
ပရီးမီးယားလိဂ်နဲ့ လာလီဂါတို့မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
ကွင်းလယ်လူဟောင်း မက်မန်နာမန်းက စပိန်တိုက်စစ်သမား
အဆန်စီယို အနေနဲ့ အနာဂတ်မှာ အသင်းပြောင်းမယ်ဆိုရင်
အာဆင်နယ်ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အဆန်စီယိုကို ခေါ်ယူဖို့ လီဗာပူးနဲ့ အာဆင်နယ်တို့က
စောင့်ကြည့်နေတာဖြစ်ပြီး စပိန်သား တိုက်စစ်သမားဟာ
ပွဲကစားခွင့်တွေရဖို့နဲ့ သူ့ရဲ့ ကစားဟန်နဲ့ ကိုက်ညီမယ့် အသင်းထံ
ကူးပြောင်းဖို့ကို စဉ်းစားလာတော့မှာပါ။
မက်မန်နာမန်းကတော့ အူဘာမီယန်နဲ့ လာကာဇက်တီတို့
အသက်အရွယ် ရလာမှုအရ လန်ဒန်ကလပ်ကို ပြောင်းတာက
ပိုမို မှန်ကန်တဲ့ ရွေးချယ်မှုလို့ ပြောဆိုခဲ့တာဖြစ်တယ်။
အဆန်စီယိုကို ခေါ်ယူဖို့ ရေပန်းစား ကလပ်တွေထဲမှာတော့
အင်္ဂလန်နဲ့ စပိန်လိဂ်မှ ကလပ်တွေအပြင် ဘွန်ဒက်လီဂါကလပ်
ဒေါ့မွန်အသင်းလည်း ပါဝင်နေသေးတာဖြစ်တယ်။ အဆန်စီယိုကို
ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်ကလည်း စောင့်ကြည့်နေသေးတာ ဖြစ်ပါတယ်။
‘ အဆန်စီယိုက ရီးရဲလ်မက်ဒရစ်မှာ ပွဲကစားချိန် လုံလောက်မှု မရှိပါဘူး။
သူ့ရဲ့ အကောင်းဆုံး ဂုဏ်သတင်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက
ပိုကောင်းခဲ့မှာပါ။ ၂၀၁၇ တုန်းက ဂျူဗင်တပ်ကို ရင်ဆိုင်တဲ့
ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ဘာစီလိုနာကို ရင်ဆိုင်ကစားတဲ့
စူပါဖလားပွဲတွေမှာ သိပ်လှတဲ့ သွင်းဂိုးတွေ ရယူသွားခဲ့တယ်။
အဲ့နောက်ပိုင်းမှာ သူက ဒဏ်ရာ ပြဿနာတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက
အသင်းမျိုး မဟုတ်တော့ပါဘူး။ လာမယ့်နှစ်မှာ အဆန်စီယိုက
စပိန်ကလပ်ကို စွန့်ခွာမယ်ဆိုရင် အာဆင်နယ်ကို ရွေးချယ်သင့်ပါတယ်။
အူဘာမီယန်က ကစားသမားဘဝ အဆုံးသတ်ကို ရောက်လာနေပြီဖြစ်တယ်။
လာကာဇက်ကလည်း တူညီတဲ့ အခြေအနေဖြစ်ပြီး ရာသီကုန်ရင်
စာချုပ်ကုန်သွားတော့မှာ ဖြစ်ပါတယ်။ အဆန်စီယိုက သူ ပျော်ရွှင်စွာ
ဘောလုံးကစားရမယ့် အသင်းထံ ပြောင်းရွှေ့သင့်ပါတယ်။
လာမယ့် ၁၈ လလောက်မှ သူထွက်မယ်ဆိုရင်တော့ အချိန်ပိုကြာဦးမှာပေါ့။
ဒါပေမယ့် သူက အာဆင်နယ်အကြိုက် ကစားသမားပါ။ အိုဒီဂတ်လိုပဲ
ဘောလုံးကိုင်ကစားတာ ကောင်းတယ်၊ အရမ်းကြီး မြန်စရာ မလိုပေမယ့်
အလှည့်တွေကောင်းတယ်၊ ဂိုးသွင်းနိုင်တယ်၊ အခွင့်အရေး ဖန်တီးနိုင်ပါတယ် ’ လို့
မက်မန်နာမန်းက သုံးသပ်သွားပါတယ်။
zawgyi
စပိန္တိုက္စစ္သမား အဆန္စီယို အေနနဲ႔ အနာဂတ္မွာ အသင္းေျပာင္းမယ္ဆိုရင္ အာဆင္နယ္ကို ေ႐ြးခ်ယ္ဖို႔ ရီးရဲလ္ၾကယ္ပြင့္တိုက္တြန္း
