စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာတာ ဟုတ်ရဲ့လား

စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်လာပေမယ့် အဲဒါဟာ လက်ခံနိုင်လောက်တဲ့အနေအထားမှာ ရှိ၊မရှိ ဆိုတာကတော့ အငြင်းပွားစရာပါပဲ။

အဲဒီဂျူဗင်တပ်စူပါစတားဟာ နာပိုလီနဲ့အီတလီစူပါဖလားပွဲစဉ်မှာ သူ့ကစားသမားဘဝရဲ့၇၆၀ မြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီအတွက် သြစတြီးယား-ချက်ကစားသမား ဂျိုးဆက်ဘီကန်ရဲ့offical ဂိုးအရေအတွက် ၇၅၉ ဂိုးကို ကျော်တက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘောလုံးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ကောက်ယူမှတ်တမ်းတင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RSSSF ရဲ့အဆိုအရတော့ ဂျိုးဆက်ဘီကန်ဟာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်နေဆဲပါပဲ။

ဘီကန်ဟာ ၁၉၃၁ ကနေ ၁၉၅၅ အတွင်း ကစားခဲ့တဲ့ ပွဲ ၅၃၀ မှာ ၈၀၅ ဂိုးသွင်းခဲ့တယ်လို့ RSSSF က မှတ်တမ်းတင်ထားပါတယ်။

အဲဒီဂိုးတွေထဲမှာ ၂၇ ဂိုးက ရက်ပစ်ဗီယင်နာအရန်အသင်းနဲ့ အပျော်တမ်းအသင်းတွေအတွက် သွင်းခဲ့တာဖြစ်လို့ တော်တော်များများက ဘီကန်ကို ၇၅၉ ဂိုးနဲ့ပဲ အသိအမှတ်ပြုထားကြတာပါ။

ဒါပေမဲ့ အခြေအနေတွေကို ပိုပြီးရှုပ်ထွေးသွားစေတာက ချက်ဒုတိယတန်းမှာ သူကစားခဲ့တဲ့ ၁၉၅၂ ခုနှစ်က သွင်းဂိုးတွေကို ချန်လှပ်ထားခဲ့တယ်လို့ ယူဆစရာဖြစ်နေတာပါ။

အဲဒီလိုပဲ ဘရာဇီးဂန္ထဝင်တွေဖြစ်ကြတဲ့ ပီလီနဲ့ရိုမာရီယိုတို့ဟာလည်း ကစားသမားဘ၀ ဂိုး ၁၀၀၀ ကျော်သွင်းခဲ့ကြတာပါ။

ဒါပေမဲ့ ပြိုင်ပွဲအသွင်ပွဲတွေနဲ့ချည်း ယေဘုယျလက်ခံထားကြတာကတော့ ပီလီအတွက် ၇၅၇ ဂိုးနဲ့ ရိုမာရီယိုအတွက် ၇၇၂ ဂိုးပါ။

ဒါပေမဲ့လည်း RSSSF ကတော့ ပီလီအတွက် ၇၆၆ ဂိုးနဲ့ ရိုမာရီယိုအတွက် ၇၇၂ ဂိုးအဖြတ် မှတ်တမ်းတင်ထားလို့ အဲဒီအတိုင်းဆို စီရော်နယ်ဒိုဟာ သူတို့နှစ်ယောက်ကိုတောင် မကျော်သေးပါဘူး။

သေချာတာတစ်ခုကတော့ စီရော်နယ်ဒိုဟာ မက်ဆီထက် ကစားသမားဘ၀ ၄၁ ဂိုးပိုသွင်းထားတယ်ဆိုတာဖြစ်ပြီး အဲဒါကလည်း သူတို့ကစားသမားဘဝရဲ့သွင်းဂိုးတွေကို ရှင်းရှင်းလင်းလင်းတိတိကျကျမှတ်တမ်းတင်နိုင်ခဲ့လို့ပါ။

Zawgyi

စီေရာ္နယ္ဒုိဟာ သမုိင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာတာ ဟုတ္ရဲ႕လား

စီေရာ္နယ္ဒိုဟာ သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာေပမယ့္ အဲဒါဟာ လက္ခံႏုိင္ေလာက္တဲ့အေနအထားမွာ ရွိ၊မရွိ ဆိုတာကေတာ့ အျငင္းပြားစရာပါပဲ။

