစ်ကို တောင့်ခံနိုင်မှာမဟုတ်ဘူး။
နော်ဝေအနိုင် ၂ဂိုးနဲ့အထက်ရှိမှာပါ။
ရွေးချယ်မှု – နော်ဝေ
တူရကီ 🆚 ဂျီဘရော်တာ
နယ်သာလန်နဲ့ ၄မှတ်၊ နော်ဝေနဲ့ ၂မှတ်ကွာနေပေမယ့် တူရကီလည်း မျှော်လင့်ချက်
ရှိနေဆဲပါ။ အုပ်စုနောက်ဆုံးပွဲမှာ နယ်သာလန်နဲ့နော်ဝေထိပ်တိုက်တွေ့ရမှာမို့
လက်ကျန် ၂ပွဲမှာ ဂျီဘရော်တာ၊ မွန်တီနီဂရိုးတို့နဲ့သာကစားရမယ့်တူရကီအတွက်
အခွင့်အရေးအများကြီးရှိပါတယ်။ ဂျီဘရော်တာက ပွဲတိုင်းရှုံးထားသလို
တစ်ပွဲပျမ်းမျှ ၄.၂၅ ဂိုးတောင်ပေးထားရတာပါ။ ၅ဂိုးပြတ်မှ တစ်ဝက်လောက်သာ
ရမှာဖြစ်ပေမယ့် တူရကီရွေးရုံကလွဲရင် အခြားမရှိပါဘူး။
ရွေးချယ်မှု – တူရကီ
ဘယ်လ်ဂျီယံ 🆚 အက်စ်တိုးနီးယား
ချက်နဲ့ ဝေလကို ၅မှတ်စီဖြတ်ထားတာမို့ ဘယ်လ်ဂျီယံ အုပ်စုဗိုလ်ဖြစ်ဖို့
လက်တစ်ကမ်းသာလိုတော့ပါတယ်။ လက်ကျန် ၂ပွဲမှာ ၁မှတ်ရရံနဲ့ ခြေစစ်ပွဲ
အောင်မှာမို့ အရန်အချို့ကိုတောင်ပွဲထုတ်လာနိုငတယ်။ လူကာကူမပါတဲ့
တိုက်စစ်ကလည်း ဆားမပါတဲ့ဟင်းလို ဖြစ်လာမှာပါ။ အက်စ်တိုးနီးယားက
နောက်ဆုံး ၄ပွဲမှာ ၂ဂိုးသာပေးခဲ့ရသလို ဖင်လန်နဲ့ဝေလမြေမှာလည်း ပေးဂိုးမရှိ
ကစားနိုင်ခဲ့တယ်။ ဂိုးအောက် စွန့်စားရွေးသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ပြင်သစ် 🆚 ကာဇက်စတန်
နေးရှင်းလိဂ်မှာ ဘယ်လ်ဂျီယံနဲ့ စပိန်ကိုအနိုင်ယူဗိုလ်စွဲခဲ့တာမို့ ပြင်သစ်တစ်သင်းလုံး
တက်ကြွနေမှာပါ။ ယူကရိန်းကို တစ်ပွဲလျော့ ၃မှတ်ဖြတ်ထားတာမို့ ဒီပွဲနိုင်တာနဲ့
ကာတာသွားခွင့်လက်မှတ်ရပါပြီ။ ပြင်သစ်တိုက်စစ်ကလည်း အမ်ဘာပီ၊ ဂရစ်ဇ်မန်း၊
ဘန်ဇီးမား၊ ဘင်ယက်ဒါတို့နဲ့ လူစုံတက်စုံပါပဲ။ ကာဇက်စတန်ကလည်း တိုက်စစ်
အသွေးအသားရှိတဲ့အသင်းဖြစ်ပြီး ဘော့စနီးယားနဲ့ ဖင်လန်ကို ၂ဂိုးစီသွင်းနိုင်ခဲ့တယ်။
ပြင်သစ် ၃-၈၅/၄+၅၀ဖွင့်လှစ်ထားတာမို့ အပေါ်စုံကြိုက်တယ်။