ပရီးမီးယားလိဂ္နဲ႔ လာလီဂါတို႔မွာ ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္
ကြင္းလယ္လူေဟာင္း မက္မန္နာမန္းက စပိန္တိုက္စစ္သမား
အဆန္စီယို အေနနဲ႔ အနာဂတ္မွာ အသင္းေျပာင္းမယ္ဆိုရင္
အာဆင္နယ္ကို ေ႐ြးခ်ယ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။
အဆန္စီယိုကို ေခၚယူဖို႔ လီဗာပူးနဲ႔ အာဆင္နယ္တို႔က
ေစာင့္ၾကည့္ေနတာျဖစ္ၿပီး စပိန္သား တိုက္စစ္သမားဟာ
ပြဲကစားခြင့္ေတြရဖို႔နဲ႔ သူ႔ရဲ႕ ကစားဟန္နဲ႔ ကိုက္ညီမယ့္ အသင္းထံ
ကူးေျပာင္းဖို႔ကို စဥ္းစားလာေတာ့မွာပါ။
မက္မန္နာမန္းကေတာ့ အူဘာမီယန္နဲ႔ လာကာဇက္တီတို႔
အသက္အ႐ြယ္ ရလာမႈအရ လန္ဒန္ကလပ္ကို ေျပာင္းတာက
ပိုမို မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈလို႔ ေျပာဆိုခဲ့တာျဖစ္တယ္။
အဆန္စီယိုကို ေခၚယူဖို႔ ေရပန္းစား ကလပ္ေတြထဲမွာေတာ့
အဂၤလန္နဲ႔ စပိန္လိဂ္မွ ကလပ္ေတြအျပင္ ဘြန္ဒက္လီဂါကလပ္
ေဒါ့မြန္အသင္းလည္း ပါဝင္ေနေသးတာျဖစ္တယ္။ အဆန္စီယိုကို
ေခၚယူႏိုင္ဖို႔ ဂ်ဴဗင္တပ္ကလည္း ေစာင့္ၾကည့္ေနေသးတာ ျဖစ္ပါတယ္။
‘ အဆန္စီယိုက ရီးရဲလ္မက္ဒရစ္မွာ ပြဲကစားခ်ိန္ လုံေလာက္မႈ မရွိပါဘူး။
သူ႔ရဲ႕ အေကာင္းဆုံး ဂုဏ္သတင္းက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္တုန္းက
ပိုေကာင္းခဲ့မွာပါ။ ၂၀၁၇ တုန္းက ဂ်ဴဗင္တပ္ကို ရင္ဆိုင္တဲ့
ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲနဲ႔ ဘာစီလိုနာကို ရင္ဆိုင္ကစားတဲ့
စူပါဖလားပြဲေတြမွာ သိပ္လွတဲ့ သြင္းဂိုးေတြ ရယူသြားခဲ့တယ္။
အဲ့ေနာက္ပိုင္းမွာ သူက ဒဏ္ရာ ျပႆနာေတြ အမ်ားႀကီး ရင္ဆိုင္ခဲ့ရပါတယ္။
ရီးရဲလ္မက္ဒရစ္ကလည္း လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္တုန္းက
အသင္းမ်ိဳး မဟုတ္ေတာ့ပါဘူး။ လာမယ့္ႏွစ္မွာ အဆန္စီယိုက
စပိန္ကလပ္ကို စြန႔္ခြာမယ္ဆိုရင္ အာဆင္နယ္ကို ေ႐ြးခ်ယ္သင့္ပါတယ္။
အူဘာမီယန္က ကစားသမားဘဝ အဆုံးသတ္ကို ေရာက္လာေနၿပီျဖစ္တယ္။
လာကာဇက္ကလည္း တူညီတဲ့ အေျခအေနျဖစ္ၿပီး ရာသီကုန္ရင္
စာခ်ဳပ္ကုန္သြားေတာ့မွာ ျဖစ္ပါတယ္။ အဆန္စီယိုက သူ ေပ်ာ္႐ႊင္စြာ
ေဘာလုံးကစားရမယ့္ အသင္းထံ ေျပာင္းေ႐ႊ႕သင့္ပါတယ္။
လာမယ့္ ၁၈ လေလာက္မွ သူထြက္မယ္ဆိုရင္ေတာ့ အခ်ိန္ပိုၾကာဦးမွာေပါ့။
ဒါေပမယ့္ သူက အာဆင္နယ္အႀကိဳက္ ကစားသမားပါ။ အိုဒီဂတ္လိုပဲ
ေဘာလုံးကိုင္ကစားတာ ေကာင္းတယ္၊ အရမ္းႀကီး ျမန္စရာ မလိုေပမယ့္
အလွည့္ေတြေကာင္းတယ္၊ ဂိုးသြင္းႏိုင္တယ္၊ အခြင့္အေရး ဖန္တီးႏိုင္ပါတယ္ ’ လို႔
မက္မန္နာမန္းက သုံးသပ္သြားပါတယ္။