စပို့တင်းကပေါ်တူဂီကစားသမားဆိုရင်လာထား… ယူနိုက်တက် ခေါ်ယူချင်တဲ့ နောက်ထပ် ဖာနန်ဒက်စ်လို ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖာနန်ဒက်စ်တစ်ယောက်တည်းကပဲ ယူနိုက်တက်အသင်းကို ဘယ်လောက်တောင်အကူအညီ ဖြစ်စေလိုက်ပါသလဲ။ ဒါကြောင့် ပရိသတ်တွေက နောက်ထပ် ဖာနန်ဒက်စ်လို ကစားသမားမျိုးကို အသင်းမှာ ရှိစေချင်ကြပါတယ်။ အခုအခါ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းအသင်းက ဖာနန်ဒက်စ်နောက်တစ်ယောက်လို့ တင်စားရမယ့် လူငယ်ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပါတယ်။

ပေါ်တူဂီမီဒီယာ Record မှာ ဖော်ပြထားမှုအရ ယူနိုက်တက် အသင်းဟာ စပို့တင်း အသင်းရဲ့ အသက် ၂၂နှစ် အရွယ် ကွင်းလယ်လူ ပက်ထရိုဂွန်းကားလ်ဗက်စ် အပေါ် အလွန် စိတ်ဝင်စားလျက် ရှိနေကြောင်း ဖော်ပြလာပါတယ်။ ဒါပေမယ့် စပို့တင်း အသင်းဟာ အစောပိုင်းကတော့အဲဒီ ညာတောင်ပံ ကစားသမားကို ဇန်နဝါရီ လ အတွင်း ရောင်းချသွားဖို့ ငြင်းဆန်ထားပါတယ်။

ယူနိုက်တက်အသင်းနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ ကစားသမားပြောင်းရွှေ့ရောင်းချမှုမှာ အတော်ကို ကံစပ်ကြတဲ့ နှစ်သင်းလို့ ပြောရမှာပါပဲ ပေါ်တူဂီသားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ နာနီ၊ ဘရူနိုဖာနန်ဒက်စ်တို့(၃)ဦးကတော့ အအောင်မြင်ဆုံးပြယုဒ်ဖြစ်ခဲ့ပြီး အာဂျင်တီးနားသား ရိုဂျိုကတော့ထူးခြားတဲ့စွမ်းဆောင်ရည်တွေမပြသနိုင်ခဲ့ပါဘူး။ ထူးခြားမှုတစ်ခုအနေနဲ့က စပို့တင်းလစ္စဘွန်းအသင်းကနေခေါ်ယူပြီး အသင်းသမိုင်းမှာ အောင်မြင်မှုတွေရရှိတဲ့သူ(၃)ယောက်စလုံးဟာ ပေါ်တူဂီသားတွေဖြစ်ပြီး အခုအခါမှာလည်း စပို့တင်း အသင်းမှာ နာမည်ကျော်လာပြီးယူနိုက်တက်အသင်းစိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ပက်ထရိုဂွန်းကားလ်ဗက်စ် ဟာလည်း ပေါ်တူဂီကစားသမားတစ်ဦးဖြစ်နေပါတယ်။ ပက်ထရိုဂွန်းကားလ်ဗက်စ်ဟာ သူ့ရဲ့စီနီယာကစားသမားတွေ ရဲ့ အောင်မြေဖြစ်တဲ့ ယူနိုက်တက်ကိုရောက်ရှိလာမလားဆိုတာကစိတ်ဝင်စားစရာပါပဲ။

အခုအပြောင်းအရွှေ့ကာလမှာယူနိုက်တက်အသင်းကလိုချင်ရင်တော့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၆၀ ပေးချေရင် ကစားသမား ကို ခေါ်ယူခွင့်ရနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ကစားသမားကိုယ်တိုင်က ဇန်နဝါရီလအတွင်း အသင်းပြောင်းရွှေ့ချင်စိတ်ရှိဖို့ပါ။

