စမတ်ဒေါင်း အကွက်တွေထုတ်သုံးပြီး ဗီလာနောက်ခံလူ တိုင်ရွန်မင်းကို နပန်းလုံးခဲ့တဲ့ စီရော်နယ်လ်ဒို

ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)အဖြစ် အက်စတွန်ဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို

ဝါရင့်ကစားသမားကြီး စီရော်နယ်လ်ဒိုဟာလည်း ကံကောင်းလို့ အနီကတ်နဲ့အထုတ်မခံခဲ့ရတာဖြစ်ပါတယ်။

ဗီလာအသင်းအတွက်ဂိုးတွေကို ပွဲစလို့ (၇)မိနစ်မှာ ဘေလီ၊ (၁၁)မိနစ်မှာ ဒစ်ဂ်နေး၊ (၄၉)မိနစ်မှာ ဂျေကော့ဘ်ရမ်ဆေးတို့က သွင်းယူခဲ့ပြီး

ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးက လုခ်ရှောရဲ့ ကန်ချက်ကနေ ဂျေကော့ဘ်ရမ်ဆေးက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ စီရော်နယ်လ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ် (၄)ပွဲမြောက် ပွဲထွက်ကစားခွင့်ရခဲ့သလို ပြီးခဲ့တဲ့ဇန်နဝါလတုန်းက

ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း ပထမဆုံးအဖြစ် အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ ခြေစွမ်းမပြနိုင်ဘဲ သူ့ရဲ့ အပိုင်ခေါင်းတိုက်ချက်တစ်ကြိမ်ကို အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာက ပွဲချိန်မိနစ်(၆၀)လောက်မှာ အက်စတွန်ဗီလာနောက်ခံလူ တိုင်ရွန်မင်းစ်နဲ့ ရန်ဖြစ်ခဲ့တာပါပဲ။

စီရော်နယ်လ်ဒိုနဲ့ တိုင်ရွန်မင်းစ်တို့ဟာ ပယ်နယ်တီဧရိယာထဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တွန်းထိုးခဲ့ကြပြီး

ဒီဖြစ်ရပ်ကို VAR က ပြန်ကြည့်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကိုတော့ အနီကတ်ပြဖို့ မဆုံးဖြတ်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုဟာ အသင်းခေါင်းဆောင်အဖြစ် ရှားရှားပါးပါးပွဲထွက်ခွင့်ရချိန်မှာ

ပြိုင်ဘက်ကစားသမားနဲ့ အခုလို ရန်ဖြစ်ခဲ့တာက အရုပ်ဆိုးခဲ့ပြီး အသင်းခေါင်းဆောင်မပီသတဲ့ အပြုအမူလို့ ဝေဖန်ရမှာဖြစ်ပါတယ်။

zawgyi

စမတ္ေဒါင္း အကြက္ေတြထုတ္သုံးၿပီး ဗီလာေနာက္ခံလူ တိုင္႐ြန္မင္းကို နပန္းလုံးခဲ့တဲ့ စီေရာ္နယ္လ္ဒို

ပရီးမီးယားလိဂ္ပြဲစဥ္(၁၅)အျဖစ္ အက္စတြန္ဗီလာနဲ႔ကစားခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ (၃-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို

ဝါရင့္ကစားသမားႀကီး စီေရာ္နယ္လ္ဒိုဟာလည္း ကံေကာင္းလို႔ အနီကတ္နဲ႔အထုတ္မခံခဲ့ရတာျဖစ္ပါတယ္။

ဗီလာအသင္းအတြက္ဂိုးေတြကို ပြဲစလို႔ (၇)မိနစ္မွာ ေဘလီ၊ (၁၁)မိနစ္မွာ ဒစ္ဂ္ေနး၊ (၄၉)မိနစ္မွာ ေဂ်ေကာ့ဘ္ရမ္ေဆးတို႔က သြင္းယူခဲ့ၿပီး

ယူႏိုက္တက္အတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးက လုခ္ေရွာရဲ႕ ကန္ခ်က္ကေန ေဂ်ေကာ့ဘ္ရမ္ေဆးက ကိုယ့္ဂိုးကိုယ္ သြင္းယူခဲ့ပါတယ္။

ဒီပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီပရီးမီးယားလိဂ္ (၄)ပြဲေျမာက္ ပြဲထြက္ကစားခြင့္ရခဲ့သလို ၿပီးခဲ့တဲ့ဇန္နဝါလတုန္းက

ဝုလ္ဗ္နဲ႔ကစားခဲ့တဲ့ပြဲေနာက္ပိုင္း ပထမဆုံးအျဖစ္ အသင္းေခါင္းေဆာင္လက္ပတ္ ဝတ္ဆင္ခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့ စီေရာ္နယ္လ္ဒိုဟာ ေျခစြမ္းမျပႏိုင္ဘဲ သူ႔ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္တစ္ႀကိမ္ကို အက္စတြန္ဗီလာဂိုးသမား မာတီနက္ဇ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုအတြက္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့တာက ပြဲခ်ိန္မိနစ္(၆၀)ေလာက္မွာ အက္စတြန္ဗီလာေနာက္ခံလူ တိုင္႐ြန္မင္းစ္နဲ႔ ရန္ျဖစ္ခဲ့တာပါပဲ။

စီေရာ္နယ္လ္ဒိုနဲ႔ တိုင္႐ြန္မင္းစ္တို႔ဟာ ပယ္နယ္တီဧရိယာထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္တြန္းထိုးခဲ့ၾကၿပီး

ဒီျဖစ္ရပ္ကို VAR က ျပန္ၾကည့္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုကိုေတာ့ အနီကတ္ျပဖို႔ မဆုံးျဖတ္ခဲ့ပါဘူး။

စီေရာ္နယ္လ္ဒိုဟာ အသင္းေခါင္းေဆာင္အျဖစ္ ရွားရွားပါးပါးပြဲထြက္ခြင့္ရခ်ိန္မွာ

ၿပိဳင္ဘက္ကစားသမားနဲ႔ အခုလို ရန္ျဖစ္ခဲ့တာက အ႐ုပ္ဆိုးခဲ့ၿပီး အသင္းေခါင္းေဆာင္မပီသတဲ့ အျပဳအမူလို႔ ေဝဖန္ရမွာျဖစ္ပါတယ္။