စပိန်စူပါဖလားဖိုင်နယ်ပွဲမှာ ဝင်ရောက်ကစားခွင့်မရရင် ဘာစီလိုနာအသင်းသားတွေကို မက်ဆီ ဘယ်လိုတွေ လမ်းညွှန်မလည်း…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ည ၂ နာရီခွဲမှာ ဘီဘာအိုနဲ့ကစားကြမယ့် စပိန်စူပါဖလား ဖိုင်နယ်မှာ မက်ဆီဟာ ပါဝင်ကစားဖို့မသေချာဖြစ်နေကြောင်း သိရပါတယ်။ ဗုဒ္စဟူးနေ့က ဆီမီးဖိုင်နယ်အဖြစ် ဆိုစီဒက်နဲ့ကစားတဲ့ ပွဲမှာ ကြံခိုင်မှု မပြည့်ဝတာကြောင့် နည်းပြ ရော်နယ်ကိုးမန်းက မက်ဆီကို ချန်လှပ်ခဲ့ပါတယ်။ အဆိုပါပွဲတွင် ဘာစီလိုနာဟာ ဆိုစီဒက်ကို ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးသမား တာစတီဂန်လက်စွမ်းပြမှုနဲ့ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဖိုင်နယ်ပွဲကိုမလွတ်ချင်တဲ့ မက်ဆီဟာ အခုအချိန်မှာ လေ့ကျင့်ခန်းတွေပြန်လုပ်နေပြီး အသင့်အနေအထားမှာရှိနိုင်အောင်ပြင်ဆင်နေပါတယ်။ ဒါပေမယ့် နည်းပြ ရော်နယ်ကိုးမန်းက သူ့အတွက်အရေးကြီးတဲ့ ဖလားရနိုင်တဲ့ပွဲမှာ မက်ဆီကို ဝင်ရောက်ကစားခွင့်ပေးဖို့ဆိုတာ နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ်မှာအများကြီးမူတည်ပါတယ်။

မက်ဆီမပါပေမယ့်လည်း ဒီညပွဲကတော့ ဘာစီလိုနာအသင်းအတွက် သိပ်တော့ စိုးရိမ်စရာမလိုပါဘူး။ ဘာစီလိုနာဟာ ဆီမီးဖိုင်နယ်မှာ ခြေစွမ်းတောင့်တဲ့ ဆိုစီဒက်ကို မက်ဆီမပါဘဲ ကျော်ဖြတ်နိုင်ခဲ့ကြောင်း သက်သေပြထားပြီး ပါပြီ။ မက်ဆီဟာ ကွင်းထဲမှာ မကစားရလည်း အသင်းသားတွေကို ပစ်မထားပါဘူး။

ဆိုစီဒက်နဲ့ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ အသင်းပွဲစဉ်ကို ကြည့်ရှုဖို့ လိုက်ပါခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉၀ ပြည့်သွားလို့ တစ်ဖက်တစ်ဂိုးစီသရေဖြစ်နေခဲ့တဲ့နောက် မက်ဆီဟာ ပွဲကြည့်စင်ပေါ်က ဆင်းလာခဲ့ပြီး အသင်းဖော်တွေကို နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

နှာခေါင်းစည်းတပ်ဆင်ထားတဲ့ မက်ဆီတစ်ယောက် ယော်ဒီအယ်လ်ဘာနဲ့ ဖရန်စစ္စကိုထရန်ကာအိုတို့ကို အကြံပေးပြောဆိုနေခဲ့တဲ့ ဓါတ်ပုံတွေက အသင်းနဲ့ ကစားဖော်တွေအပေါ်ထားတဲ့ မက်ဆီရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ကို သက်သေပြနေပါတယ်။ မက်ဆီရဲ့ အဲဒီလိုမျိုး အသင်းဖော်တွေကို အကြံပေးကူညီနေမှုကို ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။

နည်းပြကိုးမန်းအတွက်ကတော့ ဒီညပွဲစဉ်က သူ့အတွက်အရေးကြီးတဲ့ပွဲပါ။ မက်ဆီပါဝင်မကစားနိုင်ချိန်မှာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကလည်း ဘီဘာအိုကိုဆီမီးဖိုင်နယ် အဆင့်မှာ (၁-၂)နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲက ထွက်ခွာသွားခဲ့တာကြောင့် ဘာစီလိုနာအတွက် ဒီနှစ်ရဲ့ ပထမဆုံးဖလားကိုရယူနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ အဆင့်(၁၂) ရောက် နေတဲ့ ဘီဘာအိုအတွက်တော့ ဒီပွဲမှာ ဘာစီလိုနာကို အနိုင်ရဖို့ခဲယဉ်းနိုင်ပါတယ်။

ရာသီအစမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး အသင်းရဲ့အတွင်းပိုင်းမှာ ပါဝါလွန်ဆွဲပွဲတွေဖြစ်ခဲ့ကြပြီး တည်ငြိမ်မှုပျောက်ဆုံးနေတဲ့ ဘာစီလိုနာအသင်းအတွက် ဒီနေ့ညဖလားကိုသာရယူနိုင်ခဲ့မယ်ဆိုရင် လက်ကျန်ရာသီဝက်ကို တိုက်ပွဲဝင်ရမယ့် ဘာစီလိုနာအတွက် အားတက်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီဖလား ရရင်တော့ နည်းပြကိုးမန်း ရော၊ မနှစ်က ဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ ဘာစီလိုနာ အသင်းသားတွေပါအပျော်ကြီး ပျော်ကြမှာပါ။

ဒါကြောင့် ဘာစီလိုနာ ဟာ လက်တစ်ကမ်း အလိုမှာ ရောက်နေတဲ့ အခွင့်အရေး ကောင်းတစ်ခုကို အရဆုပ်ကိုင်နိုင်ဖို့ အစွမ်းကုန် ပြင်ဆင်လာမှာ ပါ။ တခြားပွဲ အနေအထားမှာတော့ ကိုးမန်းရဲ့ အသင်းဟာလာလီဂါအမှတ်ပေးဇယားမှာဆိုရင် ထိပ်ဆုံးနေရာက အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ (၇)မှတ်ကွာ (၂)ပွဲပိုကန်ထားတဲ့ အနေအထားမှာရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပိန္စူပါဖလားဖိုင္နယ္ပြဲမွာ ဝင္ေရာက္ကစားခြင့္မရရင္ ဘာစီလိုနာအသင္းသားေတြကို မက္ဆီ ဘယ္လိုေတြ လမ္းၫႊန္မလည္း…

ဒီေန႔ည ၂ နာရီခြဲမွာ ဘီဘာအိုနဲ႔ကစားၾကမယ့္ စပိန္စူပါဖလား ဖိုင္နယ္မွာ မက္ဆီဟာ ပါဝင္ကစားဖို႔မေသခ်ာျဖစ္ေနေၾကာင္း သိရပါတယ္။ ဗုဒၥဟူးေန႔က ဆီမီးဖိုင္နယ္အျဖစ္ ဆိုစီဒက္နဲ႔ကစားတဲ့ ပြဲမွာ ႀကံခိုင္မႈ မျပည့္ဝတာေၾကာင့္ နည္းျပ ေရာ္နယ္ကိုးမန္းက မက္ဆီကို ခ်န္လွပ္ခဲ့ပါတယ္။အဆိုပါပြဲတြင္ ဘာစီလိုနာဟာ ဆိုစီဒက္ကို ပင္နယ္တီအဆုံးအျဖတ္မွာ ဂိုးသမား တာစတီဂန္လက္စြမ္းျပမႈနဲ႔ ခက္ခက္ခဲခဲ အႏိုင္ယူခဲ့ရတာ ျဖစ္ပါတယ္။

ဖိုင္နယ္ပြဲကိုမလြတ္ခ်င္တဲ့ မက္ဆီဟာ အခုအခ်ိန္မွာ ေလ့က်င့္ခန္းေတြျပန္လုပ္ေနၿပီး အသင့္အေနအထားမွာရွိႏိုင္ေအာင္ျပင္ဆင္ေနပါတယ္။ ဒါေပမယ့္ နည္းျပ ေရာ္နယ္ကိုးမန္းက သူ႔အတြက္အေရးႀကီးတဲ့ ဖလားရႏိုင္တဲ့ပြဲမွာ မက္ဆီကို ဝင္ေရာက္ကစားခြင့္ေပးဖို႔ဆိုတာ နည္းျပရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာအမ်ားႀကီးမူတည္ပါတယ္။ မက္ဆီမပါေပမယ့္လည္း ဒီညပြဲကေတာ့ ဘာစီလိုနာအသင္းအတြက္ သိပ္ေတာ့ စိုးရိမ္စရာမလိုပါဘူး။ ဘာစီလိုနာဟာ ဆီမီးဖိုင္နယ္မွာ ေျခစြမ္းေတာင့္တဲ့ ဆိုစီဒက္ကို မက္ဆီမပါဘဲ ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း သက္ေသျပထားၿပီး ပါၿပီ။ မက္ဆီဟာ ကြင္းထဲမွာ မကစားရလည္း အသင္းသားေတြကို ပစ္မထားပါဘူး။

