
စပါးစ်အသင်းနည်းပြအန်တိုနီယိုကွန်တီဟာခရစ္စတီယန်အဲရစ်ဆင်ကို
စပါးစ်တွင်လာရောက်လေ့ကျင့်ခန်းဆင်းရန်ဖိတ်ကြားလိုက်ပါတယ်။
ဒိန်းမတ်ကွင်းလယ်ကစားသမားအဲရစ်ဆင်ဟာဘောလုံးပြန်ကစားနိုင်ရေးအတွက်
ကိုယ်ပိုင်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်နေသူလည်းဖြစ်ပါတယ်။
မကြာသေးမီတုန်းက ဒိန်းမတ်ရုပ်သံတစ်ခုနှင့်အင်တာဗျူးတွင်
အဲရစ်ဆင်က ဘောလုံးပြန်ကစားလိုနေပြီးဒိန်းမတ်နှင့်အတူ
၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ကစားရန်
ပစ်မှတ်ထားနေကြောင်းဆိုသွားပါတယ်။
ယခုအခါအသင်းဟောင်းစပါးစ်နှင့်ဆရာဟောင်းအန်တိုနီယိုတို့က
အသင်းနှင့်အတူလာရောက်လေ့ကျင့်ခန်းဆင်းရန်
အဲရစ်ဆင်ကိုဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။
အသက်၅၂နှစ်ရှိကွန်တီက “ကွင်းထဲမှာသူ့ကိုပြန်မြင်ချင်တယ်။
ဘောလုံးကန်တာမြင်ချင်တယ်။နွေရာသီမှာဖြစ်ခဲ့တာမကောင်းပါဘူး။
သူနဲ့အလုပ်လုပ်တဲ့သူတွေအတွက်ရောသူ့ကိုသိတဲ့သူတွေအတွက်ပါမကောင်းပါဘူး။
အဲဒီတုန်းကအရမ်းကြောက်လန့်ခဲ့တယ်။
အခုသူဘောလုံးပြန်ကစားဖို့အသင့်ဖြစ်နေတဲ့သတင်းကြားရတာဝမ်းသာပါတယ်။
ခရစ္စတီယန်အတွက်တံခါးကအမြဲဖွင့်ထားပါတယ်”လို့ပြောကြားသွားပါတယ်။
အဲရစ်ဆင်ဟာ၂၀၁၃ခုနှစ်တွင်အေဂျက်စ်မှစပါးစ်သို့ပြောင်းလာပြီးနောက်
၃၀၅ပွဲကစားခဲ့သူဖြစ်ပြီး၂၀၂၀ခုနှစ်၊ဇန်နဝါရီတွင်
ကွန်တီရဲ့အင်တာမီလန်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့ရာသီတုန်းကအင်တာကို စီးရီးအေဖလားရရှိအောင်ကူညီခဲ့ပေမဲ့
အီတလီတွင်နှလုံးခုန်စက်တပ်ဆင်ထားသူကို
ကစားခွင့်ပိတ်ထားရာအင်တာမီလန်နှင့်စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။
zawgyi
စပါးစ္တြင္ လာေရာက္ေလ့က်င့္ခန္းဆင္းရန္ ကြန္တီ အဲရစ္ဆင္ကို ဖိတ္ေခၚထား
စပါးစ္အသင္းနည္းျပအန္တိုနီယိုကြန္တီဟာခရစၥတီယန္အဲရစ္ဆင္ကို
စပါးစ္တြင္လာေရာက္ေလ့က်င့္ခန္းဆင္းရန္ဖိတ္ၾကားလိုက္ပါတယ္။
ဒိန္းမတ္ကြင္းလယ္ကစားသမားအဲရစ္ဆင္ဟာေဘာလုံးျပန္ကစားႏိုင္ေရးအတြက္
ကိုယ္ပိုင္ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ေနသူလည္းျဖစ္ပါတယ္။
မၾကာေသးမီတုန္းက ဒိန္းမတ္႐ုပ္သံတစ္ခုႏွင့္အင္တာဗ်ဴးတြင္
အဲရစ္ဆင္က ေဘာလုံးျပန္ကစားလိုေနၿပီးဒိန္းမတ္ႏွင့္အတူ
၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ကစားရန္
ပစ္မွတ္ထားေနေၾကာင္းဆိုသြားပါတယ္။
ယခုအခါအသင္းေဟာင္းစပါးစ္ႏွင့္ဆရာေဟာင္းအန္တိုနီယိုတို႔က
အသင္းႏွင့္အတူလာေရာက္ေလ့က်င့္ခန္းဆင္းရန္
အဲရစ္ဆင္ကိုဖိတ္ေခၚလိုက္ၿပီျဖစ္ပါတယ္။
အသက္၅၂ႏွစ္ရွိကြန္တီက “ကြင္းထဲမွာသူ႔ကိုျပန္ျမင္ခ်င္တယ္။
ေဘာလုံးကန္တာျမင္ခ်င္တယ္။ေႏြရာသီမွာျဖစ္ခဲ့တာမေကာင္းပါဘူး။
သူနဲ႔အလုပ္လုပ္တဲ့သူေတြအတြက္ေရာသူ႔ကိုသိတဲ့သူေတြအတြက္ပါမေကာင္းပါဘူး။
အဲဒီတုန္းကအရမ္းေၾကာက္လန႔္ခဲ့တယ္။
အခုသူေဘာလုံးျပန္ကစားဖို႔အသင့္ျဖစ္ေနတဲ့သတင္းၾကားရတာဝမ္းသာပါတယ္။
ခရစၥတီယန္အတြက္တံခါးကအၿမဲဖြင့္ထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။
အဲရစ္ဆင္ဟာ၂၀၁၃ခုႏွစ္တြင္ေအဂ်က္စ္မွစပါးစ္သို႔ေျပာင္းလာၿပီးေနာက္
၃၀၅ပြဲကစားခဲ့သူျဖစ္ၿပီး၂၀၂၀ခုႏွစ္၊ဇန္နဝါရီတြင္
ကြန္တီရဲ႕အင္တာမီလန္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ့ရာသီတုန္းကအင္တာကို စီးရီးေအဖလားရရွိေအာင္ကူညီခဲ့ေပမဲ့
အီတလီတြင္ႏွလုံးခုန္စက္တပ္ဆင္ထားသူကို
ကစားခြင့္ပိတ္ထားရာအင္တာမီလန္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းခဲ့ရပါတယ္။