စပါးအသင်းကလည်း လက်ခါလိုက်ပြန်တဲ့ ဒေါသဘုရင် ဂတ်တူဆို

စပါးအသင်းဟာ ဖီအိုရင်တီးနားအသင်းနဲ့ လမ်းခွဲထားတဲ့ ဂတ်တူဆိုကို အသင်းရဲ့

နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့

အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဂတ်တူဆိုကို မခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် စပါးအသင်းဟာ အသင်းရဲ့ နည်းပြသစ် နေရာအတွက်

နောက်ထပ် နည်းပြတစ်ဦးကို စတင် ရှာဖွေနေပြန်ပါပြီ။

စပါး အသင်းနဲ့ ဂတ်တူဆို တို့အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အငြင်းပွားဖွယ်ရာအဖြစ်

အပျက်‌တွေကြောင့် စပါးပရိသတ်တွေက ဂတ်တူဆိုကို မကြိုက်ကြတာပါ။လွန်ခဲ့တဲ့

၂၀၁၁ ခုနှစ်တုန်းက ဆန်စီရိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဂတ်တူဆို ဟာ

စပါး အသင်း လက်ထောက် နည်းပြ ဂျိုးဂျော်ဒန် နဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြပြီး

နှစ်ဖက် အသင်းသားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေ မနည်း ထိန်းသိမ်း ခဲ့ရပါတယ်။

အဲဒီကတည်းက စပါး ပရိသတ်တွေဟာ ဂတ်တူဆို ကို နံပါတ် ၁ ရန်သူ အဖြစ် သတ်မှတ်

ထားခဲ့ကြတာပါ ။ စပါး အသင်း ပရိသတ်တွေ ဂတ်တူဆို ကို နည်းပြ အဖြစ် မခန့်အပ်စေချင်ကြတဲ့

နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ အီတလီသားကြီးဟာ အသင်းကို

ကောင်းကောင်းမွန်မွန် ကိုင်တွယ် နိုင်လိမ့်လို့ ယုံကြည်မှု မရှိတာကြောင့်ပါ။

စပါး အသင်းဟာ မော်ရင်ဟို ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီးနောက်မှ

ာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။စပါး

အသင်းဟာ ကွန်တီ ကိုလည်း ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့်

ရိုးမားနည်းပြဟောင်း ဖွန်ဆီကာ နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် ဖွန်ဆီကာ နဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ရာမှာလည်

း အဆင်မပြေခဲ့တာကြောင့် နည်းပြလက်မဲ့ဖြစ်နေတဲ့ ဂတ်တူဆိုနဲ့ ချိတ်ဆက်မှုတွေပြုလုပ်

ခဲ့တာဖြစ်ပါတယ်။ဂတ်တူဆို ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အသင်းကို ကိုင်တွယ်ဖို့

စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်ကိစ္စတွေကြောင့်

ရာထူးရပြီး (၂၃)ရက်အကြာမှာပဲ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာပါ။

ဂတ်တူဆို ဟာ ကစားသမား ဘဝကတည်းက ကြမ်းကြမ်းတမ်းတမ်း ကစားတတ်ပြီး

ဒေါသ ပေါက်ကွဲလေ့ ရှိတဲ့သူ တစ်ဦးပါ ။ ဂတ်တူဆို ဟာ နည်းပြ ဘဝကို ၂၀၁၃ ခုနှစ်မှာ

ဝင်ရောက်ခဲ့ပြီး အေစီမီလန် ၊ နာပိုလီ တို့လို အသင်းကြီးတွေကို ကိုင်တွယ် ခဲ့ဖူးကာ

နာပိုလီ အသင်းနဲ့အတူ ကိုပါအီတလီယာ ဖလား ရခဲ့ဖူးပါတယ်။

Zawgyi Version

စပါးအသင္းကလည္း လက္ခါလိုက္ျပန္တဲ့ ေဒါသဘုရင္ ဂတ္တူဆို

စပါးအသင္းဟာ ဖီအိုရင္တီးနားအသင္းနဲ႔ လမ္းခြဲထားတဲ့ ဂတ္တူဆိုကို

အသင္းရဲ့ နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို့ ေဆြးေႏြးမွုေတြ ျပဳလုပ္ခဲ့ေပမယ့္

ေနာက္ဆုံးမွာေတာ့ အသင္းရဲ့ ဘုတ္အဖြဲ႕ဟာ ဂတ္တူဆိုကို မခန႔္အပ္ဖို့ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါေၾကာင့္ စပါးအသင္းဟာ အသင္းရဲ့ နည္းျပသစ္ ေနရာအတြက္ ေနာက္ထပ္