ဂွန်ကားလ်ဗက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါ်တူဂီလိဂ်ရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားဟာ ယခုနှစ်ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၁၁ ပွဲကစားပေးထားပြီး ၁၁ ဂိုး သွင်းယူပေးထားပါတယ်။

အချို့ သတင်းတွေအရတော့ စပို့တင်းလစ္စဘွန်းအသင်းဟာ လက်ရှိအချိန်အထိ သူတို့ရဲ့ ကစားသမား‌အတွက် မည်သည့်ကမ်းလှမ်းမှုမှ မရသေးဘူးလို့ သိရပါတယ်။ ဂွန်ကားလ်ဗက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီလိဂ်ဖလားရယူဖို့ ရည်မှန်းထားတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

မကြာခင်မှာ ဘယ်သူတွေ အသင်းကထွက်ပြီး၊ ဘယ်သူတွေ အသင်းဆီရောက်လာမလဲဆိုတာ မြင်တွေ့ရပါတော့မယ်။ စပို့တင်း အသင်းနဲ့ ယူနိုက်တက်တို့ဟာ ဆက်ဆံရေးကောင်းမွန်ပါတယ်။ ပက်ထရိုဂွန်းကားလ်ဗက်စ် ကို ယူနိုက်တက် ဒီအတိုင်းပဲစိတ်ဝင်စားနေတာလား၊ ဒါမှမဟုတ် အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စပို႔တင္းကဆိုရင္လာထား… ယူႏိုက္တက္ ေခၚယူခ်င္တဲ့ ေနာက္ထပ္ ဖာနန္ဒက္စ္လို ကစားသမား

ဖာနန္ဒက္စ္တစ္ေယာက္တည္းကပဲ ယူႏိုက္တက္အသင္းကို ဘယ္ေလာက္ေတာင္အကူအညီ ျဖစ္ေစလိုက္ပါသလဲ။ ဒါေၾကာင့္ ပရိသတ္ေတြက ေနာက္ထပ္ ဖာနန္ဒက္စ္လို ကစားသမားမ်ိဳးကို အသင္းမွာ ရွိေစခ်င္ၾကပါတယ္။ အခုအခါ ယူႏိုက္တက္ဟာ စပို႔တင္းလစၥဘြန္းအသင္းက ဖာနန္ဒက္စ္ေနာက္တစ္ေယာက္လို႔ တင္စားရမယ့္ လူငယ္ကစားသမားတစ္ေယာက္ကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္လာပါတယ္။

ေပၚတူဂီမီဒီယာ Record မွာ ေဖာ္ျပထားမႈအရ ယူႏိုက္တက္ အသင္းဟာ စပို႔တင္း အသင္းရဲ႕ အသက္ ၂၂ႏွစ္ အ႐ြယ္ ကြင္းလယ္လူ ပက္ထ႐ိုဂြန္းကားလ္ဗက္စ္ အေပၚ အလြန္ စိတ္ဝင္စားလ်က္ ရွိေနေၾကာင္း ေဖာ္ျပလာပါတယ္။ ဒါေပမယ့္ စပို႔တင္း အသင္းဟာ အေစာပိုင္းကေတာ့အဲဒီ ညာေတာင္ပံ ကစားသမားကို ဇန္နဝါရီ လ အတြင္း ေရာင္းခ်သြားဖို႔ ျငင္းဆန္ထားပါတယ္။ ယူႏိုက္တက္အသင္းနဲ႔ စပို႔တင္းလစၥဘြန္းအသင္းတို႔ဟာ ကစားသမားေျပာင္းေ႐ႊ႕ေရာင္းခ်မႈမွာ အေတာ္ကို ကံစပ္ၾကတဲ့ ႏွစ္သင္းလို႔ ေျပာရမွာပါပဲ ေပၚတူဂီသားေတြျဖစ္တဲ့ စီေရာ္နယ္ဒို၊ နာနီ၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔(၃)ဦးကေတာ့ အေအာင္ျမင္ဆုံးျပယုဒ္ျဖစ္ခဲ့ၿပီး အာဂ်င္တီးနားသား ႐ိုဂ်ိဳကေတာ့ထူးျခားတဲ့စြမ္းေဆာင္ရည္ေတြမျပသႏိုင္ခဲ့ပါဘူး။ ထူးျခားမႈတစ္ခုအေနနဲ႕က စပို႔တင္းလစၥဘြန္းအသင္းကေနေခၚယူၿပီး အသင္းသမိုင္းမွာ ေအာင္ျမင္မႈေတြရရွိတဲ့သူ(၃)ေယာက္စလံုးဟာ ေပၚတူဂီသားေတြျဖစ္ၿပီး အခုအခါမွာလည္း စပို႔တင္း အသင္းမွာ နာမည္ေက်ာ္လာၿပီးယူႏိုက္တက္အသင္းစိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ပက္ထ႐ိုဂြန္းကားလ္ဗက္စ္ ဟာလည္း ေပၚတူဂီကစားသမားတစ္ဦးျဖစ္ေနပါတယ္။ ပက္ထ႐ိုဂြန္းကားလ္ဗက္စ္ဟာ သူ႔ရဲ႕စီနီယာကစားသမားေတြ ရဲ႕ ေအာင္ေျမျဖစ္တဲ့ ယူႏိုက္တက္ကိုေရာက္ရွိလာမလားဆိုတာကစိတ္ဝင္စားစရာပါပဲ။

