စနေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း (Super Zay)
ဘိုင်ယန်မြူးနစ် vs ဖရိုင်းဘတ်
ဘိုင်ယန်ဆိုတာနဲ့ ဘယ်ပြိုင်ဘက်ကိုမဆို မညှာမတာ ဂိုးပြတ်သွင်းနေတဲ့အသင်း
လို့ပဲ မြင်ကြမှာပါ။ ဒီရာသီမှာလည်း ဘိုင်ယန်ဟာ အိမ်ကွင်းပွဲတိုင်းနီးပါး
ဂိုးပြတ်နိုင်ထားပါတယ်။ ဒါပေမဲ့ သူတို့အခုဧည့်ခံရမယ့်ဖရိုင်းဘတ်ဟာ
အခုရာသီဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းဖြစ်သလို
ပေးဂိုးအနည်းဆုံးအသင်းလည်းဖြစ်နေပါတယ်။ ၂-၅၀ ဖွင့်လှစ်မှုမှာ ဂိုးပြတ်
မရှုံးနိုင်တဲ့ဧည့်သည်နဲ့ စွန့်စားကြရအောင်။
စတုဂတ် vs ဘီလီဖီးလ်
ကိုဗစ်၊ ဒဏ်ရာတွေနဲ့ တစ်သင်းစာလောက်နီးပါး မပါဝင်နိုင်တဲ့ စတုဂတ်ဟာ
တောက်လျှောက်နိုင်ပွဲပျောက်နေသလို ဂိုးသွင်းအားလည်း မရှိဖြစ်နေပါတယ်။
တန်းဆင်းဇုန်ထဲက ဘီလီဖီးလ်က အခြေအနေပိုဆိုးပြီး ဂိုးသွင်းနိုင်ရင်တောင်
တစ်ဂိုးထက်ပိုမသွင်းနိုင်တဲ့အသင်းပါ။ ဂိုးပေါင်းဈေးမနိမ့်ပေမယ့် နှစ်သင်းစလုံးရဲ့
လက်ရှိခြေစွမ်းအရ ဂိုးအောက်ဝင်ဖို့များတယ်။
ဘိုချမ် vs ဟော်ဖန်ဟိမ်း
တန်းတက်ဘိုချမ်ဟာ နောက်ဆုံးအိမ်ကွင်းပွဲမှာ ဖရန့်ဖတ်ကိုအနိုင်ရထားတယ်။
ဒီရာသီအိမ်ကွင်း ၄ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ပွဲသာရှုံးထားကာ အိမ်ကွင်းရုန်းအားရှိပါတယ်။
ဟောဖန်ဟိမ်းက အိမ်ကွင်းသာနိုင်ပွဲဆက်နေပေမယ့် အဝေးကွင်းရှုံးပွဲဆက်နေတဲ့
အသင်းပါ။ နောက်ဆုံးဘွန်ဒက်စ်လီဂါအဝေးကွင်း ၁၃ ပွဲမှာလည်း ၁၂ ပွဲမနိုင်ခဲ့ပါဘူး။
=၉၀ နဲ့အကျောပေးမှုလည်း နိမ့်လို့ မရှုံးနိုင်တဲ့အိမ်ရှင်အရိပ်ခိုလှုံချင်တယ်။
ဝုဖ်ဘတ် vs အော့စ်ဘတ်
ဝုဖ်ဘတ်ဟာ နည်းပြအပြောင်းအလဲလုပ်ပြီးမှ နိုင်ပွဲဆက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က
လေဗာကူဆင်ကိုနိုင်ခဲ့ပြီး ကြားရက်ချန်ပီယံလိဂ်မှာ ဆဲလ်ဘတ်ကိုပါနိုင်ခဲ့တာပါ။
တန်းဆင်းဇုန်ထဲက အော့စ်ဘတ်ကတော့ ဒီရာသီအဝေးကွင်းညံ့ပြီး အဝေးကွင်း
နောက်ဆုံး ၃ ပွဲဆက်ရှုံးထားတာပါ။ ဒါကြောင့် အိမ်ကွင်းမှာ ဝုဖ်ဘတ် ဂိုးပြတ်၊
မပြတ်ကိုသာ ကြည့်ရမှာပါ။
လစ်ပ်ဇစ် vs ဒေါ့မန်
နှစ်သင်းစလုံးက ကြားရက်ချန်ပီယံလိဂ်မှာ မနိုင်ခဲ့ကြပေမယ့် လစ်ပ်ဇစ်က
ပီအက်စ်ဂျီလိုအသင်းမျိုးကို သရေကစားနိုင်ခဲ့ပြီး ဒေါ့မန်ကတော့ အိမ်ကွင်းမှာတင်
အေဂျက်ကိုရှုံ့းခဲ့တာပါ။ ဟာလန်းမပါနိုင်တာဟာ တော်ရုံတန်ရုံပွဲတွေမှာ မသိသာ
ပေမယ့် ပွဲကြီးတွေမှာဆိုရင် သိသာလှပါတယ်။ လစ်ပ်ဇစ်က ဒီရာသီ အိမ်ကွင်း
ဂိုးမြူးနေတဲ့အသင်းလည်းဖြစ်လို့ အမှတ်ဗလာနဲ့ပြန်သွားရနိုင်တဲ့ဒေါ့မန်ကို
ငြင်းပယ်ရမယ့်ပွဲပါ။
Zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ  စနေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း (Super Zay)
စတုဂတ် vs ဘီလီဖီးလ်
ဝုဖ်ဘတ် vs အော့စ်ဘတ်
လစ်ပ်ဇစ် vs ဒေါ့မန်
ငြင်းပယ်ရမယ့်ပွဲပါ။