စပါးစ်-မန်ယူပွဲမှာ ရှုံးတဲ့နည်းပြအထုတ်ခံရမှာဖြစ်လို့ El Sickico ပွဲဆိုပြီးလှောင်ပြောင်လျက်ရှိ

လာမယ့်စနေနေ့တွင်စပါးစ်နှင့်မန်ချက်စတာယူနိုက်တက်တို့ရင်ဆိုင်ကစားရမယ့်

ပွဲစဉ်ကိုပရိသတ်များကို နည်းပြနှစ်ဦးတို့ရဲ့အထုတ်မခံရရေး

ယှဉ်ပြိုင်တဲ့ပွဲအဖြစ်လှောင်ပြောင်လျက်ရှိကြပါတယ်။

ဘောလုံးပရိသတ်များကမန်ယူနည်းပြဆိုးလ်ရှားနှင့်စပါးစ်နည်းပြနူနိုတို့ဟာ

လမယ့်စနေနေ့ပွဲတွင်ရှုံးပွဲကြုံတဲ့နည်းပြကအထုတ်ခံရမယ့်အခြေအနေတွင်

ရှိနေကြောင့်ယင်းပွဲကို El Sickico ပွဲဆိုပြီးလှောင်ပြောင်ရေးသားနေကြတာလည်းဖြစ်ပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာပြီးခဲ့တဲ့အပတ်တုန်းက

လီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်ပွဲလေးပွဲ

ဆက်တိုက်နိုင်ပွဲပျောက်နေပြီးနောက်စပါးစ်နှင့်ပွဲတွင်ရှုံးနိမ့်လျှင်

အထုတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

စပါးစ်နည်းပြနူနိုမှာလည်းပြီးခဲ့တဲ့အပတ်တုန်းကသူ့အကြိုက်ဆုံး

ပွဲထွက်လူစာရင်းဖြင့်ရင်ဆိုင်ခဲ့ပေမယ့်လန်ဒန်ဒါဘီပွဲတွင်ဝက်စ်ဟမ်းကို

ရှုံးနိမ့်ခဲ့မှုနဲ့အတူ ရာထူးမှအထုတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များကအွန်လိုင်းတွင်စပါးစ်နှင့်မန်ယူပွဲကို

El Sackico ပွဲပြီးတော့လှောင်ပြောင်နေကြတာလည်းဖြစ်ပါတယ်။

zawgyi