ရွေးချယ်မှု – ပြင်သစ်/ဂိုးအပေါ်
မွန်တီနီဂရိုး 🆚 နယ်သာလန်
နော်ဝေကို ၂မှတ်သာဖြတ်ထားနိုင်တာမို့ နယ်သာလန် ပေါ့ဆလို့မရပါဘူး။
အုပ်စုနောက်ဆုံးပွဲမှာလည်း နော်ဝေနဲ့ကစားရဦးမှာမို့ မွန်တီနီဂရိုးကိုမဖြစ်
မနေနိုင်ဖို့လိုပါတယ်။ တစ်ကျော့ပြန်နည်းပြကြီး ဗန်ဂါးလ်လက်ထက်
အိမ်ကွင်း ၃ပွဲမှာ ၁၆ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဝေးကွင်း ၂ပွဲမှာတော့
ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး ၁ဂိုးစီသာသွင်းနိုင်ခဲ့တယ်။ မွန်တီနီဂရိုးပိတ်ကစားမှာမို့
ဂိုးအောက်နဲ့စွန့်စားသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ဝေလ 🆚 ဘီလာရုစ်
ဝေလက နေးရှင်းလိဂ်အုပ်စုဗိုလ်အဖြစ်နဲ့ ပလေးအော့ဖ်ကစားခွင့်ရထားပါပြီ။
ဒါပေမဲ့ အိမ်ကွင်းကစားခွင့်ရဖို့ အုပ်စု(E)မှာ ဒုတိယချိတ်ဖို့လိုပါတယ်။
ဒဏ်ရာပြန်ကောင်းလာတဲ့ ကပ္ပတိန်ဂါရတ်ဘေးလ်ကလည်း လက်ရွေးစင်ရာပြည့်ပွဲမှာ
အမှတ်တရဂိုးသွင်းနိုင်ဖို့ကြိုးစားမှာပါ။ ဘီလာရုစ်ကတော့ ကွင်းမရွေး ၇ပွဲဆက်ရှုံးခဲ့ရာမှာ
၃ဂိုးသာသွင်းနိုင်ခဲ့တယ်။ဘေးလ်အပြင် ရမ်ဆေး၊ ဒန်နီရယ်ဂျိမ်းစ်၊ ကီဖာမိုးတို့ပါရှိနေတဲ့
ဝေလ အနိမ့်ဆုံး ၂ဂိုးပြတ်နိုင်မှာပါ။
ရွေးချယ်မှု – ဝေလ
Zawgyi
စေနညရဲ႕ ဥေရာပဇုန္ေျခစစ္ပြဲမ်ား ေျခေန (ေကာင္းပိုင္)
ေဘာ့စနီးယား 🆚 ဖင္လန္
အုပ္စု(D)မွာ ေဘာ့စနီးယား၊ ဖင္လန္နဲ႔ ယူကရိန္း၃သင္းလုံး အုပ္စုဒုတိယေနရာ
အတြက္ အၿပိဳင္ျဖစ္ေနပါတယ္။ ၁ပြဲစီေလ်ာ့ေနတဲ့ ေဘာ့စနီးယားနဲ႔ဖင္လန္ပြဲမွာ
ႏိုင္တဲ့အသင္းက ယူကရိန္းကိုေက်ာ္ၿပီးအုပ္စုဒုတိယေနရာတက္လာမွာပါ။
ေဘာ့စနီးယားဟာ ျပင္သစ္ကိုသာ အိမ္ကြင္းမွာကပ္ရႈံးခဲ့ေပမယ့္ႏိုင္ပြဲထက္
သေရပြဲပိုမ်ားခဲ့တယ္။ ၿပီးခဲ့တဲ့ ၂ႏွစ္အတြင္းကစားခဲ့တဲ့ၿပိဳင္ပြဲစုံ ၁၈ပြဲမွာလည္း
