စိန့်တွေက ယူနိုက်တက် အသင်းနဲ့ အမုန်းတွေကို သင်ပုန်းခြေလိုက်ပြီလား….ပွဲအပြီးမှာ မျက်ရည်ကျခဲ့တဲ့ ရက်ပ်ဟာဆန်ဟက်တယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်နဲ့ လီဗာပူးပွဲဖြစ်ရပ်က ယူနိုက်တက်ကို အားတက်အောင် လုပ်ပေးလိုက်သလိုပါပဲ။ စိန့်တို့က ယူနိုက်တက်အသင်းကို အတိတ်သမိုင်းက အမုန်းကြောင့် တိုးတက်သွားမှာတော့ လိုချင်မှာ မဟုတ်ပါဘူး။

၂၀၀၄/၂၀၀၅ ပရီမီးယားလိဂ်ရာသီက အဆင့်(၃)နေရာမှာရောက်နေပြီး ထပ်ဆုံးကအသင်းတွေနဲ့ အမှတ်ကွာဟချက်ကြီးမားနေပြီး အမှတ်ရယူဖို့ အရေးတကြီးမလိုအပ်တဲ့အချိန်မှာ ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းကို အနိုင်ရဖို့ မဲတင်းလုပ်ဆောင်ခဲ့ပြီး (၃-ဝ)နဲ့အနိုင်ယူသွားမှုကြောင့် စိန့်တို့ ကြိုးစားလျက်နဲ့ တန်းဆင်းခဲ့ရတာကို ဆောက်သမ်တန်အသင်းပရိသတ်တွေက မကျေနပ်ခဲ့ကြပါဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ယူနိုက်တက် အဆင့်တက်တာခက်ဖို့ သူတို့ကဘာအတွက်နဲ့မှ လီဗာပူးကို အရှူံပေးးစရာမလိုပါဘူး။ ဒီရာသီဟာလည်း အသင်းကြီးတွေအတွက် ခြေစွမ်းတည်ငြိမ်ဖို့ခဲရင်းပြီး ရလဒ်ကောင်းတွေရဖို့ အတော်ကို ကြိုးစားနေရချိန်မှာ အသင်းငယ်တွေအတွက် ကလည်း ချန်ပီယံမျှော်လင့်ချက်ကလည်းရှိနေပါသေးတယ်။

ဆောက်သမ်တန်အသင်းကတောင် ရာသီအစပိုင်းက အမှတ်ပေးဇယားထိပ်မှာ တစ်ခါရပ်တည်ခဲ့ဖူးပြီး အခုအချိန်မှာလည်း ထိပ်ဆုံးကအသင်းနဲ့ ရမှတ်ကွာဟမှုက(၄)မှတ်သာရှိနေတာကြောင့် ဒီရာသီဟာ ဘယ်အသင်းအတွက်မဆို အခွင့်အရေးရှိနေပါတယ်။

မနေ့ညကတော့ ဆောက်သမ်တန်အသင်းနဲ့လီဗာပူးတို့ရဲ့ စိန့်မေရီကွင်းက ပရီးမီးယားလိဂ်ပွဲမှာ အိမ်ရှင်တို့က ပွဲချိန်၂မိနစ်မှာကတည်းက လီဗာပူးတိုက်စစ်မှူးဟောင်း ဒန်နီအင့်ချ်သွင်းယူခဲ့တဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီးမှာ တော့ သြစတြီးယား နည်းပြကြီး ရက်ပ်ဟာဆန်ဟက်တယ်လ်တစ်ယောက် ကွင်းဘေးမှာ ဒူးထောက်ငိုကြွေးနေခဲ့ပါတယ်။

