ကမ္ဘာ့ဖလားနဲ့ နှစ်ကြိမ်ဆက်လွဲခဲ့ရတာကြောင့် ဖြစ်ပေါ်လာတဲ့ဒေါသတွေကို
လူငယ်ကစားသမားတွေဆီပြစ်မှတ်မထားကြဘဲ
သူတို့စီနီယာတွေအပေါ်ကိုသာ အပြစ်တင်ကြဖို့ မာကိုဗာရတ်တီက
ပေါက်ကွဲနေတဲ့အီတလီဖန်တွေကို အင်စတာဂရမ်ကနေတစ်ဆင့် တောင်းပန်လိုက်ပါတယ်။
ပါလာမိုမှာကန်ခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ
ပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကစားသမား
ဗာရတ်တီလည်း မိနစ် ၉၀ ပြည့်ကစားခဲ့ပါတယ်။
အင်္ဂါနေ့မှာ တူရကီနဲ့ချစ်ကြည်ရေးပွဲကန်ကြမယ့်
လူငယ်ကစားသမားလေးတွေအပေါ် စိတ်ရှုပ်ဒေါသထွက်ရတာတွေ
ပုံမချလိုက်ကြဖို့ ပရိသတ်တွေကို ဗာရတ်တီက အင်စတာဂရမ်ပို့စ်နဲ့
အခုလိုတောင်းပန်လိုက်တာဖြစ်ပါတယ်။
“အနိုင်ရတဲ့အချိန်မှာ လူတိုင်းကို ကျေးဇူးတင်ဖို့က အရမ်းလွယ်ပါတယ်။
ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက
လူတိုင်းကို စော်ကားနေဖို့လို့ ကျွန်တော်မထင်ဘူး။
ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကြိုးစားခဲ့တာဖြစ်ပြီး
ကံဆိုးစွာနဲ့ပဲ မလုံလောက်ခဲ့ပါဘူး။
တကယ်လို့ ခင်ဗျားတို့ ပြစ်တင်စော်ကားပြောဆိုချင်ရင်တော့
ကျွန်တော်တို့ စီနီယာကစားသမားတွေကို ကြိုက်သလိုပြောပါ”
“လူငယ်လေးတွေကိုတော့ ဒီတိုင်းလွှတ်ပေးထားလိုက်ပါ။
ဘာလို့လဲဆိုတော့ တစ်ခါတလေမှာ ကျွန်တော်တို့ကလည်း ခင်ဗျားတို့လိုပါပဲ။
သာမန်လူတွေပါ။ အသေးဆုံးအရာလေးတွေကို အကြီးမားဆုံးခံစားချက်တွေအဖြစ်နဲ့
ခံစားရတယ်ဆိုတာကို ခင်ဗျားတို့ မေ့နေကြတယ်” လို့ ဗာရတ်တီက ရေးသားခဲ့တာဖြစ်ပါတယ်။
zawgyi
စီနီယာတွေအပေါ်ကိုသာ အပြစ်တင်ကြဖို့ အင်စတာဂရမ်ကနေတစ်ဆင့် တောင်းပန်လိုက်တဲ့ ဗာရတ်တီ