စီရော်နယ်ဒိုကို သူသုံးချင်တဲ့ပုံစံ ဖွင့်ဟလိုက်တဲ့ ပီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုမပါနိုင်သေးတဲ့စီးရီးအေမှာ ဆက်လက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ဂျူဗင်တပ်နည်းပြပီယာလိုက အဲဒီပေါ်တူဂီစူပါစတားကို သူဘယ်လိုပုံစံအသုံးပြုချင်တယ်ဆိုတဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဗီရိုနာနဲ့အိမ်ကွင်းပွဲမှာ ၁-၁ သရေနဲ့သာကျေနပ်ခဲ့ရပြီး သရေပွဲတွေဆက်နေခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အခုလအစောပိုင်းက ပေါ်တူဂီအသင်းနဲ့အတူရှိနေစဉ် ကိုဗစ်ကူးစက်ခံခဲ့ရတည်းက ဂျူဗင်တပ်အတွက် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုချိန်ထိလည်း သူပြန်ကစားနိုင်မယ့်ရက်ကို မသိရသေးပါဘူး။

တကယ်လို့ သူပြန်ကစားနိုင်မယ်ဆိုရင် တိုက်စစ်မှာ မိုရာတာ၊ဒိုင်ဘာလာတို့နဲ့ ဘယ်လိုတွဲသုံးဖို့စီစဉ်ထားသလဲလို့မေးတော့ ပီယာလိုက”ကျွန်တော်တို့ဟာ ၃ ယောက်တွဲတိုက်စစ်နဲ့ကစားဖို့ စဉ်းစားနေပါတယ်။ စီရော်နယ်ဒိုကိုဆိုရင်တော့ သူ့ရဲ့အကောင်းဆုံးနေရာဖြစ်တဲ့ ဗဟိုဘယ်ခြမ်းမှာ ကစားစေမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

၃ ယောက်တွဲတိုက်စစ်ရဲ့ဘယ်ခြမ်းဟာ ရီးရဲလ်မှာတုန်းက စီရော်နယ်ဒို နှစ်ပေါင်းများစွာကြာကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်မှာလည်း သူဟာ ၃  ယောက်တွဲတိုက်စစ်ပုံစံဆိုရင် ဘယ်ခြမ်းမှာပဲ ကစားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒိုကို သူသုံးခ်င္တဲ့ပုံစံ ဖြင့္ဟလိုက္တဲ့ ပီယာလို

စီေရာ္နယ္ဒိုမပါႏိုင္ေသးတဲ့စီးရီးေအမွာ ဆက္လက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္နည္းျပပီယာလုိက အဲဒီေပၚတူဂီစူပါစတားကို သူဘယ္လုိပုံစံအသုံးျပဳခ်င္တယ္ဆုိတဲ့အေၾကာင္း ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ ဂ်ဴဗင္တပ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ဗီရိုနာနဲ႔အိမ္ကြင္းပြဲမွာ ၁-၁ သေရနဲ႔သာေက်နပ္ခဲ့ရၿပီး သေရပြဲေတြဆက္ေနခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ အခုလအေစာပိုင္းက ေပၚတူဂီအသင္းနဲ႔အတူရွိေနစဥ္ ကိုဗစ္ကူးစက္ခံခဲ့ရတည္းက ဂ်ဴဗင္တပ္အတြက္ ကစားေပးႏိုင္ျခင္း မရွိခ့ဲပါဘူး။ အခုခ်ိန္ထိလည္း သူျပန္ကစားနိုင္မယ့္ရက္ကို မသိရေသးပါဘူး။

တကယ္လုိ႔ သူျပန္ကစားႏိုင္မယ္ဆိုရင္ တုိက္စစ္မွာ မိုရာတာ၊ဒိုင္ဘာလာတုိ႔နဲ႔ ဘယ္လုိတြဲသုံးဖုိ႔စီစဥ္ထားသလဲလုိ႔ေမးေတာ့ ပီယာလုိက”ကၽြန္ေတာ္တုိ႔ဟာ ၃ ေယာက္တြဲတုိက္စစ္နဲ႔ကစားဖုိ႔ စဥ္းစားေနပါတယ္။ စီေရာ္နယ္ဒိုကိုဆုိရင္ေတာ့ သူ႔ရဲ႕အေကာင္းဆုံးေနရာျဖစ္တဲ့ ဗဟိုဘယ္ျခမ္းမွာ ကစားေစမွာပါ”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

၃ ေယာက္တြဲတုိက္စစ္ရဲ႕ဘယ္ျခမ္းဟာ ရီးရဲလ္မွာတုန္းက စီေရာ္နယ္ဒို ႏွစ္ေပါင္းမ်ားစြာၾကာကစားခဲ့ၿပီး အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့ေနရာလည္း ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္မွာလည္း သူဟာ ၃  ေယာက္တြဲတုိက္စစ္ပုံစံဆုိရင္ ဘယ္ျခမ္းမွာပဲ ကစားခဲ့တာပါ။