စာချုပ်သစ်အတွက် ရီးရဲလ်ရဲ့နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို ရာမို့စ် လက်သင့်ခံလိုက်ပြီဟုဆို

စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ စာချုပ်သစ်ချုပ်ဆိုရေးအတွက် အသင်းဘက်က နောက်ဆုံးအကြိမ်ကမ်းလှမ်းလာမှုကို လက်သင့်ခံလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ရာမို့စ်ရဲ့လက်ရှိစာချုပ်သက်တမ်းက ယခုလအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရေအတွက် ယခုအချိန်အထိ သဘောတူညီမှုမရသေးပါဘူး။

ရီးရဲလ်ဟာ ဂန္ထဝင်ကြီးတွေအပါအဝင် အသက်ရလာတဲ့ကစားသမားတွေကို ၁နှစ်စာချုပ်သက်တမ်းပဲ ချုပ်ဆိုလေ့ရှိပါတယ်။
ရီးရဲလ်ဟာ အလာဘာကို ခေါ်ယူထားနိုင်မှု၊ ရာမို့စ်မပါနိုင်ချိန် ပြီးခဲ့တဲ့ရာသီက နာချိုနဲ့ မီလီတာအိုတို့ ခြေစွမ်းပြနိုင်မှု၊ ရာမို့စ်ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ လက်တွန့်နေတာပါ။


ဒါပေမဲ့ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ရာမို့စ်ဟာ အသင်းဘက်က လစာလျှော့ချပြီး နောက်ဆုံးအကြိမ် ကမ်းလှမ်းလာမှုကို လက်သင့်ခံလိုက်ပြီလို့ သိရပါတယ်။

ရာမို့စ်ဟာ ဆီဗီလာကနေ ရီးရဲလ်ကို ရောက်လာပြီးနောက် ၁၆နှစ်တာကာလအတွင်း အသင်းအတွက် စုစုပေါင်း ၆၇၁ ပွဲမှာ ၁၀၁ ဂိုးအထိ သွင်းယူကာ ဂိုးဖန်တီးမှုအကြိမ် ၄၀ ပြုလုပ်ပေးထားနိုင်ပါတယ်။


ရီးရဲလ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိ ရာမို့စ်အပြင် သူ့ရဲ့တွဲဘက်ဗဟိုနောက်ခံလူ ဗာရန်းကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ လိုအပ်နေပြီး အဆိုပါ ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက ၂၀၂၂ နွေရာသီဆို ကုန်ဆုံးတော့မှာဖြစ်ပါတယ်။


ရာမို့စ်ဟာ အရင်တုန်းက အသင်းနဲ့ ၂နှစ်စာချုပ်သစ်ချုပ်ဆိုလိုခဲ့ပေမယ့် အသင်းဥက္ကဋ္ဌ ပီရက်ဇ်က တစ်နှစ်ပဲ သက်တမ်းတိုးချင်ခဲ့တာဖြစ်ပါတယ်။

Zawgyi
စာခ်ဳပ္သစ္အတြက္ ရီးရဲလ္ရဲ႕ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းမႈကို ရာမို႔စ္ လက္သင့္ခံလိုက္ၿပီဟုဆို
စပိန္သတင္းစာ AS ရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္အသင္းေခါင္းေဆာင္ ရာမို႔စ္ဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ အသင္းဘက္က ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းလာမႈကို လက္သင့္ခံလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
ရာမို႔စ္ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ယခုလအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရအတြက္ ယခုအခ်ိန္အထိ သေဘာတူညီမႈမရေသးပါဘူး။
ရီးရဲလ္ဟာ ဂႏၴ၀င္ႀကီးေတြအပါအ၀င္ အသက္ရလာတဲ့ကစားသမားေတြကို ၁ႏွစ္စာခ်ဳပ္သက္တမ္းပဲ ခ်ဳပ္ဆိုေလ့ရွိပါတယ္။

ရီးရဲလ္ဟာ အလာဘာကို ေခၚယူထားႏိုင္မႈ၊ ရာမို႔စ္မပါႏိုင္ခ်ိန္ ၿပီးခဲ့တဲ့ရာသီက နာခ်ိဳနဲ႔ မီလီတာအိုတို႔ ေျခစြမ္းျပႏိုင္မႈ၊ ရာမို႔စ္ရဲ႕ဒဏ္ရာျပႆနာေတြေၾကာင့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖို႔ လက္တြန္႔ေနတာပါ။
ဒါေပမဲ့ အခုေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းေတြအရ ရာမို႔စ္ဟာ အသင္းဘက္က လစာေလွ်ာ့ခ်ၿပီး ေနာက္ဆုံးအႀကိမ္ ကမ္းလွမ္းလာမႈကို လက္သင့္ခံလိုက္ၿပီလို႔ သိရပါတယ္။
ရာမို႔စ္ဟာ ဆီဗီလာကေန ရီးရဲလ္ကို ေရာက္လာၿပီးေနာက္ ၁၆ႏွစ္တာကာလအတြင္း အသင္းအတြက္ စုစုေပါင္း ၆၇၁ ပြဲမွာ ၁၀၁ ဂိုးအထိ သြင္းယူကာ ဂိုးဖန္တီးမႈအႀကိမ္ ၄၀ ျပဳလုပ္ေပးထားႏိုင္ပါတယ္။
ရီးရဲလ္ဟာ အသက္ ၃၅ ႏွစ္အရြယ္ရွိ ရာမို႔စ္အျပင္ သူ႕ရဲ႕တြဲဘက္ဗဟိုေနာက္ခံလူ ဗာရန္းကိုလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လိုအပ္ေနၿပီး အဆိုပါ ၂၈ ႏွစ္သားရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၂ ေႏြရာသီဆို ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။
ရာမို႔စ္ဟာ အရင္တုန္းက အသင္းနဲ႔ ၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုခဲ့ေပမယ့္ အသင္းဥကၠ႒ ပီရက္ဇ္က တစ္ႏွစ္ပဲ သက္တမ္းတိုးခ်င္ခဲ့တာျဖစ္ပါတယ္။