
ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးဟာ
ကိုဗစ်ကာကွယ်ဆေးထိုးရခြင်းမရှိသေးပါဘူး။
သူဟာယင်းသို့ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိမှုနဲ့အတူ
ဆော်ဒီတွင်ကျင်းပမယ့် စပိန်စူပါဖလားပြိုင်ပွဲတွင်
ကစားခွင့်ပိတ်ပင်ခြင်းခံရဖို့ရှိပါတယ်။
အန်ဆယ်လော့တီဦးဆောင်တဲ့ရီးရဲလ်မက်ဒရစ်ဟာ
လာမယ့်ဗုဒ္ဓဟူးနေ့မှာ မဟာပြိုင်ဘက်ဘာစီလိုနာနှင့်
စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲရင်ဆိုင်ကစားရပါမယ်။
ရီးရဲလ်မက်ဒရစ်ဟာဘာစီလိုနာကိုကျော်ဖြတ်နိုင်ပါက
ဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့တွင် အက်သလက်တီကို
(သို့မဟုတ်)ဘီလ်ဘာအိုနှင့် ရင်ဆိုင်ကစားရပါမယ်။
ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ
ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိသေးတဲ့
ရီးရဲလ်မက်ဒရစ်စတားတစ်ဦးဟာ ဆော်ဒီသို့လိုက်ပါခွင့်ရရှိမှာမဟုတ်ဘဲ
နေအိမ်တွင်ကျန်ရစ်ခဲ့ရဖို့ရှိနေပါတယ်။
ဆော်ဒီနိုင်ငံဟာကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်မထိုးထားသူကို
နိုင်ငံတွင်းဝင်ခွင့်ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။
၎င်းတို့ဟာစပိန်စူပါဖလားလာကစားမယ့်
စပိန်ထိပ်သီးလေးသင်းကို အခွင့်ထူးပေးမှာမဟုတ်ပါဘူး။
လက်ရှိအချိန်တွင်ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့
ရီးရဲလ်မက်ဒရစ်ကစားသမားကိုမသိရသေးပါဘူး။
ဒါပေမဲ့မကြာသေးမီတုန်းကရီးရဲလ်မက်ဒရစ်ဟာ
စပိန်စူပါဖလားပြိုင်ပွဲအတွက်လူစာရင်းထုတ်ပြန်ကြေညာလာပါမယ်။
zawgyi
စပိန်စူပါဖလားပြိုင်ပွဲတွင် ကစားခွင့်ပိတ်ပင်ခံရဖို့ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့ ရီးရဲလ်မက်ဒရစ်စတား