ဆိုစီဒက္နဲ႔ကစားခဲ့တဲ့ပြဲမွာ မက္ဆီဟာ အသင္းပြဲစဥ္ကို ၾကည့္ရႈဖို႔ လိုက္ပါခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္ ၉၀ ျပည့္သြားလို႔ တစ္ဖက္တစ္ဂိုးစီသေရျဖစ္ေနခဲ့တဲ့ေနာက္ မက္ဆီဟာ ပြဲၾကည့္စင္ေပၚက ဆင္းလာခဲ့ၿပီး အသင္းေဖာ္ေတြကို နည္းစနစ္ပိုင္းဆိုင္ရာ အႀကံေပးမႈေတြျပဳလုပ္ခဲ့ပါေသးတယ္။

ႏွာေခါင္းစည္းတပ္ဆင္ထားတဲ့ မက္ဆီတစ္ေယာက္ ေယာ္ဒီအယ္လ္ဘာနဲ႔ ဖရန္စစၥကိုထရန္ကာအိုတို႔ကို အႀကံေပးေျပာဆိုေနခဲ့တဲ့ ဓါတ္ပုံေတြက အသင္းနဲ႔ ကစားေဖာ္ေတြအေပၚထားတဲ့ မက္ဆီရဲ႕ စိတ္ဓါတ္နဲ႔ လုပ္ရပ္ကို သက္ေသျပေနပါတယ္။ မက္ဆီရဲ႕ အဲဒီလိုမ်ိဳး အသင္းေဖာ္ေတြကို အႀကံေပးကူညီေနမႈကို ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုနဲ႔ ခိုင္းႏႈိင္းေျပာဆိုမႈေတြလည္း ရွိေနခဲ့ပါတယ္။

နည္းျပကိုးမန္းအတြက္ကေတာ့ ဒီညပြဲစဥ္က သူ႔အတြက္အေရးႀကီးတဲ့ပြဲပါ။ မက္ဆီပါဝင္မကစားႏိုင္ခ်ိန္မွာ လက္ရွိခ်န္ပီယံ ရီးရဲလ္မက္ဒရစ္ကလည္း ဘီဘာအိုကိုဆီမီးဖိုင္နယ္ အဆင့္မွာ (၁-၂)နဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ၿပိဳင္ပြဲက ထြက္ခြာသြားခဲ့တာေၾကာင့္ ဘာစီလိုနာအတြက္ ဒီႏွစ္ရဲ႕ ပထမဆုံးဖလားကိုရယူႏိုင္ဖို႔ အလားအလာေကာင္းေနပါတယ္။ လက္ရွိ အမွတ္ေပးဇယားမွာ အဆင့္(၁၂)ေရာက္ေနတဲ့ ဘီဘာအိုအတြက္ေတာ့ ဒီပြဲမွာ ဘာစီလိုနာကို အႏိုင္ရဖို႔ခဲယဥ္းႏိုင္ပါတယ္။ ရာသီအစမွာ ရလဒ္ေတြဆိုး႐ြားေနခဲ့ၿပီး အသင္းရဲ႕အတြင္းပိုင္းမွာ ပါဝါလြန္ဆြဲပြဲေတြျဖစ္ခဲ့ၾကၿပီး တည္ၿငိမ္မႈေပ်ာက္ဆုံးေနတဲ့ ဘာစီလိုနာအသင္းအတြက္ ဒီေန႔ညဖလားကိုသာရယူႏိုင္ခဲ့မယ္ဆိုရင္ လက္က်န္ရာသီဝက္ကို တိုက္ပြဲဝင္ရမယ့္ ဘာစီလိုနာအတြက္ အားတက္စရာ ျဖစ္လာႏိုင္ပါတယ္။ ဒီဖလား ရရင္ေတာ့ နည္းျပကိုးမန္း ေရာ၊ မႏွစ္က ဖလား လက္မဲ့ ျဖစ္ခဲ့ရတဲ့ ဘာစီလိုနာ အသင္းသားေတြပါအေပ်ာ္ႀကီး ေပ်ာ္ၾကမွာပါ။

ဒါေၾကာင့္ ဘာစီလိုနာ ဟာ လက္တစ္ကမ္း အလိုမွာ ေရာက္ေနတဲ့ အခြင့္အေရး ေကာင္းတစ္ခုကို အရဆုပ္ကိုင္ႏိုင္ဖို႔ အစြမ္းကုန္ ျပင္ဆင္လာမွာ ပါ။ တျခားပြဲ အေနအထားမွာေတာ့ ကိုးမန္းရဲ႕ အသင္းဟာလာလီဂါအမွတ္ေပးဇယားမွာဆိုရင္ ထိပ္ဆုံးေနရာက အသက္လက္တီကိုမက္ဒရစ္အသင္းနဲ႔ (၇)မွတ္ကြာ (၂)ပြဲပိုကန္ထားတဲ့ အေနအထားမွာရွိေနပါတယ္။