၂ပြဲသာႏိုင္ခဲ့တာပါ။ ဖင္လန္က တိုက္စစ္အားနည္းေပမယ့္ ခံစစ္မာပါတယ္။
ဖင္လန္ အမွတ္ခြဲယူႏိုင္မွာပါ။
ေ႐ြးခ်ယ္မႈ – ဖင္လန္
ေနာ္၀ေ 🆚 လတ္ဗီးယား
ဒီအုပ္စုမွာ နယ္သာလန္၊ ေနာ္ေဝနဲ႔ တူရကီ ၃သင္းအုပ္စုဗိုလ္ေနရာအတြက္
အၿပိဳင္ျဖစ္ေနတာပါ။ နယ္သာလန္ေျမမွာ ပြဲက်ပ္ကစားရဦးမယ့္ ေနာ္ေဝအေနနဲ႔
လတ္ဗီးယားကိုမျဖစ္မေနႏိုင္ဖို႔အေရးႀကီးပါတယ္။ဟာလန္းဒဏ္ရာေၾကာင့္
မပါႏိုင္ေပမယ့္ ေဆာ္ေလာ့၊ဂ်ိဳရႉအာကင္းတို႔နဲ႔ ေနာ္ေဝမွာဂိုးသြင္းႏိုင္သူေတြရွိေန
ဆဲပါ။ လတ္ဗီးယားက ေနာက္ပိုင္းပြဲေတြမွာ ခံစစ္တိုးတက္လာေပမယ့္
အႏိုင္ရလိုစိတ္အျပည့္နဲ႔ကစားလာမယ့္ ေနာ္ေဝတိုက္စစ္ကို ေတာင့္ခံႏိုင္မွာမဟုတ္ဘူး။
ေနာ္ေဝအႏိုင္ ၂ဂိုးနဲ႔အထက္ရွိမွာပါ။
ေ႐ြးခ်ယ္မႈ – ေနာ္ေဝ
တူရကီ 🆚 ဂ်ီဘေရာ္တာ
နယ္သာလန္နဲ႔ ၄မွတ္၊ ေနာ္ေဝနဲ႔ ၂မွတ္ကြာေနေပမယ့္ တူရကီလည္း ေမွ်ာ္လင့္ခ်က္
ရွိေနဆဲပါ။ အုပ္စုေနာက္ဆုံးပြဲမွာ နယ္သာလန္နဲ႔ေနာ္ေဝထိပ္တိုက္ေတြ႕ရမွာမို႔
လက္က်န္ ၂ပြဲမွာ ဂ်ီဘေရာ္တာ၊ မြန္တီနီဂ႐ိုးတို႔နဲ႔သာကစားရမယ့္တူရကီအတြက္
အခြင့္အေရးအမ်ားႀကီးရွိပါတယ္။ ဂ်ီဘေရာ္တာက ပြဲတိုင္းရႈံးထားသလို
တစ္ပြဲပ်မ္းမွ် ၄.၂၅ ဂိုးေတာင္ေပးထားရတာပါ။ ၅ဂိုးျပတ္မွ တစ္ဝက္ေလာက္သာ
ရမွာျဖစ္ေပမယ့္ တူရကီေ႐ြး႐ုံကလြဲရင္ အျခားမရွိပါဘူး။
ေ႐ြးခ်ယ္မႈ – တူရကီ
ဘယ္လ္ဂ်ီယံ 🆚 အက္စ္တိုးနီးယား
ခ်က္နဲ႔ ေဝလကို ၅မွတ္စီျဖတ္ထားတာမို႔ ဘယ္လ္ဂ်ီယံ အုပ္စုဗိုလ္ျဖစ္ဖို႔
လက္တစ္ကမ္းသာလိုေတာ့ပါတယ္။ လက္က်န္ ၂ပြဲမွာ ၁မွတ္ရရံနဲ႔ ေျခစစ္ပြဲ
ေအာင္မွာမို႔ အရန္အခ်ိဳ႕ကိုေတာင္ပြဲထုတ္လာႏိုငတယ္။ လူကာကူမပါတဲ့
တိုက္စစ္ကလည္း ဆားမပါတဲ့ဟင္းလို ျဖစ္လာမွာပါ။ အက္စ္တိုးနီးယားက
ေနာက္ဆုံး ၄ပြဲမွာ ၂ဂိုးသာေပးခဲ့ရသလို ဖင္လန္နဲ႔ေဝလေျမမွာလည္း ေပးဂိုးမရွိ
ကစားႏိုင္ခဲ့တယ္။ ဂိုးေအာက္ စြန႔္စားေ႐ြးသင့္တယ္။
