
မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ဒဏ်ရာ ပြဿနာကြောင့် လာမယ့်
စနေနေ့မှာ ကစားမယ့် လက်စတာအသင်းနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့သိရပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ
ဒဏ်ရာရခဲ့တာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတာပါ။
အဆိုပါ ဒဏ်ရာကြောင့် မက်ဂွိုင်းယားဟာ ဗီလာရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၊
အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ
ကစားမယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရတာပါ။
လက်ရှိမှာတော့ မက်ဂွိုင်းယားဟာ ကာရင်တန်မှာ အသေးစား လေ့ကျင့်ခန်းတွေ
ပြန်လည် လုပ်ဆောင်နေပြီဖြစ်ပေမယ့် ပြင်းထန်တဲ့ အသင်းလိုက် လေ့ကျင့်ခန်း
အစီအစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိသေးတာကြောင့် စနေနေ့ညမှာ ကစားမယ့်
လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ကို လွဲချော်နိုင်ဖွယ်လည်းရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ခံလူ ဗာရန်းဟာလည်း နိုင်ငံတကာပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာကြောင့်
ဒီနေ့မှာ ဆေးစစ်ဖို့ ရှိနေပြီး ဒဏ်ရာအခြေအနေကြောင့် စနေနေ့ပွဲကို မကစားနိုင်တာမျိုး
ဖြစ်လာပါက အဓိက ခံစစ်ကစားသမား နှစ်ဦး မပါဝင်ဘဲ အဝေးကွင်းသွားရောက်
ယှဉ်ပြိုင်ရမယ့် နည်းပြ ဆိုးလ်ရှားအတွက်တော့ ခေါင်းခဲစရာအနေထားတစ်ခုဖြစ်လာမှာ
သေချာနေပါတယ်။
zawgyi
စေနေန႔ညမွာ ကစားမယ့္ လက္စတာအသင္းနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ႏိုင္ဖြယ္လည္းရွိေနတဲ့ မက္ဂြိဳင္းယား
မန္ယူအသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ ဒဏ္ရာ ျပႆနာေၾကာင့္ လာမယ့္
စေနေန႔မွာ ကစားမယ့္ လက္စတာအသင္းနဲ႔ ပြဲမွာ ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔သိရပါတယ္။
မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ အက္စတြန္ဗီလာအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ
ဒဏ္ရာရခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရတာပါ။
အဆိုပါ ဒဏ္ရာေၾကာင့္ မက္ဂြိဳင္းယားဟာ ဗီလာရီးရဲလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၊
အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲ
ကစားမယ့္ အဂၤလန္အသင္းရဲ႕ လူစာရင္းကေနလည္း ခ်န္လွပ္ခံခဲ့ရတာပါ။
လက္ရွိမွာေတာ့ မက္ဂြိဳင္းယားဟာ ကာရင္တန္မွာ အေသးစား ေလ့က်င့္ခန္းေတြ
ျပန္လည္ လုပ္ေဆာင္ေနၿပီျဖစ္ေပမယ့္ ျပင္းထန္တဲ့ အသင္းလိုက္ ေလ့က်င့္ခန္း
အစီအစဥ္ေတြမွာ ပါဝင္ႏိုင္ျခင္းမရွိေသးတာေၾကာင့္ စေနေန႔ညမွာ ကစားမယ့္
လက္စတာအသင္းနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ႏိုင္ဖြယ္လည္းရွိေနတာျဖစ္ပါတယ္။
ဒါ့အျပင္ ေနာက္ခံလူ ဗာရန္းဟာလည္း ႏိုင္ငံတကာပြဲစဥ္မွာ ဒဏ္ရာရသြားခဲ့တာေၾကာင့္
ဒီေန႔မွာ ေဆးစစ္ဖို႔ ရွိေနၿပီး ဒဏ္ရာအေျခအေနေၾကာင့္ စေနေန႔ပြဲကို မကစားႏိုင္တာမ်ိဳး
ျဖစ္လာပါက အဓိက ခံစစ္ကစားသမား ႏွစ္ဦး မပါဝင္ဘဲ အေဝးကြင္းသြားေရာက္
ယွဥ္ၿပိဳင္ရမယ့္ နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ ေခါင္းခဲစရာအေနထားတစ္ခုျဖစ္လာမွာ
ေသခ်ာေနပါတယ္။