မျက်ရည်ဝဲရတဲ့ အဖြစ်တစ်ခုကို ပြန်တွေးရင်တော့ မနှစ်က အောက်တိုဘာ၂၅ ၊ ၂၀၁၉ သောကြာနေ့ညမှာ အခုလိုမျိုးပဲ စိန့်မေရီကွင်းမှာကစားခဲ့စဉ်က လက်စတာစီးတီးတို့ရဲ့ ၉ဂိုးပြတ်ချေမှုန်းခြင်းကိုခံရချိန်မှာလည်း မျက်ရည်ဝဲခဲ့ရပါတယ်။ မျက်ရည်ချင်းတူပေမယ့် ခံစားရတာကတော့ ကွဲပြားပါတယ်။

ဟာဆန်ဟက်တယ်လ်တို့အသင်းက ၇ကြိမ်မှာ၃ကြိမ်အထိဂိုးပေါက်တည့်ပြီးတစ်ဂိုးရရှိခဲ့ပြီး လီဗာပူးတို့ရဲ့ ၄၃ကြိမ်အထိရှိခဲ့တဲ့ ဖြတ်တင်ဘောတွေကိုလည်း ပိုလန်သား ဘက်နာရက်ခ်နဲ့ အင်္ဂလန်နောက်ခံလူ ဂျက်စတီဖင်စ်တို့က ကြံ့ကြံ့ခံနိုင်ခဲ့ကာ ဒိုင်ယယ်လိုနဲ့ဂျိမ်းစ်ဝက်ဒ်ပရို့စ်တို့ရဲ့ကွင်းလယ်ကလည်း နောက်တန်းကိုတော်တော်လေးဆင်းကူခဲ့ပြီး လီဗာပူးရဲ့ကန်သွင်းချက်တော်တော်များများလည်း block မိခဲ့တာကိုတွေ့ရပါတယ်။

ပွဲအပြီးမှာ အနိုင်ဂိုးရှင် ဒန်နီအင့်ချ်က “ဟက်ဆန်ဟက်တယ်လ်ဟာ အရမ်းကို စိတ်ဆန္ဒပြင်းပြတဲ့သူဖြစ်ပါတယ်။ နည်းပြကြီးငိုကြွေးနေတဲ့မြင်ကွင်းက ကျွန်တော်တို့အားလုံးအတွက်လည်း ခံစားရတာပါပဲ။ မန်နေဂျာကြီး နဲ့အတူကျွန်တော်တို့ပြင်းပြင်းထန်ထန်အလုပ်လုပ်ထားခဲ့သမျှအရာအားလုံးက အခုအချိန်မှာ တကယ့်ကို အကျိုးအမြတ်ပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ဟာဆန်ဟက်တယ်လ်ကတော့ skysports နဲ့ အင်တာဗျူး ဖြေတဲ့အချိန်အထိ မျက်ရည်တွေကျဆင်းနေပေမယ့် “မျက်ရည်ကျတာက လေတွေတိုက်ပြီး၊ အရမ်းအေးနေလို့ပါ”ဆိုပြီး ဟန်ဆောင်ကာမူပို၊ ဟန်ကိုယ့်ဖို့ လုပ်ပြီး ဖြေဆိုသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆောက်သမ်တန်တို့ရဲ့ အဖိုးတန်ဂိုး ကြောင့် ယူနိုက်တက်အတွက်အဆင့်တက်ဖို့ အားပိုတက်ရသလို၊ မျှော်လင့်ချက် ရောင်ခြည်လည်း ပိုသန်းလာရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စိန႔္ေတြက ယူႏိုက္တက္ အသင္းနဲ႔ အမုန္းေတြကို သင္ပုန္းေျခလိုက္ၿပီလား….ပြဲအၿပီးမွာ မ်က္ရည္က်ခဲ့တဲ့ ရက္ပ္ဟာဆန္ဟက္တယ္လ္

