စီရော်နယ်ဒိုက သူ့စံချိန်ကိုလည်းချိုးရော Instagram မှာ အကွက်ရွှေ့လိုက်တဲ့ ပီလီ

သူ့ရဲ့ဂိုးသွင်းစံချိန်ကို စီရော်နယ်ဒိုချိုးဖျက်တာခံလိုက်ရပြီးတဲ့နောက် ဘရာဇီးဂန္ထဝင်ဟောင်းပီလီဟာ သူ့ Instagram အကောင့်က ကိုယ်ရေးအချက်အလက်ကို update လုပ်လိုက်ပါတယ်။

၃၅ နှစ်အရွယ် ဂျူဗင်တပ်စူပါစတားဟာ အူဒီးနိစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့တနင်္ဂနွေ စီးရီးအေပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အဲဒီဂိုးတွေကြောင့် သူ့ကစားသမားဘ၀ သွင်းဂိုးအရေအတွက်ဟာ ၇၅၈ ဂိုးရှိသွားပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူစာရင်းမှာ ပီလီကိုကျော်တက်ပြီး ဒုတိယနေရာရောက်လာခဲ့တာပါ။

ဒါပေမဲ့လည်း ချက်ချင်းဆိုသလို ပီလီက သူ့ Instagram အကောင့်က ကိုယ်ရေးအချက်အလက်မှာ သူဟာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဆိုတဲ့အကြောင်း update လုပ်လိုက်တာကို မျက်စိလျင်တဲ့ ဘောလုံးပရိသတ်တွေက တွေ့ရှိသွားပါတယ်။

အဲဒီမှာ ပီလီဟာ သူ့ကစားသမားဘဝသွင်းဂိုးအရေအတွက်ကို ၁၂၈၃ ဂိုးလို့ဖော်ပြထားတာဖြစ်ပြီး ပြိုင်ပွဲအသွင် official ဂိုးအရေအတွက်ဖြစ်တဲ့ ၇၅၇ ဂိုးထက် အတော်လေးကိုများသွားတာပါ။

တကယ်လည်း ခြေစမ်းပွဲတွေက ဂိုးအရေအတွက်တွေကိုပါ ထည့်သွင်းမယ်ဆိုရင် ပီလီရဲ့ကစားသမားဘဝသွင်းဂိုးအရေအတွက်ဟာ ၁၀၀၀ ကျော်ရှိပါတယ်။

ဒါပေမဲ့ အဲဒါက official မဟုတ်တဲ့အတွက် ပီလီက အခုလိုလုပ်လိုက်တဲ့အပေါ်မှာ ပရိသတ်တွေက အမြင်မကြည်တော့ဘဲ ဆိုရှယ်မီဒီယာထက်မှာ လှောင်ပြောင်မှုတွေလုပ်နေကြပါတယ်။

ဒါဟာ ပီလီအနေနဲ့ သူ့စံချိန်ချိုးခံရတာကို မကျေနပ်လို့ တမင်သက်သက်အကျင့်ယုတ်တာလို့လည်း ပရိသတ်တွေက မြင်နေကြပါတယ်။

Zawgyi

စီေရာ္နယ္ဒိုက သူ႔စံခ်ိန္ကိုလည္းခ်ိဳးေရာ Instagram မွာ အကြက္ေရႊ႕လိုက္တဲ့ ပီလီ

သူ႔ရဲ႕ဂိုးသြင္းစံခ်ိန္ကိုု စီေရာ္နယ္ဒုိခ်ိဳးဖ်က္တာခံလိုက္ရၿပီးတဲ့ေနာက္ ဘရာဇီးဂႏၳ၀င္ေဟာင္းပီလီဟာ သူ႔ Instagram အေကာင့္က ကိုယ္ေရးအခ်က္အလက္ကို update လုပ္လုိက္ပါတယ္။

၃၅ ႏွစ္အရြယ္ ဂ်ဴဗင္တပ္စူပါစတားဟာ အူဒီးနိစ္ကို ဂုိးျပတ္အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့တနဂၤေႏြ စီးရီးေအပြဲစဥ္မွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

အဲဒီဂိုးေတြေၾကာင့္ သူ႔ကစားသမားဘ၀ သြင္းဂိုးအေရအတြက္ဟာ ၇၅၈ ဂိုးရွိသြားၿပီး သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ပီလီကိုေက်ာ္တက္ၿပီး ဒုတိယေနရာေရာက္လာခဲ့တာပါ။

ဒါေပမဲ့လည္း ခ်က္ခ်င္းဆုိသလို ပီလီက သူ႔ Instagram အေကာင့္က ကိုယ္ေရးအခ်က္အလက္မွာ သူဟာ သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူဆုိတဲ့အေၾကာင္း update လုပ္လိုက္တာကို မ်က္စိလ်င္တဲ့ ေဘာလုံးပရိသတ္ေတြက ေတြ႕ရွိသြားပါတယ္။

အဲဒီမွာ ပီလီဟာ သူ႔ကစားသမားဘ၀သြင္းဂိုးအေရအတြက္ကို ၁၂၈၃ ဂိုးလို႔ေဖာ္ျပထားတာျဖစ္ၿပီး ၿပိဳင္ပြဲအသြင္ official ဂိုးအေရအတြက္ျဖစ္တဲ့ ၇၅၇ ဂိုးထက္ အေတာ္ေလးကိုမ်ားသြားတာပါ။

တကယ္လည္း ေျခစမ္းပြဲေတြက ဂိုးအေရအတြက္ေတြကိုပါ ထည့္သြင္းမယ္ဆုိရင္ ပီလီရဲ႕ကစားသမားဘ၀သြင္းဂိုးအေရအတြက္ဟာ ၁၀၀၀ ေက်ာ္ရွိပါတယ္။

ဒါေပမဲ့ အဲဒါက official မဟုတ္တဲ့အတြက္ ပီလီက အခုလိုလုပ္လုိက္တဲ့အေပၚမွာ ပရိသတ္ေတြက အျမင္မၾကည္ေတာ့ဘဲ ဆုိရွယ္မီဒီယာထက္မွာ ေလွာင္ေျပာင္မႈေတြလုပ္ေနၾကပါတယ္။

ဒါဟာ ပီလီအေနနဲ႔ သူ႔စံခ်ိန္ခ်ိဳးခံရတာကို မေက်နပ္လုိ႔ တမင္သက္သက္အက်င့္ယုတ္တာလုိ႔လည္း ပရိသတ္ေတြက ျမင္ေနၾကပါတယ္။