အခုအေျပာင္းအေ႐ႊ႕ကာလမွာယူႏိုက္တက္အသင္းကလိုခ်င္ရင္ေတာ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို သန္း ၆၀ ေပးေခ်ရင္ ကစားသမား ကို ေခၚယူခြင့္ရႏိုင္မွာျဖစ္ပါတယ္။ ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္ကေတာ့ ကစားသမားကိုယ္တိုင္က ဇန္နဝါရီလအတြင္း အသင္းေျပာင္းေ႐ႊ႕ခ်င္စိတ္ရွိဖို႔ပါ။ ဂြန္ကားလ္ဗက္စ္ဟာ စပို႔တင္းလစၥဘြန္းအသင္းကို ေပၚတူဂီလိဂ္ရဲ႕ ထိပ္ပိုင္းမွာ ရပ္တည္ႏိုင္ဖို႔ ကူညီေပးႏိုင္ခဲ့ပါတယ္။ လူငယ္ၾကယ္ပြင့္ ကြင္းလယ္ကစားသမားဟာ ယခုႏွစ္ေဘာလုံးရာသီမွာ စပို႔တင္းလစၥဘြန္းအသင္းအတြက္ ၁၁ ပြဲကစားေပးထားၿပီး ၁၁ ဂိုး သြင္းယူေပးထားပါတယ္။ အခ်ိဳ႕ သတင္းေတြအရေတာ့ စပို႔တင္းလစၥဘြန္းအသင္းဟာ လက္ရွိအခ်ိန္အထိ သူတို႔ရဲ႕ ကစားသမား‌အတြက္ မည္သည့္ကမ္းလွမ္းမႈမွ မရေသးဘူးလို႔ သိရပါတယ္။ဂြန္ကားလ္ဗက္စ္ဟာ စပို႔တင္းလစၥဘြန္းအသင္းနဲ႔ ေပၚတူဂီလိဂ္ဖလားရယူဖို႔ ရည္မွန္းထားတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။

မၾကာခင္မွာ ဘယ္သူေတြ အသင္းကထြက္ၿပီး၊ ဘယ္သူေတြ အသင္းဆီေရာက္လာမလဲဆိုတာ ျမင္ေတြ႕ရပါေတာ့မယ္။ စပို႔တင္း အသင္းနဲ႔ ယူႏိုက္တက္တို႔ဟာ ဆက္ဆံေရးေကာင္းမြန္ပါတယ္။ ပက္ထ႐ိုဂြန္းကားလ္ဗက္စ္ ကို ယူႏိုက္တက္ ဒီအတိုင္းပဲစိတ္ဝင္စားေနတာလား၊ ဒါမွမဟုတ္ အိုးလ္ထရက္ဖို႔ဒ္ကို ေခၚယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။