စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်နေတဲ့ ပေါ့ဂ်ဘာရဲ့အနာဂတ်အပေါ် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ကွင်းလယ်လူ ပေါ့ဂ်ဘာက ငြင်းဆန်လိမ့်မယ်ဆိုတာ သိရှိသွားပြီးနောက် လာမယ့်နွေရာသီမှာ အဆိုပါကစားသမားကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာအနေနဲ့ ယူနိုက်တက်မှာရှိတဲ့သူ့ရဲ့အနာဂတ် ပြီးဆုံးသွားပြီလို့ လွန်ခဲ့တဲ့လက သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာ ဖွင့်ဟခဲ့ပြီးချိန်ကတည်းက ပေါ့ဂ်ဘာလည်း ခြေစွမ်းပြနေပါတယ်။

ဒါပေမဲ့ မယ်ရာသတင်းဌာနရဲ့ဖော်ပြချက်အရ ဒီလိုပေါ့ဂ်ဘာရဲ့ခြေစွမ်းပြမှုနဲ့အတူ အသင်းကလည်း အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့အမှတ်တူအနေအထားဖြစ်လာမှုအပေါ် ပျော်ရွှင်နေပေမယ့် နည်းပြဆိုးလ်ရှားနဲ့ အသင်းတာဝန်ရှိသူတွေကတော့ ယခုရာသီအကုန်မှာ ပေါ့ဂ်ဘာကို မဖြစ်မနေရောင်းချရတော့မှာဆိုတာ လက်သင့်ခံလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက အသက် ၂၇နှစ်အရွယ်ရှိ ပေါ့ဂ်ဘာကို ၂၀၂၂ နွေရာသီအထိရှိမယ့် တစ်နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့် ယခုအခါ လွန်ခဲ့တဲ့ ၄နှစ်ခွဲက သူ့အတွက် ဂျူဗင်တပ်စ်အသင်းထံ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထဲက ထိုက်သင့်သလောက်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

အဲဒီသတင်းမတိုင်ခင် ယခုလအစောပိုင်းက ပေါ့ဂ်ဘာနဲ့ ဆိုးလ်ရှားတို့ဟာ ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး အသင်းဟောင်းဂျူဗင်တပ်စ်ကို ပြန်လည်ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေများနေပါတယ်။

mirrorသတင်းဌာနရဲ့ဖော်ပြချက်အရ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့က ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး တခြားသတင်းတွေကလည်း ဂျူဗင်တပ်စ်ဟာ အသင်းရှိ တိုက်စစ်မှူး ဒီဘားလားဖြစ်ဖြစ် စီရော်နယ်ဒိုနဲ့ပဲဖြစ်ဖြစ် ပေါ့ဂ်ဘာကို တိုက်ရိုက်အလဲအထပ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားဟာ အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ပေါ့ဂ်ဘာရဲ့ခြေစွမ်းကို ချီးကျူးသွားခဲ့ပြီး အသင်းကလည်း အခါးသီးဆုံးပြိုင်ဘက် လီဗာပူးနဲ့အမှတ်တူ ဂိုးကွာခြားချက်အရ ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

