စိတ်ပန်းလူပန်းဖြစ်နေတဲ့ လူကာကူ
သောမတ်စ်တူချယ်ကသူ့ရဲ့ချဲလ်ဆီးကစားသမားများဟာပွဲဆက်များစွာကစား
ရမှုကြောင့်စိတ်ပန်းလူပန်းဖြစ်နေကြကြောင်းပြောကြားလိုက်ပါတယ်။
တူချယ်ကနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကပေါင်၉၇.၅သန်းဖြင့်
ရောက်လာတဲ့လူကာကူမှာပွဲအလွန်အကျွံကစားရကာစိတ်ပင်ပန်းနေတယ်လို့
ဆိုသွားပါတယ်။
လူကာကူဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်အကောင်းဆုံးပုံစံဖြင့်စတင်နိုင်ခဲ့
ပေမယ့်လည်းနောက်ဆုံးခြောက်ပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။
တူချယ်က “ခြေစွမ်းကျနေပါတယ်။လန်းဆန်းမှုမရှိလို့ပါ။အပျော်တွေနည်းနေတယ်။
အဓိကအကြောင်းပြချက်ကစိတ်ကြောင့်ပါ။အနိုင်လိုစိတ်ပျောက်နေတာမဟုတ်ပါဘူး။
ခရီးတွေသွားရတယ်။အစီအစဉ်တွေလုပ်ရတယ်။ကိုယ့်ကိုယ်ကိုပဲတွေးကြတော့။
အတူတဲ့အချိန်ဇုံမှာနေထိုင်ရတယ်။ဟိုတယ်တွေတစ်ခုပြီးတစ်ခုပြောင်းရတယ်။
ပြောရတာသာလွယ်တာပါ။ဘရန့်ဖို့ဒ်ပွဲကစားပြီးမိသားစုနဲ့တစ်ရက်ဘဲနေ။နောက်နေ့ကျ
တော့ချန်ပီယံလိဂ်လိဂ်ကစားရဖို့လုပ်ရပြန်တယ်။ပင်ပန်းပါတယ်။အကောင်းဆုံးကစားသမား
တွေကိုအကောင်းဆုံးပုံစံမှာရှိစေချင်ပါတယ်။ဘောလုံးပွဲကများတယ်။ပြိုင်ပွဲတွေကလည်း
များတယ်”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတူချယ်ကလူကာကူနှင့်ပတ်သက်ပြီး “သူ့ကိုအလွန်အကျွံပွဲကစားခိုင်းခဲ့တယ်လို့
ထင်တယ်။နွေရာသီမှာနိုင်ငံအတွက်ပွဲတွေအများကြီးကစားခဲ့ရတယ်။နေးရှင်းလိဂ်ကစားရတယ်။
ဘယ်လ်ဂျီယံနဲ့ယူရိုကစားရတယ်။နိုင်ငံအတွက်ကစားရတာတကယ်ဘဲစိတ်ပင်ပန်းရတယ်။
အလုပ်မဖြစ်တဲ့အခါဖိအားတွေကပိုကျလာပါတယ်”လို့ပြောကြားသွားပါတယ်။
Zawgyi
ဆိုသွားပါတယ်။