စနေနေ့မှာ ကစားမယ့်ပွဲစဉ်အတွက် အပြင်းအထန် ကြိုးစားပြင်ဆင်နေတဲ့ ရော်နာလ်ဒို

မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရော်နာလ်ဒိုကတော့ လတ်တလော အသင်းရဲ့

ရလဒ်ပိုင်းဆိုးရွားနေမှုကို အားမလို အားမရဖြစ်နေပြီး စနေနေ့မှာ ကစားမယ့်

ပွဲစဉ်အတွက် အပြင်းအထန် ကြိုးစားပြင်ဆင်နေပါတယ်။

မန်ယူအသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ကို ကစားဖို့ရှိနေပြီး

နည်းပြဆိုးလ်ရှားရဲ့ ထိုင်ခုံမြဲဖို့အတွက်ရော ကစားသမားတွေရဲ့ ကျဆင်းနေတဲ့

ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ အတွက်ပါ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။

ရော်နာလ်ဒိုကတော့ စပါးအသင်းနဲ့ ပွဲမတိုင်မီ အသင်းနဲ့ လေ့ကျင့်ခန်း

အစီအစဉ်တွေမှာလည်း အပြင်းအထန် ကြိုးစားနေသလို gym မှာလည်း

တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေကို အားစိုက်လုပ်ဆောင်နေပါတယ်။

” အပြင်းအထန်ကြိုးစားခြင်းကသာ အောင်မြင်မှုဆီကို ရောက်အောင်သွားနိုင်မယ့်

လမ်းကြောင်းဖြစ်တယ်။ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ အလွယ်လမ်းလိုက်လို့

မရဘူး။ အနာခံမှ အသာစံရမယ်” လို့ ရော်နာလ်ဒိုက ၎င်းရဲ့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

ရော်နာလ်ဒိုဟာ လီဗာပူးလ်နဲ့ ပွဲအပြီး နည်းပြဆိုးလ်ရှား အပေါ်

ယုံကြည်မှု လျော့ကျလာတဲ့ ကစားဖော်တွေကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပြီး

နည်းပြကို နောက်ဆုံးအချိန်အထိ ယုံကြည်မှုထားကာ တိုက်ပွဲဝင်ကြဖို့

တိုက်တွန်းထားတယ်လို့ သိရပါတယ်။

zawgyi

စေနေန႔မွာ ကစားမယ့္ပြဲစဥ္အတြက္ အျပင္းအထန္ ႀကိဳးစားျပင္ဆင္ေနတဲ့ ေရာ္နာလ္ဒို

မန္ယူအသင္းရဲ႕ တိုက္စစ္မႉး ေရာ္နာလ္ဒိုကေတာ့ လတ္တေလာ အသင္းရဲ႕

ရလဒ္ပိုင္းဆိုး႐ြားေနမႈကို အားမလို အားမရျဖစ္ေနၿပီး စေနေန႔မွာ ကစားမယ့္

ပြဲစဥ္အတြက္ အျပင္းအထန္ ႀကိဳးစားျပင္ဆင္ေနပါတယ္။

မန္ယူအသင္းဟာ စေနေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၀) ကို ကစားဖို႔ရွိေနၿပီး

နည္းျပဆိုးလ္ရွားရဲ႕ ထိုင္ခုံၿမဲဖို႔အတြက္ေရာ ကစားသမားေတြရဲ႕ က်ဆင္းေနတဲ့

ဂုဏ္သိကၡာကို အဖတ္ဆယ္ဖို႔ အတြက္ပါ ဒီပြဲကို မျဖစ္မေန အႏိုင္ရဖို႔ လိုအပ္ေနပါတယ္။

ေရာ္နာလ္ဒိုကေတာ့ စပါးအသင္းနဲ႔ ပြဲမတိုင္မီ အသင္းနဲ႔ ေလ့က်င့္ခန္း

အစီအစဥ္ေတြမွာလည္း အျပင္းအထန္ ႀကိဳးစားေနသလို gym မွာလည္း

တစ္ကိုယ္ေတာ္ ေလ့က်င့္ခန္းေတြကို အားစိုက္လုပ္ေဆာင္ေနပါတယ္။

” အျပင္းအထန္ႀကိဳးစားျခင္းကသာ ေအာင္ျမင္မႈဆီကို ေရာက္ေအာင္သြားႏိုင္မယ့္

လမ္းေၾကာင္းျဖစ္တယ္။ ေအာင္ျမင္မႈပန္းတိုင္ကို ေရာက္ဖို႔ အလြယ္လမ္းလိုက္လို႔

မရဘူး။ အနာခံမွ အသာစံရမယ္” လို႔ ေရာ္နာလ္ဒိုက ၎ရဲ႕ အင္စတာဂရမ္မွာ

ေရးသားထားပါတယ္။ ေရာ္နာလ္ဒိုဟာ လီဗာပူးလ္နဲ႔ ပြဲအၿပီး နည္းျပဆိုးလ္ရွား အေပၚ

ယုံၾကည္မႈ ေလ်ာ့က်လာတဲ့ ကစားေဖာ္ေတြကို စိတ္ဓာတ္ျမႇင့္တင္ေပးခဲ့ၿပီး

နည္းျပကို ေနာက္ဆုံးအခ်ိန္အထိ ယုံၾကည္မႈထားကာ တိုက္ပြဲဝင္ၾကဖို႔

တိုက္တြန္းထားတယ္လို႔ သိရပါတယ္။