စီရော်နယ်ဒိုမပါတာက ပေါ်တူဂီကိုမပြောင်းလဲစေဘူးလို့ ဆိုလိုက်တဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆွီဒင်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ စီရော်နယ်ဒိုမပါတာက ပေါ်တူဂီရဲ့ကစားပုံစတိုင်ကို ပြောင်းလဲစေခြင်းမရှိကြောင်း ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားသာပါနိုင်မယ်ဆိုရင် ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲဟာ ပိုတောင်လွယ်ဦးမှာလို့ ဆိုလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ကစားခဲ့တဲ့အဲဒီပွဲကို ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ သူမပါပေမယ့်လည်း  အဲဒီပွဲမှာ ပေါ်တူဂီဟာ ပြိုင်ဘက်ကို အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတကည်းက ၂ ဂိုးပြတ်ဖြစ်နေခဲ့တာဖြစ်ပြီး လီဗာပူးတိုက်စစ်မှုးဂျိုတာဆိုရင် ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ စီရော်နယ်ဒိုမပါနိုင်တဲ့အချိန် အဲဒီဝုဗ်ကစားသမားဟောင်းက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာလို့ ဆိုရင်လည်း မမှားပါဘူး။

”စီရော်နယ်ဒိုမပါလို့ တခြားပုံစံကစားဖို့ ကျွန်တော်တို့တောင်းဆိုခံရခြင်း မရှိပါဘူး။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ တူညီနေဆဲပါပဲ။ အသင်းမှာ ကစားသမားကောင်းတွေရှိပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားပါမယ်ဆိုရင်တော့ ပိုလွယ်မှာပေါ့ဗျာ”လို့ ဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီေရာ္နယ္ဒိုမပါတာက ေပၚတူဂီကိုမေျပာင္းလဲေစဘူးလုိ႔ ဆိုလုိက္တဲ့ ဖာနန္ဒက္စ္

ဆြီဒင္နဲ႔ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ စီေရာ္နယ္ဒိုမပါတာက ေပၚတူဂီရဲ႕ကစားပံုစတိုင္ကို ေျပာင္းလဲေစျခင္းမရွိေၾကာင္း ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္က ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ ကမာၻေပၚက အေကာင္းဆံုးကစားသမားသာပါႏိုင္မယ္ဆိုရင္ ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲဟာ ပိုေတာင္လြယ္ဦးမွာလို႔ ဆုိလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ၿပီးခဲ့တဲ့ဗုဒၶဟူးညက ကစားခဲ့တဲ့အဲဒီပြဲကို ပါ၀င္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ သူမပါေပမယ့္လည္း  အဲဒီပြဲမွာ ေပၚတူဂီဟာ ၿပိဳင္ဘက္ကုိ အေကာင္းဆုံးေျခစြမ္းျပကစားႏုိင္ခဲ့ပါတယ္။

ပထမပိုင္းမွာတကည္းက ၂ ဂိုးျပတ္ျဖစ္ေနခဲ့တာျဖစ္ၿပီး လီဗာပူးတိုက္စစ္မႈးဂ်ိဳတာဆုိရင္ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ တိုက္စစ္မွာ စီေရာ္နယ္ဒိုမပါႏိုင္တဲ့အခ်ိန္ အဲဒီ၀ုဗ္ကစားသမားေဟာင္းက အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့တာလို႔ ဆုိရင္လည္း မမွားပါဘူး။

”စီေရာ္နယ္ဒိုမပါလို႔ တျခားပုံစံကစားဖို႔ ကၽြန္ေတာ္တို႔ေတာင္းဆုိခံရျခင္း မရွိပါဘူး။ ကၽြန္ေတာ္တုိ႔ရဲ႕ရည္မွန္းခ်က္ဟာ တူညီေနဆဲပါပဲ။ အသင္းမွာ ကစားသမားေကာင္းေတြရွိပါတယ္။ ကမာၻေပၚက အေကာင္းဆုံးကစားသမားပါမယ္ဆုိရင္ေတာ့ ပုိလြယ္မွာေပါ့ဗ်ာ”လုိ႔ ဖာနန္ဒက္စ္က ပြဲအၿပီးမွာ ေျပာၾကားခဲ့တာပါ။