နည္းျပတစ္ဦးကို စတင္ ရွာေဖြေနျပန္ပါၿပီ။

စပါး အသင္းနဲ႔ ဂတ္တူဆို တို့အရင္တုန္းက ျဖစ္ပ်က္ခဲ့တဲ့

အျငင္းပြားဖြယ္ရာအျဖစ္အပ်က္‌ေတြေၾကာင့္ စပါးပရိသတ္ေတြက

ဂတ္တူဆိုကို မႀကိဳက္ၾကတာပါ။လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္တုန္းက ဆန္စီရိုမွာ

ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ဂတ္တူဆို ဟာ စပါး အသင္း လက္ေထာက္

နည္းျပ ဂ်ိဳးေဂ်ာ္ဒန္ နဲ႔ အႀကီးအက်ယ္ ရန္ျဖစ္ခဲ့ၾကၿပီ

း ႏွစ္ဖက္ အသင္းသားေတြနဲ႔ နည္းျပ အဖြဲ႕ဝင္ေတြ

မနည္း ထိန္းသိမ္း ခဲ့ရပါတယ္။

အဲဒီကတည္းက စပါး ပရိသတ္ေတြဟာ ဂတ္တူဆို ကို နံပါတ္ ၁ ရန္သူ အျဖစ္

သတ္မွတ္ ထားခဲ့ၾကတာပါ ။ စပါး အသင္း ပရိသတ္ေတြ ဂတ္တူဆို

ကို နည္းျပ အျဖစ္ မခန႔္အပ္ေစခ်င္ၾကတဲ့ ေနာက္ထပ္ အေၾကာင္းအရင္

း တစ္ခုကေတာ့ အီတလီသားႀကီးဟာ အသင္းကို ေကာင္းေကာင္းမြန္မြန္

ကိုင္တြယ္ နိုင္လိမ့္လို့ ယုံၾကည္မွု မရွိတာေၾကာင့္ပါ။

စပါး အသင္းဟာ ေမာ္ရင္ဟို ကို နည္းျပရာထူးကေန ထုတ္ပယ္ၿပီးေနာက္မွ

ာ နည္းျပသစ္အျဖစ္ခန႔္အပ္ဖို့ ရွာေဖြမွုေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။စပါး

အသင္းဟာ ကြန္တီ ကိုလည္း ေဆြးေႏြးခဲ့ေပမယ့္

အဆင္မေျပခဲ့တာေၾကာင့္ ရိုးမားနည္းျပေဟာင္း ဖြန္ဆီကာ

နဲ႔ ေဆြးေႏြးခဲ့ပါတယ္။

ဒါေပမယ့္ ဖြန္ဆီကာ နဲ႔ ေဆြးေႏြးမွုျပဳလုပ္ခဲ့ရာမွာလည္း

အဆင္မေျပခဲ့တာေၾကာင့္ နည္းျပလက္မဲ့ျဖစ္ေနတဲ့

ဂတ္တူဆိုနဲ႔ ခ်ိတ္ဆက္မွုေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ဂတ္တူဆို ဟာ ဒီရာသီမွ

ာ ဖီအိုရင္တီးနား အသင္းကို ကိုင္တြယ္ဖို့ စာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္

အသင္းရဲ့အေျပာင္းအေရႊ႕ပစ္မွတ္ကိစၥေတြေၾကာင့္ ရာထူးရၿပီး (၂၃)ရက္အၾကာမွာပဲ

အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာပါ။

ဂတ္တူဆို ဟာ ကစားသမား ဘဝကတည္းက ၾကမ္းၾကမ္းတမ္းတမ္း

ကစားတတ္ၿပီး ေဒါသ ေပါက္ကြဲေလ့ ရွိတဲ့သူ တစ္ဦးပါ ။ ဂတ္တူဆို ဟာ

နည္း​ျပ ဘဝကို ၂၀၁၃ ခုႏွစ္မွာ ဝင္ေရာက္ခဲ့ၿပီး ေအစီမီလန္ ၊

နာပိုလီ တို့လို အသင္းႀကီးေတြကို ကိုင္တြယ္ ခဲ့ဖူးကာ နာပိုလီ အသင္းနဲ႔အတူ

ကိုပါအီတလီယာ ဖလား ရခဲ့ဖူးပါတယ္။