​ေဆာက္သမ္တန္နဲ႔ လီဗာပူးပြဲျဖစ္ရပ္က ယူႏိုက္တက္ကို အားတက္​ေအာင္ လုပ္​ေပးလိုက္သလိုပါပဲ။ စိန္႔တို႔က ယူႏိုက္တက္အသင္းကို အတိတ္သမိုင္းက အမုန္း​ေၾကာင့္ တိုးတက္သြားမွာ​ေတာ့ လိုခ်င္မွာ မဟုတ္ပါဘူး။ ၂၀၀၄/၂၀၀၅ ပရီမီးယားလိဂ္ရာသီက အဆင့္(၃)ေနရာမွာေရာက္ေနၿပီး ထပ္ဆံုးကအသင္းေတြနဲ႕ အမွတ္ကြာဟခ်က္ၾကီးမားေနၿပီး အမွတ္ရယူဖို႔ အေရးတၾကီးမလိုအပ္တဲ့အခ်ိန္မွာ ယူႏိုက္တက္အသင္းက ေဆာက္သမ္တန္အသင္းကို အႏိုင္ရဖို႕ မဲတင္းလုပ္​ေဆာင္ခဲ့ၿပီး (၃-၀)နဲ႔အႏိုင္ယူသြားမႈ​​ေၾကာင့္ စိန္႔တို႔ ႀကိဳးစားလ်က္နဲ႕ တန္းဆင္းခဲ့ရတာကို ေဆာက္သမ္တန္အသင္းပရိသတ္ေတြက မေက်နပ္ခဲ့ၾကပါဘူး။

ဒါေပမယ့္ တစ္ဖက္မွာလည္း ယူႏိုက္တက္ အဆင့္တက္တာခက္ဖို႔ သူတို႔ကဘာအတြက္နဲ႔မွ လီဗာပူးကို အရႉံေပးးစရာမလိုပါဘူး။ ဒီရာသီဟာလည္း အသင္းၾကီးေတြအတြက္ ေျခစြမ္းတည္ျငိမ္ဖို႔ခဲရင္းၿပီး ရလဒ္ေကာင္းေတြရဖို႕ အေတာ္ကို ၾကိဳးစားေနရခ်ိန္မွာ အသင္းငယ္ေတြအတြက္ ကလည္း ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကလည္းရွိေနပါေသးတယ္။ ​ေဆာက္သမ္တန္အသင္းကေတာင္ ရာသီအစပိုင္းက အမွတ္ေပးဇယားထိပ္မွာ တစ္ခါရပ္တည္ခဲ့ဖူးၿပီး အခုအခ်ိန္မွာလည္း ထိပ္ဆံုးကအသင္းနဲ႔ ရမွတ္ကြာဟမႈက(၄)မွတ္သာရွိေနတာေၾကာင့္ ဒီရာသီဟာ ဘယ္အသင္းအတြက္မဆို အခြင့္အေရးရွိေနပါတယ္။ မေန႔ညက​ေတာ့ ေဆာက္သမ္တန္အသင္းနဲ႔လီဗာပူးတို႔ရဲ႕ စိန႔္ေမရီကြင္းက ပရီးမီးယားလိဂ္ပြဲမွာ အိမ္ရွင္တို႔က ပြဲခ်ိန္၂မိနစ္မွာကတည္းက လီဗာပူးတိုက္စစ္မႉးေဟာင္း ဒန္နီအင့္ခ်္သြင္းယူခဲ့တဲ့တစ္လုံးတည္းေသာဂိုးနဲ႔အႏိုင္ရသြားခဲ့ပါတယ္။ ပြဲအၿပီးမွာ ​ေတာ့ ၾသစႀတီးယား နည္းျပႀကီး ရက္ပ္ဟာဆန္ဟက္တယ္လ္တစ္ေယာက္ ကြင္းေဘးမွာ ဒူးေထာက္ငိုေႂကြးေနခဲ့ပါတယ္။

