စပါးမှာ ရရှိနေတာထက် တစ်ပတ် ကျပ်သိန်း ၁၆၃၀ ကျော်ပိုပေးပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မန်ချက်စတာနှစ်သင်း ပြင်ဆင်

မန်ချက်စတာအအသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ စီးတီးတို့ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အခြေခံတစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းအထိ ပေးချေဖို့ ပြင်ဆင်နေပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာလိုတယ်လို့ မွေးရပ်မြေကလပ်ထံ အကြောင်းကြားထားပြီးနောက် သူ့ရဲ့သတင်းတွေက ကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။

အဲဒီအချိန်မှာ ယူနိုက်တက်နဲ့ မန်စီးတီးနှစ်သင်းစလုံးက ဟယ်ရီကိန်း ရောက်နိုင်တဲ့အသင်းသစ်တွေဖြစ်လာပြီး မန်စီးတီးက သူ့ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။


ယခုအခါ The Sun သတင်းစာက မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ အသက် ၂၇ နှစ်အရွယ်ရှိ ဟယ်ရီကိန်းကို တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရရာ စပါးမှာ ရရှိနေတာထက် တစ်ပတ်ပေါင် ၇၀၀၀၀(မြန်မာကျပ်ငွေသိန်းပေါင်း ၁၆၃၀ ကျော်)ပိုများနေပါတယ်။


ကိုဗစ်ကြောင့် ကလပ်အသင်းတွေ ဘဏ္ဍာရေးထိခိုက်နေရပေမယ့် မန်ချက်စတာအခြေစိုက်ကလပ်အသင်း နှစ်သင်းကတော့ ဟယ်ရီကိန်းအတွက် မြင့်မားတဲ့လုပ်ခလစာသာမက စပါးအသင်းလက်ခံနိုင်လောက်တဲ့ပြောင်းရွှေ့ကြေးနဲ့ပါ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
ဟယ်ရီကိန်းအတွက် စုစုပေါင်း ပေါင်သန်း ၁၅၀ လောက်ကုန်ကျဖွယ်ရှိနေပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ကလည်း ၃နှစ်ကျန်နေသေးလို့ စပါးဘက်က တင်းခံလို့ရတဲ့အနေအထားမှာရှိနေပါတယ်။

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့လမ်းခွဲတော့မှာဖြစ်လို့ မန်စီးတီးဘက်က တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိနေပါတယ်။
တိုက်စစ်မှူး ဂျီးဆပ်စ်ကလည်း အားကိုးရနိုင်တဲ့တိုက်စစ်မှူးအဖြစ် သက်သေမပြနိုင်သေးလို့ မန်စီးတီးက ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေပါတယ်။


စပါးကစားသမားတွေကလည်း အသင်းကနေ ဟယ်ရီကိန်းထွက်သွားမှာကို စိုးရိမ်နေကြပြီး အထူးသဖြင့် တွဲဘက်တိုက်စစ်မှူး ဆွန်ဟောင်မင်က ရာသီသစ်မှာ အတူတွဲကစားခွင့်မရတော့မှာကို စိုးရိမ်နေပါတယ်။

Zawgyi
စပါးမွာ ရရွိေနတာထက္ တစ္ပတ္ က်ပ္သိန္း ၁၆၃၀ ေက်ာ္ပိုေပးၿပီး ဟယ္ရီကိန္းကို ေခၚယူဖို႔ မန္ခ်က္စတာႏွစ္သင္း ျပင္ဆင္

မန္ခ်က္စတာအအသင္းေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔ စီးတီးတို႔ဟာ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကို အေျခခံတစ္ပတ္လုပ္ခလစာ ေပါင္သုံးသိန္းအထိ ေပးေခ်ဖို႔ ျပင္ဆင္ေနပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ ယခုရာသီအကုန္မွာ အသင္းကေန ထြက္ခြာလိုတယ္လို႔ ေမြးရပ္ေျမကလပ္ထံ အေၾကာင္းၾကားထားၿပီးေနာက္ သူ႕ရဲ႕သတင္းေတြက က်ယ္ျပန္႔စြာထြက္ေပၚေနပါတယ္။
အဲဒီအခ်ိန္မွာ ယူႏိုက္တက္နဲ႔ မန္စီးတီးႏွစ္သင္းစလုံးက ဟယ္ရီကိန္း ေရာက္ႏိုင္တ့ဲအသင္းသစ္ေတြျဖစ္လာၿပီး မန္စီးတီးက သူ႕ကို ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးကေန ေရပန္းစားေနပါတယ္။
ယခုအခါ The Sun သတင္းစာက မန္စီးတီးနဲ႔ ယူႏိုက္တက္တို႔ဟာ အသက္ ၂၇ ႏွစ္အရြယ္ရွိ ဟယ္ရီကိန္းကို တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ သိရရာ စပါးမွာ ရရွိေနတာထက္ တစ္ပတ္ေပါင္ ၇၀၀၀၀(ျမန္မာက်ပ္ေငြသိန္းေပါင္း ၁၆၃၀ ေက်ာ္)ပိုမ်ားေနပါတယ္။
ကိုဗစ္ေၾကာင့္ ကလပ္အသင္းေတြ ဘ႑ာေရးထိခိုက္ေနရေပမယ့္ မန္ခ်က္စတာအေျခစိုက္ကလပ္အသင္း ႏွစ္သင္းကေတာ့ ဟယ္ရီကိန္းအတြက္ ျမင့္မားတဲ့လုပ္ခလစာသာမက စပါးအသင္းလက္ခံႏိုင္ေလာက္တဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ပါ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။

ဟယ္ရီကိန္းအတြက္ စုစုေပါင္း ေပါင္သန္း ၁၅၀ ေလာက္ကုန္က်ဖြယ္ရွိေနၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ကလည္း ၃ႏွစ္က်န္ေနေသးလို႔ စပါးဘက္က တင္းခံလို႔ရတဲ့အေနအထားမွာရွိေနပါတယ္။
မန္စီးတီးတိုက္စစ္မွဴး အဂြဲ႐ိုးဟာ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔လမ္းခြဲေတာ့မွာျဖစ္လို႔ မန္စီးတီးဘက္က တိုက္စစ္မွဴးတစ္ဦး ေခၚယူဖြယ္ရွိေနပါတယ္။
တိုက္စစ္မွဴး ဂ်ီးဆပ္စ္ကလည္း အားကိုးရႏိုင္တဲ့တိုက္စစ္မွဴးအျဖစ္ သက္ေသမျပႏိုင္ေသးလို႔ မန္စီးတီးက ကမၻာ့အဆင့္မီတိုက္စစ္မွဴးတစ္ဦး ေခၚယူလိုေနပါတယ္။
စပါးကစားသမားေတြကလည္း အသင္းကေန ဟယ္ရီကိန္းထြက္သြားမွာကို စိုးရိမ္ေနၾကၿပီး အထူးသျဖင့္ တြဲဘက္တိုက္စစ္မွဴး ဆြန္ေဟာင္မင္က ရာသီသစ္မွာ အတူတြဲကစားခြင့္မရေတာ့မွာကို စိုးရိမ္ေနပါတယ္။