အဲဒီဂ်ဴဗင္တပ္စူပါစတားဟာ နာပိုလီိနဲ႔အီတလီစူပါဖလားပြဲစဥ္မွာ သူ႔ကစားသမားဘ၀ရဲ႕၇၆၀ ေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအတြက္ ၾသစႀတီးယား-ခ်က္ကစားသမား ဂ်ိဳးဆက္ဘီကန္ရဲ႕offical ဂိုးအေရအတြက္ ၇၅၉ ဂိုးကို ေက်ာ္တက္သြားခဲ့ပါတယ္။

ဒါေပမဲ့လည္း ေဘာလုံးနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို ေကာက္ယူမွတ္တမ္းတင္တဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ RSSSF ရဲ႕အဆုိအရေတာ့ ဂ်ိဳးဆက္ဘီကန္ဟာ သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ေနဆဲပါပဲ။

ဘီကန္ဟာ ၁၉၃၁ ကေန ၁၉၅၅ အတြင္း ကစားခဲ့တဲ့ ပြဲ ၅၃၀ မွာ ၈၀၅ ဂိုးသြင္းခဲ့တယ္လုိ႔ RSSSF က မွတ္တမ္းတင္ထားပါတယ္။

အဲဒီဂိုုးေတြထဲမွာ ၂၇ ဂိုးက ရက္ပစ္ဗီယင္နာအရန္အသင္းနဲ႔ အေပ်ာ္တမ္းအသင္းေတြအတြက္ သြင္းခဲ့တာျဖစ္လုိ႔ ေတာ္ေတာ္မ်ားမ်ားက ဘီကန္ကို ၇၅၉ ဂိုုးနဲ႔ပဲ အသိအမွတ္ျပဳထားၾကတာပါ။

ဒါေပမ့ဲ အေျခအေနေတြကိုိ ပိုၿပီးရႈပ္ေထြးသြားေစတာက ခ်က္ဒုတိယတန္းမွာ သူကစားခ့ဲတဲ့ ၁၉၅၂ ခုႏွစ္က သြင္းဂိုးေတြကို ခ်န္လွပ္ထားခဲ့တယ္လုိ႔ ယူဆစရာျဖစ္ေနတာပါ။

အဲဒီလိုပဲ ဘရာဇီးဂႏၳ၀င္ေတြျဖစ္ၾကတဲ့ ပီလီနဲ႔ရိုမာရီယုိတုိ႔ဟာလည္း ကစားသမားဘ၀ ဂိုး ၁၀၀၀ ေက်ာ္သြင္းခဲ့ၾကတာပါ။

ဒါေပမဲ့ ၿပိဳင္ပြဲအသြင္ပြဲေတြနဲ႔ခ်ည္း ေယဘုယ်လက္ခံထားၾကတာကေတာ့ ပီလီအတြက္ ၇၅၇ ဂိုးနဲ႔ ရိုမာရီယုိအတြက္ ၇၇၂ ဂိုးပါ။

ဒါေပမဲ့လည္း RSSSF ကေတာ့ ပီလီအတြက္ ၇၆၆ ဂိုးနဲ႔ ရိုမာရီယုိအတြက္ ၇၇၂ ဂိုးအျဖတ္ မွတ္တမ္းတင္ထားလုိ႔ အဲဒီအတုိင္းဆုိ စီေရာ္နယ္ဒိုဟာ သူတို႔ႏွစ္ေယာက္ကိုေတာင္ မေက်ာ္ေသးပါဘူး။

ေသခ်ာတာတစ္ခုကေတာ့ စီေရာ္နယ္ဒိုဟာ မက္ဆီထက္ ကစားသမားဘ၀ ၄၁ ဂိုးပိုသြင္းထားတယ္ဆိုတာျဖစ္ၿပီး အဲဒါကလည္း သူတုိ႔ကစားသမားဘ၀ရဲ႕သြင္းဂုိးေတြကို ရွင္းရွင္းလင္းလင္းတိတိက်က်မွတ္တမ္းတင္ႏိုင္ခဲ့လို႔ပါ။