စပိုက်ဒီရဲ့ ဆန္ဒကို ဥပေက္ခာပြုလိုက်တဲ့ ဘက်ပေး

ပီအက်စ်ဂျီစူပါစတားကိုင်လီယန်ဘက်ပေးဟာစပါးစ်အသင်းသို့

ပြောင်းရွှေ့ကစားမလားလို့ Spider-Man: No Way Home စတားတွမ်ဟော်လန်က

မေးမြန်းလာမှုကို ဟားတိုက်ရယ်ခဲ့တာတွေ့ရပါတယ်။

ဟော်လန်ဟာစပါးစ်ပရိသတ်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက

ပဲရစ်တွင်ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားတွင်

အသက်၂၂နှစ်ရှိပြင်သစ်စတားကိုင်လီယန်ဘက်ပေးနှင့်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၅နှစ်ရှိအင်္ဂလိပ်မင်းသားကဘက်ပေးမှာအလွန်ခင်မင်တတ်သူဖြစ်ကြောင်း

ဆိုသွားခဲ့သော်လည်းသူအားပေးတဲ့လန်ဒန်ကလပ်သို့

ပြောင်းကစားဖို့ပြောဆိုချိန်မှာတော့မအောင်မြင်ခဲ့ပါဘူး။

တွမ်ဟော်လန်က “ဘက်ပေးနဲ့တွေ့ခဲ့တယ်။ကျွန်တော်က

‘မင်းနဲ့တွေ့ရတာဝမ်းသာတယ်’လို့ပြောခဲ့တယ်။သူကလည်းခင်တတ်မင်တတ်ပါတယ်။

ကျွန်တော်က ‘ဘော်ဒါကြီး မင်း စပါးစ်သို့လာကစားသင့်တယ်’လို့ပြောလိုက်တော့

ရယ်ပြီးတော့ပဲတုံ့ပြန်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဘက်ပေးကိုယ်တိုင်ကလည်း “နိုး။မဖြစ်နိုင်ဘူး။ဒါကလုံးဝမဖြစ်နိုင်ဘူး”လို့

ပြောကြားကာရယ်မောနေခဲ့ပါတယ်။

ဘက်ပေးဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး

လာမယ့်နွေရာသီတွင်ရီးရဲလ်မက်ဒရစ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်

ပြောင်းရွှေ့မယ်လို့သတင်းထွက်နေသူလည်းဖြစ်ပါတယ်။

zawgyi

စပိုက္ဒီရဲ႕ ဆႏၵကို ဥေပကၡာျပဳလိုက္တဲ့ ဘက္ေပး

ပီအက္စ္ဂ်ီစူပါစတားကိုင္လီယန္ဘက္ေပးဟာစပါးစ္အသင္းသို႔

ေျပာင္းေ႐ႊ႕ကစားမလားလို႔ Spider-Man: No Way Home စတားတြမ္ေဟာ္လန္က

ေမးျမန္းလာမႈကို ဟားတိုက္ရယ္ခဲ့တာေတြ႕ရပါတယ္။

ေဟာ္လန္ဟာစပါးစ္ပရိသတ္တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့လတုန္းက

ပဲရစ္တြင္က်င္းပတဲ့ Ballon d’Or ဆုေပးပြဲအခမ္းအနားတြင္

အသက္၂၂ႏွစ္ရွိျပင္သစ္စတားကိုင္လီယန္ဘက္ေပးႏွင့္ေတြ႕ဆုံခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၅ႏွစ္ရွိအဂၤလိပ္မင္းသားကဘက္ေပးမွာအလြန္ခင္မင္တတ္သူျဖစ္ေၾကာင္း

ဆိုသြားခဲ့ေသာ္လည္းသူအားေပးတဲ့လန္ဒန္ကလပ္သို႔

ေျပာင္းကစားဖို႔ေျပာဆိုခ်ိန္မွာေတာ့မေအာင္ျမင္ခဲ့ပါဘူး။

တြမ္ေဟာ္လန္က “ဘက္ေပးနဲ႔ေတြ႕ခဲ့တယ္။ကြၽန္ေတာ္က

‘မင္းနဲ႔ေတြ႕ရတာဝမ္းသာတယ္’လို႔ေျပာခဲ့တယ္။သူကလည္းခင္တတ္မင္တတ္ပါတယ္။

ကြၽန္ေတာ္က ‘ေဘာ္ဒါႀကီး မင္း စပါးစ္သို႔လာကစားသင့္တယ္’လို႔ေျပာလိုက္ေတာ့

ရယ္ၿပီးေတာ့ပဲတုံ႔ျပန္ခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဘက္ေပးကိုယ္တိုင္ကလည္း “ႏိုး။မျဖစ္ႏိုင္ဘူး။ဒါကလုံးဝမျဖစ္ႏိုင္ဘူး”လို႔

ေျပာၾကားကာရယ္ေမာေနခဲ့ပါတယ္။

ဘက္ေပးဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး

လာမယ့္ေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္

ေျပာင္းေ႐ႊ႕မယ္လို႔သတင္းထြက္ေနသူလည္းျဖစ္ပါတယ္။