စိတ်ကျရောဂါကြောင့် ကစားသမားဘဝမှနားဖို့ စဉ်းစားနေတဲ့ ဂျူဗင်တပ်ရဲ့ အသက် ၁၉ နှစ်အရွယ် အင်ဟတ်တာရန်

ဂျူဗင်တပ်အလယ်တန်းကစားသမားမိုဟာမက်အင်ဟတ်တာရန်ဟာ

အသက်၁၉နှစ်အရွယ်မှာဘဲစိတ်ကျရောဂါဝေဒနာခံစားရကာ

ဘောလုံးကစားသမားဘဝမှအနားယူရန်စဉ်းစားနေပြီဖြစ်ပါတယ်။

နယ်သာလန်လူငယ်ကစားသမားဟာနွေရာသီအပြောင်းအရွှေ့

ဈေးကွက်နောက်ဆုံးရက်တွင်ဂျူဗင်တပ်သို့ပေါင်၅သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီး

ချက်ချင်းပင်ဆမ်ဒိုးရီးယားသို့အငှားချခြင်းခံခဲ့ရပါတယ်။

အင်ဟတ်တာရန်ဟာဒတ်ချ်ဘောလုံးလောကရဲ့အလားအလာအကောင်းဆုံး

ကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့သော်လည်းဆမ်ဒိုးရီးယားသို့

ရောက်ချိန်တွင်တစ်မိနစ်မျှပင်ကစားရခြင်းမရှိသေးပါဘူး။

အင်ဟတ်တာရန်ဟာ၂၀၁၉ခုနှစ်တုန်းကဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက်ပိုင်းတွင်

စိတ်ဖိစီးမှုများနှင့်ကြုံနေခဲ့ရပြီးစိတ်ကျန်းမာရေးပြဿနာကြုံလာခဲ့ရသူဖြစ်ပါတယ်။

ဂျီနိုအာဟာအင်ဟတ်တာရန်ကိုပတ်ဝန်းကျင်သစ်အတွက်အဆင်ပြေမှုရရှိစေရန်အတွက်

ပုဂ္ဂိုလ်ရေးလက်ထောက်တစ်ဦးခန့်အပ်ပေးထားပါတယ်။

သူဟာကိုယ်ရေးကိုယ်တာအကြောင်းပြချက်များဖြင့်နယ်သာလန်သို့

ပြန်ခဲ့ပေမယ့်လည်းအူးထရက်တွင်ရှိကြောင်းမသိရပါဘူး။လက်ရှိအချိန်တွင်

သူဟာဆမ်ဒိုးရီးယားမှာလည်းဂျူဗင်တပ်မှာလားဆိုတာမသိရပါဘူး။

ဒတ်ချ်မီဒီယာများရဲ့ဖော်ပြချက်အရအင်ဟတ်တာရန်ဟာစိတ်ဖိစီးမှုများကြောင့်

ဘောလုံးလောကမှအနားယူရန်စဉ်းစားနေကြောင်းသိရပါတယ်။

အင်ဟတ်တာရန်ဟာအသက်၁၇နှစ်အရွယ်မှာဘဲပီအက်စ်ဗွီပထမအသင်းသို့

တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီးဧပြီလ၂၄ရက်နေ့မှစတင်ပြီးပွဲကစားခွင့်မရလာခဲ့ပါဘူး။

သူဟာပီအက်စ်ဗွီအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၇၄ပွဲကစားခဲ့ရာမှာ၁၀ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

zawgyi

စိတ္က်ေရာဂါေၾကာင့္ ကစားသမားဘဝမွနားဖို႔ စဥ္းစားေနတဲ့ ဂ်ဴဗင္တပ္ရဲ႕ အသက္ ၁၉ ႏွစ္အ႐ြယ္ အင္ဟတ္တာရန္

ဂ်ဴဗင္တပ္အလယ္တန္းကစားသမားမိုဟာမက္အင္ဟတ္တာရန္ဟာ

အသက္၁၉ႏွစ္အ႐ြယ္မွာဘဲစိတ္က်ေရာဂါေဝဒနာခံစားရကာ

ေဘာလုံးကစားသမားဘဝမွအနားယူရန္စဥ္းစားေနၿပီျဖစ္ပါတယ္။

နယ္သာလန္လူငယ္ကစားသမားဟာေႏြရာသီအေျပာင္းအေ႐ႊ႕

ေဈးကြက္ေနာက္ဆုံးရက္တြင္ဂ်ဴဗင္တပ္သို႔ေပါင္၅သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ၿပီး

ခ်က္ခ်င္းပင္ဆမ္ဒိုးရီးယားသို႔အငွားခ်ျခင္းခံခဲ့ရပါတယ္။

အင္ဟတ္တာရန္ဟာဒတ္ခ်္ေဘာလုံးေလာကရဲ႕အလားအလာအေကာင္းဆုံး

ကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ႏိုင္ခဲ့ေသာ္လည္းဆမ္ဒိုးရီးယားသို႔

ေရာက္ခ်ိန္တြင္တစ္မိနစ္မွ်ပင္ကစားရျခင္းမရွိေသးပါဘူး။

အင္ဟတ္တာရန္ဟာ၂၀၁၉ခုႏွစ္တုန္းကဖခင္ျဖစ္သူကြယ္လြန္သြားၿပီးေနာက္ပိုင္းတြင္

စိတ္ဖိစီးမႈမ်ားႏွင့္ႀကဳံေနခဲ့ရၿပီးစိတ္က်န္းမာေရးျပႆနာႀကဳံလာခဲ့ရသူျဖစ္ပါတယ္။

ဂ်ီႏိုအာဟာအင္ဟတ္တာရန္ကိုပတ္ဝန္းက်င္သစ္အတြက္အဆင္ေျပမႈရရွိေစရန္အတြက္

ပုဂၢိဳလ္ေရးလက္ေထာက္တစ္ဦးခန႔္အပ္ေပးထားပါတယ္။

သူဟာကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္မ်ားျဖင့္နယ္သာလန္သို႔

ျပန္ခဲ့ေပမယ့္လည္းအူးထရက္တြင္ရွိေၾကာင္းမသိရပါဘူး။လက္ရွိအခ်ိန္တြင္

သူဟာဆမ္ဒိုးရီးယားမွာလည္းဂ်ဴဗင္တပ္မွာလားဆိုတာမသိရပါဘူး။

ဒတ္ခ်္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအင္ဟတ္တာရန္ဟာစိတ္ဖိစီးမႈမ်ားေၾကာင့္

ေဘာလုံးေလာကမွအနားယူရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

အင္ဟတ္တာရန္ဟာအသက္၁၇ႏွစ္အ႐ြယ္မွာဘဲပီအက္စ္ဗြီပထမအသင္းသို႔

တက္လွမ္းႏိုင္ခဲ့သူျဖစ္ၿပီးဧၿပီလ၂၄ရက္ေန႔မွစတင္ၿပီးပြဲကစားခြင့္မရလာခဲ့ပါဘူး။

သူဟာပီအက္စ္ဗြီအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၇၄ပြဲကစားခဲ့ရာမွာ၁၀ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။