စပွန်ဆာတွေက အားကစားပြိုင်ပွဲကို အကူအညီ ဖြစ်စေတယ်လို့ ရော်နယ်ဒိုကို တုံ့ပြန်လိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန် နည်းပြ ဆောက်ဂိတ်ဟာ ရော်နယ်ဒိုအနေနဲ့ ယူရို (၂၀၂၀) စပွန်ဆာ ဖြစ်တဲ့ ကိုကာကိုလာ အချိုရည်ကို သောက်ဖို့ ငြင်းပယ်ခဲ့ပြီးတဲ့နောက် ယူရို (၂၀၂၀) စပွန်ဆာတွေကို ခုခံကာကွယ် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ယခုအပတ် အစောပိုင်းက တိုက်စစ်မှူး ရော်နယ်ဒိုဟာ သတင်းစာ ရှင်းလင်းပွဲမှာ သူရှေ့က ကိုကာကိုလာကို သောက်ဖို့ ငြင်းပယ်ခဲ့ပြီး သတင်းထောက်တွေကို ကိုကာကိုလာအစား ရေကို သောက်ဖို့ တိုက်တွန်းသွားပါတယ်။

ရော်နယ်ဒိုလိုပဲ အီတလီ ကွင်းလယ်လူ လိုကာတယ်လီကလည်း ဆွစ်ဇာလန်အသင်းကို (၃-ဝ) ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကိုကာကိုလာ အချိုရည်ဗူးကို သူ့ရှေ့ကနေ ဖယ်ရှားခဲ့ပြန်ပါတယ်။

သူတို့လိုပဲ မန်ယူ နဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကလည်း သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရှေ့ ချပေးထားတဲ့ ဟန်နီကယ် ဘီယာပုလင်းကို ဖယ်ရှားခဲ့ပြီး ယူရို (၂၀၂၀) စပွန်ဆာတွေက ပုံရိပ်ကျဆင်းမှုတွေ ရှိလာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယနေ့ည၊ သောကြာနေ့ည၊ စနေနေ့ နံနက်၊ (၁း၃၀) အချိန်မှာ စကော့တလန်အသင်းနဲ့ အုပ်စုပွဲစဉ် ကစားမှာ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲကို အင်္ဂလန် နည်းပြ ဆောက်ဂိတ် တက်ရောက်လာခဲ့ပါတယ်။

နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ အတူ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်လာခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲမှာ စပွန်ဆာ ပစ္စည်းတွေကို ခုခံကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


နည်းပြ ဆောက်ဂိတ်ဟာ သတင်းစာ ရှင်းလင်းပွဲမှာ စပွန်ဆာ ပစ္စည်းတွေ သူရှေ့မှာ ချတာနဲ့ ပက်သက်ပြီးတော့ အမေးခံရတဲ့ အချိန်မှာ သူက “အားကစား ပြိုင်ပွဲမှာ စပွန်ဆာတွေ အများကြီး ရှိပြီး စပွန်ဆာဆီကနေ ရရှိလာတဲ့ ငွေကြေးက အားကစား ပြိုင်ပွဲကို လည်ပတ်ဖို့ အကူအညီပေးပါတယ်။ နိုင်ငံတိုင်းမှာ ရင်းနှီးမြုပ်နှံ့မှု လိုပါတယ်။”

“စပွန်ဆာ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံ့မှု မရှိဘူး ဆိုရင်တော့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့အတွက် အလွန် ခက်ခဲပါလိမ့်မယ်။ ဘယ်လို ပစ္စည်းပဲ ဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံမှာ ကျန်းမာရေးနဲ့ ညီညွတ်လား ဆိုတာ စဉ်းစားကြပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို ခေတ်နဲ့ အညီ ဆောင်ရွက်နိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

Zawgyi

စပြန္ဆာေတြက ေဘာလုံးကို အကူအညီ ျဖစ္ေစတယ္လို႔ ေရာ္နယ္ဒိုကို တုံ႔ျပန္လိုက္တဲ့ ေဆာက္ဂိတ္

