စမစ်ဟာ ဗီလာနည်းပြရာထူးမှထုတ်ပယ်ခံရပြီး ၆ ရက်အကြာတွင် နော့ဝှစ်ချ်ရာထူးအတွက် ကမ်းလှမ်းခံရ

ဒိန်းစမစ်ဟာဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီး၆ရက်အကြာတွင်ပင်

နော့ဝှစ်ချ်နည်းပြရာထူးအတွက်တရားဝင်ကမ်းလှမ်းခြင်းခံထားရပါတယ်။

ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရဒိန်းစမစ်ဟာနော့ဝှစ်ချ်ကိုကိုင်တွယ်ကာ

ပရီးမီးယားလိဂ်တွင်တင်ကျန်ရေးစိန်ခေါ်မှုအားရင်ဆိုင်ရန်အသင့်ရှိနေပြီး

အကြမ်းဖျင်းသဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၅၀နှစ်ရှိဒိန်းစမစ်ဟာယခုအပတ်အစောပိုင်းတုန်းကငါးပွဲဆက်

အရှုံးနှင့်ရင်ဆိုင်ရပြီးနောက်ဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဗီလာဟာဒိန်းစမစ်နေရာတွင်လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်ကိုအစားထိုးခန့်အပ်ခဲ့ပါတယ်။

နော့ဝှစ်ချ်ဟာလည်းပြီးခဲ့တဲ့အပတ်တုန်းကအသင်းကိုပရီးမီးယားလိဂ်

ပထမဆုံးနိုင်ပွဲရအောင်စွမ်းဆောင်ခဲ့ပေမယ့်နည်းပြဖာကီကိုရာထူးမှ

ထုတ်ပယ်ခဲ့ပါတယ်။ဒိန်းစမစ်ဟာနော့ဝှစ်ချ်အသင်းနှင့်၂နှစ်ခွဲစာချုပ်

ချုပ်ဆိုသွားဖို့ရှိနေပါတယ်။သူဟာလက်ထောက်နည်းပြအဖြစ်အတွေ့အကြုံရင့်

ခရစ်ရှိတ်စပီးယားကိုလည်းတပါတည်းခေါ်ဆောင်လာဖို့ရှိပါတယ်။

zawgyi

စမစ္ဟာ ဗီလာနည္းျပရာထူးမွထုတ္ပယ္ခံရၿပီး ၆ ရက္အၾကာတြင္ ေနာ့ဝွစ္ခ်္ရာထူးအတြက္ ကမ္းလွမ္းခံရ

ဒိန္းစမစ္ဟာဗီလာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီး၆ရက္အၾကာတြင္ပင္

ေနာ့ဝွစ္ခ်္နည္းျပရာထူးအတြက္တရားဝင္ကမ္းလွမ္းျခင္းခံထားရပါတယ္။

ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒိန္းစမစ္ဟာေနာ့ဝွစ္ခ်္ကိုကိုင္တြယ္ကာ

ပရီးမီးယားလိဂ္တြင္တင္က်န္ေရးစိန္ေခၚမႈအားရင္ဆိုင္ရန္အသင့္ရွိေနၿပီး

အၾကမ္းဖ်င္းသေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၅၀ႏွစ္ရွိဒိန္းစမစ္ဟာယခုအပတ္အေစာပိုင္းတုန္းကငါးပြဲဆက္

အရႈံးႏွင့္ရင္ဆိုင္ရၿပီးေနာက္ဗီလာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဗီလာဟာဒိန္းစမစ္ေနရာတြင္လီဗာပူးဂႏၴဝင္စတီဗင္ဂ်ရတ္ကိုအစားထိုးခန႔္အပ္ခဲ့ပါတယ္။

ေနာ့ဝွစ္ခ်္ဟာလည္းၿပီးခဲ့တဲ့အပတ္တုန္းကအသင္းကိုပရီးမီးယားလိဂ္

ပထမဆုံးႏိုင္ပြဲရေအာင္စြမ္းေဆာင္ခဲ့ေပမယ့္နည္းျပဖာကီကိုရာထူးမွ

ထုတ္ပယ္ခဲ့ပါတယ္။ဒိန္းစမစ္ဟာေနာ့ဝွစ္ခ်္အသင္းႏွင့္၂ႏွစ္ခြဲစာခ်ဳပ္

ခ်ဳပ္ဆိုသြားဖို႔ရွိေနပါတယ္။သူဟာလက္ေထာက္နည္းျပအျဖစ္အေတြ႕အႀကဳံရင့္

ခရစ္ရွိတ္စပီးယားကိုလည္းတပါတည္းေခၚေဆာင္လာဖို႔ရွိပါတယ္။