မ်က္ရည္၀ဲရတဲ့ အျဖစ္တစ္ခုကို ျပန္​ေတြးရင္​ေတာ့ မႏွစ္က ေအာက္တိုဘာ၂၅ ၊ ၂၀၁၉ ေသာၾကာေန႔ညမွာ အခုလိုမ်ိဳးပဲ စိန႔္ေမရီကြင္းမွာကစားခဲ့စဥ္က လက္စတာစီးတီးတို႔ရဲ႕ ၉ဂိုးျပတ္ေခ်မႈန္းျခင္းကိုခံရခ်ိန္မွာလည္း မ်က္ရည္ဝဲခဲ့ရပါတယ္။ မ်က္ရည္ခ်င္းတူ​ေပမယ့္ ခံစားရတာက​ေတာ့ ကြဲျပားပါတယ္။ ဟာဆန္ဟက္တယ္လ္တို႔အသင္းက ၇ႀကိမ္မွာ၃ႀကိမ္အထိဂိုးေပါက္တည့္ၿပီးတစ္ဂိုးရရွိခဲ့ၿပီး လီဗာပူးတို႔ရဲ႕ ၄၃ႀကိမ္အထိရွိခဲ့တဲ့ ျဖတ္တင္ေဘာေတြကိုလည္း ပိုလန္သား ဘက္နာရက္ခ္နဲ႔ အဂၤလန္ေနာက္ခံလူ ဂ်က္စတီဖင္စ္တို႔က ႀကံ့ႀကံ့ခံႏိုင္ခဲ့ကာ ဒိုင္ယယ္လိုနဲ႔ဂ်ိမ္းစ္ဝက္ဒ္ပ႐ို႕စ္တို႔ရဲ႕ကြင္းလယ္ကလည္း ေနာက္တန္းကိုေတာ္ေတာ္ေလးဆင္းကူခဲ့ၿပီး လီဗာပူးရဲ႕ကန္သြင္းခ်က္ေတာ္ေတာ္မ်ားမ်ားလည္း block မိခဲ့တာကိုေတြ႕ရပါတယ္။

ပြဲအၿပီးမွာ အႏိုင္ဂိုးရွင္ ဒန္နီအင့္ခ်္က “ဟက္ဆန္ဟက္တယ္လ္ဟာ အရမ္းကို စိတ္ဆႏၵျပင္းျပတဲ့သူျဖစ္ပါတယ္။ နည္းျပႀကီးငိုေႂကြးေနတဲ့ျမင္ကြင္းက ကြၽန္​ေတာ္တို႔အားလုံးအတြက္လည္း ခံစားရတာပါပဲ။ မန္ေနဂ်ာႀကီး နဲ႔အတူကြၽန္​ေတာ္တို႔ျပင္းျပင္းထန္ထန္အလုပ္လုပ္ထားခဲ့သမွ်အရာအားလုံးက အခုအခ်ိန္မွာ တကယ့္ကို အက်ိဳးအျမတ္ျပန္လည္ရရွိလာခဲ့တာျဖစ္ပါတယ္ ” လို႔ေျပာၾကားသြားခဲ့ပါတယ္။ ဟာဆန္ဟက္တယ္လ္ကေတာ့ skysports နဲ႔ အင္တာဗ်ဴး ​ေျဖတဲ့အခ်ိန္အထိ မ်က္ရည္ေတြက်ဆင္းေန​ေပမယ့္ “မ်က္ရည္က်တာက ေလေတြတိုက္ၿပီး၊ အရမ္းေအးေနလို႔ပါ”ဆိုၿပီး ဟန္​ေဆာင္ကာမူပို၊ ဟန္ကိုယ့္ဖို႔ လုပ္ၿပီး ​ေျဖဆိုသြားပါတယ္။ ဘာပဲျဖစ္ျဖစ္ ​ေဆာက္သမ္တန္တို႔ရဲ႕ အဖိုးတန္ဂိုး ​ေၾကာင့္ ယူႏိုက္တက္အတြက္အဆင့္တက္ဖို႔ အားပိုတက္ရသလို၊ ​​ေမွ်ာ္လင့္ခ်က္ ​​ေရာင္ျခည္လည္း ပိုသန္းလာရပါၿပီ။