စပါးမှာ လိုရစ်ရဲ့ အနာဂတ် ဆက်ရှိ မရှိ ကွန်တီ မသိ

အန်တိုနီယိုကွန်တီကအသင်းခေါင်းဆောင်ဟူဂိုလိုရီးစ်ရဲ့စပါးစ်အနာဂတ်နဲ့

ပတ်သက်ပြီးတစ်စုံတစ်ရာအာမခံချက်မပေးနိုင်ကြောင်းနှင့်ပြင်သစ်ဂိုးသမားမှာ

စပါးစ်အတွက်ဘယ်တော့မှပြဿနာတစ်ရပ်ဖြစ်လာမှာမဟုတ်ကြောင်း

ပြောကြားလာပါတယ်။ကမ္ဘာ့ဖလားဆုဆွတ်ခူးခဲ့ဖူးတဲ့လိုရီးစ်ဟာ

၂၀၁၂ခုနှစ်တွင်လိုင်ယွန်မှ ရောက်လာပြီးနောက်မကြာမီကာလအတွင်းတွင်

စပါးစ်တွင်ကစားတဲ့ဆယ်စုနှစ်တစ်ခုပြည့်ပါမယ်။ဒါပေမဲ့သူဟာစပါးစ်နှင့်

ခြောက်လစာချုပ်သက်တမ်းသာကျန်ပါတော့တယ်။လိုရစ်ဟာယနေ့တွင်

အသက်၃၅နှစ်ပြည့်သူဖြစ်ပြီးယနေ့ညပဲလေ့စ်နှင့်ပွဲတွင်ပွဲထွက်လာဖို့ရှိပါတယ်။

လိုရီးစ်ရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး ကွန်တီက“ဟူဂိုကကျွန်တော်တို့ရဲ့

အသင်းခေါင်းဆောင်ပါ။သူကစပါးစ်မှာနှစ်ပေါင်းများစွာ

ကစားလာတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။အသင်းမှာအဝတ်အစားလဲခန်းမှ

ာသူရှိနေလို့ပျော်ပါတယ်။အခြားကစားသမားတွေအားကျအတုယူရတဲ့သူပါ။

ကျွန်တော်သူ့ကိုဘယ်လိုတွေးသလဲဆိုတာ

သူသိပါတယ်။ကလပ်ကသူ့ကိုဘယ်လိုတွေးတယ်ဆိုတာလည်းသူသိပါတယ်။

ဘာဖြစ်လာမလဲကြည့်ရမယ်။ဒါပေမဲ့သူကစပါးစ်အတွက်

ဘယ်တော့မှပြဿနာတစ်ရပ်မဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့လိုရီးစ်ဟာကြားရက်တုန်းက

ဝက်စ်ဟမ်းကို၂-၁ဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်

အရေးပါတဲ့ကာကွယ်မှုပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။စပါးစ်ဟာ

ယင်းနိုင်ပွဲကြောင့်ခါရာဘောင်ဖလားဆီမီးဖိုင်နယ်သို့

တက်ရောက်နိုင်ခဲ့ပြီး ချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

zawgyi

စပါးမွာ လိုရစ္ရဲ႕ အနာဂတ္ ဆက္ရွိ မရွိ ကြန္တီ မသိ

အန္တိုနီယိုကြန္တီကအသင္းေခါင္းေဆာင္ဟူဂိုလိုရီးစ္ရဲ႕စပါးစ္အနာဂတ္နဲ႔

ပတ္သက္ၿပီးတစ္စုံတစ္ရာအာမခံခ်က္မေပးႏိုင္ေၾကာင္းႏွင့္ျပင္သစ္ဂိုးသမားမွာ

စပါးစ္အတြက္ဘယ္ေတာ့မွျပႆနာတစ္ရပ္ျဖစ္လာမွာမဟုတ္ေၾကာင္း

ေျပာၾကားလာပါတယ္။ကမာၻ႔ဖလားဆုဆြတ္ခူးခဲ့ဖူးတဲ့လိုရီးစ္ဟာ

၂၀၁၂ခုႏွစ္တြင္လိုင္ယြန္မွ ေရာက္လာၿပီးေနာက္မၾကာမီကာလအတြင္းတြင္

စပါးစ္တြင္ကစားတဲ့ဆယ္စုႏွစ္တစ္ခုျပည့္ပါမယ္။ဒါေပမဲ့သူဟာစပါးစ္ႏွင့္

ေျခာက္လစာခ်ဳပ္သက္တမ္းသာက်န္ပါေတာ့တယ္။လိုရစ္ဟာယေန႔တြင္

အသက္၃၅ႏွစ္ျပည့္သူျဖစ္ၿပီးယေန႔ညပဲေလ့စ္ႏွင့္ပြဲတြင္ပြဲထြက္လာဖို႔ရွိပါတယ္။

လိုရီးစ္ရဲ႕စာခ်ဳပ္အေျခအေနနဲ႔ပတ္သက္ၿပီး ကြန္တီက“ဟူဂိုကကြၽန္ေတာ္တို႔ရဲ႕

အသင္းေခါင္းေဆာင္ပါ။သူကစပါးစ္မွာႏွစ္ေပါင္းမ်ားစြာ

ကစားလာတဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္။အသင္းမွာအဝတ္အစားလဲခန္းမွ

ာသူရွိေနလို႔ေပ်ာ္ပါတယ္။အျခားကစားသမားေတြအားက်အတုယူရတဲ့သူပါ။

ကြၽန္ေတာ္သူ႔ကိုဘယ္လိုေတြးသလဲဆိုတာ

သူသိပါတယ္။ကလပ္ကသူ႔ကိုဘယ္လိုေတြးတယ္ဆိုတာလည္းသူသိပါတယ္။

ဘာျဖစ္လာမလဲၾကည့္ရမယ္။ဒါေပမဲ့သူကစပါးစ္အတြက္

ဘယ္ေတာ့မွျပႆနာတစ္ရပ္မဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့လိုရီးစ္ဟာၾကားရက္တုန္းက

ဝက္စ္ဟမ္းကို၂-၁ျဖင့္အႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္

အေရးပါတဲ့ကာကြယ္မႈျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။စပါးစ္ဟာ

ယင္းႏိုင္ပြဲေၾကာင့္ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္သို႔

တက္ေရာက္ႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။