ေ႐ြးခ်ယ္မႈ – ဂိုးေအာက္
ျပင္သစ္ 🆚 ကာဇက္စတန္
ေနးရွင္းလိဂ္မွာ ဘယ္လ္ဂ်ီယံနဲ႔ စပိန္ကိုအႏိုင္ယူဗိုလ္စြဲခဲ့တာမို႔ ျပင္သစ္တစ္သင္းလုံး
တက္ႂကြေနမွာပါ။ ယူကရိန္းကို တစ္ပြဲေလ်ာ့ ၃မွတ္ျဖတ္ထားတာမို႔ ဒီပြဲႏိုင္တာနဲ႔
ကာတာသြားခြင့္လက္မွတ္ရပါၿပီ။ ျပင္သစ္တိုက္စစ္ကလည္း အမ္ဘာပီ၊ ဂရစ္ဇ္မန္း၊
ဘန္ဇီးမား၊ ဘင္ယက္ဒါတို႔နဲ႔ လူစုံတက္စုံပါပဲ။ ကာဇက္စတန္ကလည္း တိုက္စစ္
အေသြးအသားရွိတဲ့အသင္းျဖစ္ၿပီး ေဘာ့စနီးယားနဲ႔ ဖင္လန္ကို ၂ဂိုးစီသြင္းႏိုင္ခဲ့တယ္။
ျပင္သစ္ ၃-၈၅/၄+၅၀ဖြင့္လွစ္ထားတာမို႔ အေပၚစုံႀကိဳက္တယ္။
ေ႐ြးခ်ယ္မႈ – ျပင္သစ္/ဂိုးအေပၚ
မြန္တီနီဂ႐ိုး 🆚 နယ္သာလန္
ေနာ္ေဝကို ၂မွတ္သာျဖတ္ထားႏိုင္တာမို႔ နယ္သာလန္ ေပါ့ဆလို႔မရပါဘူး။
အုပ္စုေနာက္ဆုံးပြဲမွာလည္း ေနာ္ေဝနဲ႔ကစားရဦးမွာမို႔ မြန္တီနီဂ႐ိုးကိုမျဖစ္
မေနႏိုင္ဖို႔လိုပါတယ္။ တစ္ေက်ာ့ျပန္နည္းျပႀကီး ဗန္ဂါးလ္လက္ထက္
အိမ္ကြင္း ၃ပြဲမွာ ၁၆ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ အေဝးကြင္း ၂ပြဲမွာေတာ့
ဂိုးရဖို႔႐ုန္းကန္ခဲ့ရၿပီး ၁ဂိုးစီသာသြင္းႏိုင္ခဲ့တယ္။ မြန္တီနီဂ႐ိုးပိတ္ကစားမွာမို႔
ဂိုးေအာက္နဲ႔စြန႔္စားသင့္တယ္။
ေ႐ြးခ်ယ္မႈ – ဂိုးေအာက္
ေဝလ 🆚 ဘီလာ႐ုစ္
ေဝလက ေနးရွင္းလိဂ္အုပ္စုဗိုလ္အျဖစ္နဲ႔ ပေလးေအာ့ဖ္ကစားခြင့္ရထားပါၿပီ။
ဒါေပမဲ့ အိမ္ကြင္းကစားခြင့္ရဖို႔ အုပ္စု(E)မွာ ဒုတိယခ်ိတ္ဖို႔လိုပါတယ္။
ဒဏ္ရာျပန္ေကာင္းလာတဲ့ ကပၸတိန္ဂါရတ္ေဘးလ္ကလည္း လက္ေ႐ြးစင္ရာျပည့္ပြဲမွာ
အမွတ္တရဂိုးသြင္းႏိုင္ဖို႔ႀကိဳးစားမွာပါ။ ဘီလာ႐ုစ္ကေတာ့ ကြင္းမေ႐ြး ၇ပြဲဆက္ရႈံးခဲ့ရာမွာ
၃ဂိုးသာသြင္းႏိုင္ခဲ့တယ္။ေဘးလ္အျပင္ ရမ္ေဆး၊ ဒန္နီရယ္ဂ်ိမ္းစ္၊ ကီဖာမိုးတို႔ပါရွိေနတဲ့
ေဝလ အနိမ့္ဆုံး ၂ဂိုးျပတ္ႏိုင္မွာပါ။
ေ႐ြးခ်ယ္မႈ – ေဝလ