”ပေါ့ဂ်ဘာက ကောင်းသထက်ပိုကောင်းလာပြီး ကြံ့ခိုင်မှုကလည်း ပြည့်ဝသထက် ပိုပြည့်ဝလာပါတယ်။ ဗီလာနဲ့ပွဲမှာလည်း သူကစားတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဗီလာက ကြံ့ခိုင်မှုဦးစားပေးအသင်းဖြစ်ပြီး စိန်ခေါ်မှုတွေလည်း အများကြီးရှိတဲ့အသင်းပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ျငင္းဆန္ေနတဲ့ ေပါ့ဂ္ဘာရဲ႕အနာဂတ္အေပၚ ဆုံးျဖတ္ခ်က္ ခ်လုိက္ၿပီျဖစ္တဲ့ ယူႏုိက္တက္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ ကြင္းလယ္လူ ေပါ့ဂ္ဘာက ျငင္းဆန္လိမ့္မယ္ဆုိတာ သိရွိသြားၿပီးေနာက္ လာမယ့္ေႏြရာသီမွာ အဆုိပါကစားသမားကို ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ေပါ့ဂ္ဘာအေနနဲ႔ ယူႏုိက္တက္မွာရွိတဲ့သူ႕ရဲ႕အနာဂတ္ ၿပီးဆုံးသြားၿပီလုိ႔ လြန္ခဲ့တဲ့လက သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာ ဖြင့္ဟခဲ့ၿပီးခ်ိန္ကတည္းက ေပါ့ဂ္ဘာလည္း ေျခစြမ္းျပေနပါတယ္။ ဒါေပမဲ့ မယ္ရာသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဒီလုိေပါ့ဂ္ဘာရဲ႕ေျခစြမ္းျပမႈနဲ႔အတူ အသင္းကလည္း အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔အမွတ္တူအေနအထားျဖစ္လာမႈအေပၚ ေပ်ာ္ရႊင္ေနေပမယ့္ နည္းျပဆုိးလ္ရွားနဲ႔ အသင္းတာ၀န္ရွိသူေတြကေတာ့ ယခုရာသီအကုန္မွာ ေပါ့ဂ္ဘာကို မျဖစ္မေနေရာင္းခ်ရေတာ့မွာဆုိတာ လက္သင့္ခံလုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလက အသက္ ၂၇ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာကို ၂၀၂၂ ေႏြရာသီအထိရွိမယ့္ တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ေပမယ့္ ယခုအခါ လြန္ခဲ့တဲ့ ၄ႏွစ္ခြဲက သူ႕အတြက္ ဂ်ဴဗင္တပ္စ္အသင္းထံ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးထဲက ထိုက္သင့္သေလာက္ျပန္ရဖုိ႔ ေမွ်ာ္လင့္ေနတယ္လုိ႔ သိရပါတယ္။ အဲဒီသတင္းမတုိင္ခင္ ယခုလအေစာပိုင္းက ေပါ့ဂ္ဘာနဲ႔ ဆုိးလ္ရွားတို႔ဟာ ေပါ့ဂ္ဘာရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ေဆြးေႏြးခဲ့ၾကၿပီး အသင္းေဟာင္းဂ်ဴဗင္တပ္စ္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔က ျဖစ္ႏိုင္ေျခမ်ားေနပါတယ္။

mirrorသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီတုိ႔က ေပါ့ဂ္ဘာကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရၿပီး တျခားသတင္းေတြကလည္း ဂ်ဴဗင္တပ္စ္ဟာ အသင္းရွိ တုိက္စစ္မွဴး ဒီဘားလားျဖစ္ျဖစ္ စီေရာ္နယ္ဒိုနဲ႔ပဲျဖစ္ျဖစ္ ေပါ့ဂ္ဘာကို တုိက္႐ိုက္အလဲအထပ္လုပ္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

ဆုိးလ္ရွားဟာ အက္စတြန္ဗီလာကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ေပါ့ဂ္ဘာရဲ႕ေျခစြမ္းကို ခ်ီးက်ဴးသြားခဲ့ၿပီး အသင္းကလည္း အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးနဲ႔အမွတ္တူ ဂိုးကြာျခားခ်က္အရ ဒုတိယေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။ ”ေပါ့ဂ္ဘာက ေကာင္းသထက္ပိုေကာင္းလာၿပီး ႀကံ့ခိုင္မႈကလည္း ျပည့္၀သထက္ ပိုျပည့္၀လာပါတယ္။ ဗီလာနဲ႔ပြဲမွာလည္း သူကစားတာ ေကာင္းတယ္လုိ႔ ထင္ပါတယ္။ ဗီလာက ႀကံ့ခိုင္မႈဦးစားေပးအသင္းျဖစ္ၿပီး စိန္ေခၚမႈေတြလည္း အမ်ားႀကီးရွိတဲ့အသင္းပါ”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။