
စပါးစ်အသင်းတွင်ကိုဗစ်ပျံ့နှံ့ကူးစက်မှုနှင့်ရင်ဆိုင်နေရကြောင်းသိရပါတယ်။
စပါးစ်အသင်းမှကစားသမားများ၊နည်းပြအဖွဲ့ဝင်များဟာ
တနင်္လာနေ့တုန်းကကိုဗစ်စစ်ဆေးမှုပြုလုပ်စဉ်ကိုဗစ်ကူးစက်မှု
များစွာရှိနေကြောင်းတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။
Football London ရဲ့ဖော်ပြချက်အရစပါးစ်အသင်းဟာ
ယင်းသို့ကိုဗစ်ပြန့်နှံ့ကူးစက်မှုများရှိနေမှုနဲ့အတူပွဲအချို့ကိုရွှေ့ဆိုင်းရတဲ့
အနေအထားမျိုးမှာလည်းရှိနေကြောင်းသိရပါတယ်။
စပါးစ်ဟာလာမယ့်ကြာသပတေးနေ့မှာယူရိုပါကွန်ဖရင့်လိဂ်
အုပ်စုအဆင့်မှတက်ရေးအဆုံးအဖြတ်ပွဲအဖြစ်ရန်းနက်စ်နှင့်ရင်ဆိုင်ရပါမယ်။
၎င်းတို့ဟာယင်းပွဲအပြီးတနင်္ဂနွေနေ့မှာ Amex သို့သွားရောက်ကာ
ဘရိုက်တန်ကိုအဝေးကွင်းပွဲရင်ဆိုင်ကစားရပါမယ်။
စပါးစ်နည်းပြကွန်တီဟာအသင်းအတွင်းကိုဗစ်ကူးစက်မှုများရှိနေမှုနှင့်အတူ
လေ့ကျင့်ရေးအစီအစဉ်များကိုဖျက်သိမ်းရပါမယ်။စပါးစ်ဟာယနေ့တွင်
ကိုဗစ်စစ်ဆေးမှုထပ်မံခံယူရဦးမှာဖြစ်ပြီးအကယ်၍ ထပ်မံတွေ့ရှိလာပါက
လာမယ့်စပါးစ်ရဲ့ပွဲစဉ်များကိုထိခိုက်လာဖို့သေချာနေပါတယ်။
စပါးစ်ဟာယခုရာသီအစောပိုင်းတုန်းကကိုဗစ်ကူးစက်မှုနှစ်ကြိမ်
ကြုံခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။ဒါပေမယ့်ယင်းကူးစက်ခံနှစ်ဦးကို
ထပ်မံစစ်ဆေးရာမတွေ့ရမှုကြောင့်စစ်ဆေးမှုအမှားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
ယူရိုပါကွန်ဖရင့်လိဂ်စည်းမျဉ်းတွင်ပွဲကစားရန်ကစားသမား၁၃ဦးရှိပါက
ပွဲကစားရမယ်လို့ပါဝင်ပါတယ်။ဒါကြောင့်စပါးစ်ဟာ
ရန်းနက်စ်ပွဲကိုတော့ကစားရဖို့ရှိပါတယ်။
zawgyi
စပါးကို ကိုျမင့္ႏိုင္ႀကီး ၀င္ေရာက္ေႏွာက္ယွက္ေန
စပါးစ္အသင္းတြင္ကိုဗစ္ပ်ံ႕ႏွံ႔ကူးစက္မႈႏွင့္ရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။
စပါးစ္အသင္းမွကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ားဟာ
တနလၤာေန႔တုန္းကကိုဗစ္စစ္ေဆးမႈျပဳလုပ္စဥ္ကိုဗစ္ကူးစက္မႈ
မ်ားစြာရွိေနေၾကာင္းေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။
Football London ရဲ႕ေဖာ္ျပခ်က္အရစပါးစ္အသင္းဟာ
ယင္းသို႔ကိုဗစ္ျပန႔္ႏွံ႔ကူးစက္မႈမ်ားရွိေနမႈနဲ႔အတူပြဲအခ်ိဳ႕ကိုေ႐ႊ႕ဆိုင္းရတဲ့
အေနအထားမ်ိဳးမွာလည္းရွိေနေၾကာင္းသိရပါတယ္။
စပါးစ္ဟာလာမယ့္ၾကာသပေတးေန႔မွာယူ႐ိုပါကြန္ဖရင့္လိဂ္
အုပ္စုအဆင့္မွတက္ေရးအဆုံးအျဖတ္ပြဲအျဖစ္ရန္းနက္စ္ႏွင့္ရင္ဆိုင္ရပါမယ္။
၎တို႔ဟာယင္းပြဲအၿပီးတနဂၤေႏြေန႔မွာ Amex သို႔သြားေရာက္ကာ
ဘ႐ိုက္တန္ကိုအေဝးကြင္းပြဲရင္ဆိုင္ကစားရပါမယ္။
စပါးစ္နည္းျပကြန္တီဟာအသင္းအတြင္းကိုဗစ္ကူးစက္မႈမ်ားရွိေနမႈႏွင့္အတူ
ေလ့က်င့္ေရးအစီအစဥ္မ်ားကိုဖ်က္သိမ္းရပါမယ္။စပါးစ္ဟာယေန႔တြင္
ကိုဗစ္စစ္ေဆးမႈထပ္မံခံယူရဦးမွာျဖစ္ၿပီးအကယ္၍ ထပ္မံေတြ႕ရွိလာပါက
လာမယ့္စပါးစ္ရဲ႕ပြဲစဥ္မ်ားကိုထိခိုက္လာဖို႔ေသခ်ာေနပါတယ္။
စပါးစ္ဟာယခုရာသီအေစာပိုင္းတုန္းကကိုဗစ္ကူးစက္မႈႏွစ္ႀကိမ္
ႀကဳံခဲ့ဖူးတဲ့အသင္းျဖစ္ပါတယ္။ဒါေပမယ့္ယင္းကူးစက္ခံႏွစ္ဦးကို
ထပ္မံစစ္ေဆးရာမေတြ႕ရမႈေၾကာင့္စစ္ေဆးမႈအမွားအျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။
ယူ႐ိုပါကြန္ဖရင့္လိဂ္စည္းမ်ဥ္းတြင္ပြဲကစားရန္ကစားသမား၁၃ဦးရွိပါက
ပြဲကစားရမယ္လို႔ပါဝင္ပါတယ္။ဒါေၾကာင့္စပါးစ္ဟာ
ရန္းနက္စ္ပြဲကိုေတာ့ကစားရဖို႔ရွိပါတယ္။