
ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝမှအနားယူပြီးချိန်တွင်မန်ယူတွင်
နည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်အိပ်မက်မက်နေပေမယ့်မန်ယူဘက်ကတော့
ယင်းအိပ်မက်ကိုယင်းအိပ်မက်ကိုအကောင်အထည်ဖော်ပေးဖို့
အစီအစဉ်မရှိကြောင်းသိရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
အိုးထရက်ဖို့ဒ်တွင်ပင်ကစားသမားဘဝမှအနားယူရန်ဆန္ဒရှိနေပြီး
အနားယူပြီးချိန်တွင်မန်ယူနည်းပြအဖွဲ့တွင်တာဝန်တစ်ခုခုရယူရန်ဆန္ဒရှိနေပါတယ်။
အထူးသဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူလူငယ်အသင်းတွင်ကစားနေတဲ့
ခရစ္စတီယာနိုဂျူနီယာအားပြုစုပျိုးထောင်လိုနေမှုနဲ့အတူ မန်ယူအသင်းတွင်
လူငယ်အသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်လိုနေတာပါ။
ဒါပေမယ့် Daily Star ရဲ့ဖော်ပြချက်အရမန်ယူအသင်းဘက်ကခရစ္စတီယာနို
ရော်နယ်ဒိုကိုအခြားကွဲပြားတဲ့တာဝန်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာဆွေးနွေးမှု
ပြုလုပ်ရန်အစီအစဉ်မရှိသေးကြောင်းသိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအသင်းနှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆို
ထားတာဖြစ်ပြီးအသက်၄၀နှစ်စွန်းစွန်းအထိဘောလုံးဆက်ကစားမယ်လို့ယူဆရပါတယ်။
သူဟာယခုရာသီမှာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၉ဂိုးအထိသွင်းယူပေးထားပါတယ်။
zawgyi
စီရော်နယ်ဒိုဟာ သရဲနီနည်းပြဖြစ်လာဖို့ အိပ်မက်ရှိနေပေမယ့် ဖြည့်ဆည်းပေးဖို့ ဆန္ဒမရှိတဲ့ မန်ယူ ဘုတ်အဖွဲ့