စာချုပ်သစ်ကို ငြင်းဆန်ပြီး အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက် အမေ့ခံ ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဖိုဆူမန်ဆာကို ၃ နှစ်ခွဲစာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကတော့ စာချုပ်သစ်မချုပ်ဘဲ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မန်ဆာဟာ လွန်ခဲ့တဲ့ ၆ နှစ်က အေဂျက်စ်ကနေ ရောက်ရှိလာပြီးနောက် ယူနိုက်တက်အကယ်ဒမီကနေ စီနီယာအသင်းဆီရောက်ရှိလာခဲ့တာဖြစ်ပြီး ယခုရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ဆိုးလ်ရှားရဲ့အစီအစဉ်တွေထဲမှာ ပါဝင်ဖို့ရုန်းကန်နေရပြီး ဒီရာသီမှာတော့ အသင်းအတွက် ပရီးမီးယားလိဂ် ၁ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ချန်ပီယံလိဂ်မှာတော့ အရန်ခုံကနေ ၂ ပွဲပါဝင်ကစားခွင့်ရှိခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရလိုတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ဟာ မန်ဆာကို အိုးထရက်ဖို့ဒ်မှာ ဆက်ထိန်းဖို့ ကမ်းလှမ်းထားတယ်လို့ Daiy Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ မန်ဆာကတော့ ပုံမှန်ပွဲထွက်ခွင့်ရလိုတာကြောင့် ပြည်ပကိုထွက်ကစားချင်နေပါတယ်။ ဒါကြောင့် န်ဆာတစ်ယောက် ဇန်နဝါရီမှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ဆာကို မာဆေးလ် ၊ မိုနာကို နဲ့ ဟာသာဘာလင်တို့က စိတ်ဝင်စားနေပြီး လာမယ့်အပြောင်းအရွှေ့မှာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ မန်ဆာဟာ ယခင်တုန်းက ဖူလ်ဟမ် နဲ့ ပဲလေ့စ်တို့မှာ အငှားကစားခဲ့သေးတာဖြစ်ပြီး ယူနိုက်တက်အတွက်တော့ ပွဲပေါင်း ၃၀ ကစားပေးထားခဲ့ပါတယ်။

မန်ဆာကတော့ နောက်တန်း ၄ ယောက်တန်းမှာကစားနိုင်သလို ကွင်းလယ်ခံစစ်ပိုင်းမှာလည်း ကစားနိုင်စွမ်းရှိတာကြောင့် ခေါ်ယူချင်တဲ့အသင်းတွေများပြားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စာခ်ဳပ္သစ္ကို ျငင္းဆန္ျပီး အသင္းကေနထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ယူႏုိက္တက္ အေမ့ခံ ကစားသမား

သတင္းေတြအရ ယူႏိုက္တက္အသင္းဟာ ဖိုဆူမန္ဆာကိုု ၃ ႏွစ္ခြဲစာခ်ဳပ္သစ္ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားကေတာ့ စာခ်ဳပ္သစ္မခ်ဳပ္ဘဲ ထြက္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ မန္ဆာဟာ လြန္ခဲ့တဲ့ ၆ ႏွစ္က ေအဂ်က္စ္ကေန ေရာက္ရွိလာျပီးေနာက္ ယူႏိုက္တက္အကယ္ဒမီကေန စီနီယာအသင္းဆီေရာက္ရွိလာခဲ့တာျဖစ္ျပီး ယခုရာသီအကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္သားဟာ ဆိုးလ္ရွားရဲ႕အစီအစဥ္ေတြထဲမွာ ပါ၀င္ဖို႔ရုန္းကန္ေနရျပီး ဒီရာသီမွာေတာ့ အသင္းအတြက္ ပရီးမီးယားလိဂ္ ၁ ပြဲသာပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာေတာ့ အရန္ခံုကေန ၂ ပြဲပါ၀င္ကစားခြင့္ရွိခဲ့ေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ရလိုတာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနပါတယ္။ ယူႏုိ္က္တက္ဟာ မန္ဆာကို အိုးထရက္ဖို႔ဒ္မွာ ဆက္ထိန္းဖို႔ ကမ္းလွမ္းထားတယ္လို႔ Daiy Mail သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ မန္ဆာကေတာ့ ပံုမွန္ပြဲထြက္ခြင့္ရလိုတာေၾကာင့္ ျပည္ပကိုထြက္ကစားခ်င္ေနပါတယ္။ ဒါေၾကာင့္ မန္ဆာတစ္ေယာက္ ဇန္န၀ါရီမွာ အသင္းကေနထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။ မန္ဆာကုိ မာေဆးလ္ ၊ မိုနာကို နဲ႔ ဟာသာဘာလင္တို႔က စိတ္၀င္စားေနျပီး လာမယ့္အေျပာင္းအေရႊ႕မွာ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။ မန္ဆာဟာ ယခင္တုန္းက ဖူလ္ဟမ္ နဲ႔ ပဲေလ့စ္တို႔မွာ အငွားကစားခဲ့ေသးတာျဖစ္ျပီး ယူႏိုက္တက္အတြက္ေတာ့ ပြဲေပါင္း ၃၀ ကစားေပးထားခဲ့ပါတယ္။ မန္ဆာကေတာ့ ေနာက္တန္း ၄ ေယာက္တန္းမွာကစားႏုိင္သလို ကြင္းလယ္ခံစစ္ပိုင္းမွာလည္း ကစားႏုိင္စြမ္းရွိတာေၾကာင့္ ေခၚယူခ်င္တဲ့အသင္းေတြမ်ားျပားေနပါတယ္။