
မားကပ်စ်ရပ်ရှ်ဖို့ဒ်ကယူနိုက်တက်ယာယီနည်းပြရေးဖ်ရန်းနစ်ခ်အပေါ်တွင်
အဆုံးမဲ့လေးစားသမှုရှိကြောင်းပြောကြားလာပါတယ်။
ယူနိုက်တက်ကစားသမားများဟာဂျာမန်နည်းပြရဲ့နည်းဗျူဟာတွင်
အံဝင်ရန်ရုန်းကန်နေရပြီးအဝတ်အစားလဲခန်းအတွင်း
သဘောထားကွဲလွဲနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။
တစ်ဖက်တွင်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်မှာလည်း ရန်းနစ်ခ်လက်အောက်တွင်
နေရာရရှိရန်ရုန်းကန်နေရပြီး စိတ်ပျက်နေကြောင်းသတင်းထွက်နေပါတယ်။
ဒါပေမဲ့ရပ်ရှ်ဖို့ဒ်က “စိတ်ကောက်မနေပါဘူး။မပျော်မရွှင်ဖြစ်မနေပါဘူး။
ကျွန်တော့်ခြေစွမ်းအချို့အပေါ်စိတ်ပျက်သလားဆိုတော့ စိတ်ပျက်ပါတယ်။
ကျွန်တော်ကကိုယ့်ကိုယ်ဝေဖန်ဆန်းစစ်တဲ့သူပါ။ခက်ခဲတဲ့စတင်မှုဖြစ်ခဲ့တယ်။
ဒါပေမဲ့ကိုယ့်တန်ဖိုးကိုပြသဖို့ဆုံးဖြတ်ထားပြီးသားပါ။
ပေးဆပ်၊ဆန္ဒတို့နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာမရှိပါဘူး။
ဒီကလပ်ကိုချစ်ပါတယ်”လို့ပြောကြားသွားပါတယ်။
မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာယခုရာသီတွင်ယူနိုက်တက်အတွက်
၃ဂိုးတည်းသာသွင်းယူထားနိုင်သူဖြစ်ပါတယ်။
ယူနိုက်တက်ဟာတနင်္လာနေ့မှာအက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်
အက်စတွန်ဗီလာနှင့်ရင်ဆိုင်ကစားရပါမယ်။
zawgyi
စိတ္ေကာက္မေနပါဘူး မေပ်ာ္မ႐ႊင္ျဖစ္မေနပါဘူးလို႔ ဆိုလာတဲ့ ရပ္ရွ္ဖို႔ဒ္
မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကယူႏိုက္တက္ယာယီနည္းျပေရးဖ္ရန္းနစ္ခ္အေပၚတြင္
အဆုံးမဲ့ေလးစားသမႈရွိေၾကာင္းေျပာၾကားလာပါတယ္။
ယူႏိုက္တက္ကစားသမားမ်ားဟာဂ်ာမန္နည္းျပရဲ႕နည္းဗ်ဴဟာတြင္
အံဝင္ရန္႐ုန္းကန္ေနရၿပီးအဝတ္အစားလဲခန္းအတြင္း
သေဘာထားကြဲလြဲေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။
တစ္ဖက္တြင္တိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္မွာလည္း ရန္းနစ္ခ္လက္ေအာက္တြင္
ေနရာရရွိရန္႐ုန္းကန္ေနရၿပီး စိတ္ပ်က္ေနေၾကာင္းသတင္းထြက္ေနပါတယ္။
ဒါေပမဲ့ရပ္ရွ္ဖို႔ဒ္က “စိတ္ေကာက္မေနပါဘူး။မေပ်ာ္မ႐ႊင္ျဖစ္မေနပါဘူး။
ကြၽန္ေတာ့္ေျခစြမ္းအခ်ိဳ႕အေပၚစိတ္ပ်က္သလားဆိုေတာ့ စိတ္ပ်က္ပါတယ္။
ကြၽန္ေတာ္ကကိုယ့္ကိုယ္ေဝဖန္ဆန္းစစ္တဲ့သူပါ။ခက္ခဲတဲ့စတင္မႈျဖစ္ခဲ့တယ္။
ဒါေပမဲ့ကိုယ့္တန္ဖိုးကိုျပသဖို႔ဆုံးျဖတ္ထားၿပီးသားပါ။
ေပးဆပ္၊ဆႏၵတို႔နဲ႔ပတ္သက္ၿပီးေမးခြန္းထုတ္စရာမရွိပါဘူး။
ဒီကလပ္ကိုခ်စ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာယခုရာသီတြင္ယူႏိုက္တက္အတြက္
၃ဂိုးတည္းသာသြင္းယူထားႏိုင္သူျဖစ္ပါတယ္။
ယူႏိုက္တက္ဟာတနလၤာေန႔မွာအက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္
အက္စတြန္ဗီလာႏွင့္ရင္ဆိုင္ကစားရပါမယ္။