အဂၤလန္ နည္းျပ ေဆာက္ဂိတ္ဟာ ေရာ္နယ္ဒိုအေနနဲ႔ ယူ႐ို (၂၀၂၀) စပြန္ဆာ ျဖစ္တဲ့ ကိုကာကိုလာ အခ်ိဳရည္ကို ေသာက္ဖို႔ ျငင္းပယ္ခဲ့ၿပီးတဲ့ေနာက္ ယူ႐ို (၂၀၂၀) စပြန္ဆာေတြကို ခုခံကာကြယ္ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

ယခုအပတ္ အေစာပိုင္းက တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ သတင္းစာ ရွင္းလင္းပြဲမွာ သူေရွ႕က ကိုကာကိုလာကို ေသာက္ဖို႔ ျငင္းပယ္ခဲ့ၿပီး သတင္းေထာက္ေတြကို ကိုကာကိုလာအစား ေရကို ေသာက္ဖို႔ တိုက္တြန္းသြားပါတယ္။

ေရာ္နယ္ဒိုလိုပဲ အီတလီ ကြင္းလယ္လူ လိုကာတယ္လီကလည္း ဆြစ္ဇာလန္အသင္းကို (၃-ဝ) ရလဒ္နဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့တဲ့ ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ကိုကာကိုလာ အခ်ိဳရည္ဗူးကို သူ႔ေရွ႕ကေန ဖယ္ရွားခဲ့ျပန္ပါတယ္။

သူတို႔လိုပဲ မန္ယူ နဲ႔ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာကလည္း သတင္းစာ ရွင္းလင္းပြဲမွာ သူ႔ေရွ႕ ခ်ေပးထားတဲ့ ဟန္နီကယ္ ဘီယာပုလင္းကို ဖယ္ရွားခဲ့ၿပီး ယူ႐ို (၂၀၂၀) စပြန္ဆာေတြက ပုံရိပ္က်ဆင္းမႈေတြ ရွိလာခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ယေန႔ည၊ ေသာၾကာေန႔ည၊ စေနေန႔ နံနက္၊ (၁း၃၀) အခ်ိန္မွာ စေကာ့တလန္အသင္းနဲ႔ အုပ္စုပြဲစဥ္ ကစားမွာ ျဖစ္ၿပီး သတင္းစာ ရွင္းလင္းပြဲကို အဂၤလန္ နည္းျပ ေဆာက္ဂိတ္ တက္ေရာက္လာခဲ့ပါတယ္။

နည္းျပ ေဆာက္ဂိတ္ဟာ အဂၤလန္ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းနဲ႔ အတူ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲကို တက္ေရာက္လာခဲ့ၿပီး သတင္းစာ ရွင္းလင္းပြဲမွာ စပြန္ဆာ ပစၥည္းေတြကို ခုခံကာကြယ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

နည္းျပ ေဆာက္ဂိတ္ဟာ သတင္းစာ ရွင္းလင္းပြဲမွာ စပြန္ဆာ ပစၥည္းေတြ သူေရွ႕မွာ ခ်တာနဲ႔ ပက္သက္ၿပီးေတာ့ အေမးခံရတဲ့ အခ်ိန္မွာ သူက “အားကစား ၿပိဳင္ပြဲမွာ စပြန္ဆာေတြ အမ်ားႀကီး ရွိၿပီး စပြန္ဆာဆီကေန ရရွိလာတဲ့ ေငြေၾကးက အားကစား ၿပိဳင္ပြဲကို လည္ပတ္ဖို႔ အကူအညီေပးပါတယ္။ ႏိုင္ငံတိုင္းမွာ ရင္းႏွီးျမဳပ္ႏွံ႔မႈ လိုပါတယ္။”

“စပြန္ဆာ ကုမၸဏီေတြရဲ႕ ရင္းႏွီးျမဳပ္ႏွံ႔မႈ မရွိဘူး ဆိုရင္ေတာ့ လိုအပ္တဲ့ ပစၥည္းေတြကို ေထာက္ပံ့ေပးဖို႔အတြက္ အလြန္ ခက္ခဲပါလိမ့္မယ္။ ဘယ္လို ပစၥည္းပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ က်န္းမာေရးနဲ႔ ညီၫြတ္လား ဆိုတာ စဥ္းစားၾကပါတယ္။ ဒါေပမယ့္ ဘယ္အရာမဆို ေခတ္နဲ႔ အညီ ေဆာင္႐ြက္ႏိုင္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။