စီရော်နယ်ဒိုအတွက် စံချိန်မှတ်တမ်းတွေဆိုတာ ထမင်းစားရေသောက်သလိုပါပဲ…

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းသမိုင်းတစ်လျှောက် ပွဲအရေအတွက် အနည်းဆုံးနဲ့ သွင်းဂိုး ၁ဝ၀ သွင်းယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ဆက်ဆူအိုလိုကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒီလိုစံချိန်ကောင်း တင်နိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ဂျူဗင်တပ်စ်အတွက် ၁၃၁ပွဲအရောက်မှာပဲ ဂိုးရာပြည့်သွားတာဖြစ်ပြီး ၃ရာသီမပြည့်ခင်သေးခင်မှာပဲ သွင်းဂိုးရာပြည့်တဲ့ ပထမဆုံးဂျူဗင်တပ်စ်ကစားသမားလည်းဖြစ်လာပါတယ်။
စီရော်နယ်ဒိုမတိုင်ခင် အိုမာဆီဗိုရီနဲ့ ရောဘတ်တိုဘက်ဂီယိုတို့က သွင်းဂိုး ၁၀၀ ပြည့်ဖို့ ဘောလုံးရာသီ ၄ရာသီအချိန်ယူရင်း ပူးတွဲစံချိန်တင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ စီရော်နယ်ဒိုကတော့ ၂၀၁၈ နွေရာသီမှာ ရီးရဲလ်ကနေ ရောက်လာပြီးနောက် ၃ရာသီပြည့်ခါနီးလေးမှာပဲ သွင်းဂိုး ၁၀၀ ပြည့်မြောက်သွားတာဖြစ်ပါတယ်။
ဒါ့အပြင် စီရော်နယ်ဒိုဟာ မတူညီတဲ့ကလပ်အသင်း ၃သင်း၊ လက်ရွေးစင်အသင်းတို့နဲ့အတူ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားဖြစ်လာပြီး အသင်းဟောင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ ယူနိုက်တက်တို့မှာလည်း သွင်းဂိုးရာပြည့်ခဲ့တာဖြစ်ပါတယ်။


စီရော်နယ်ဒိုဟာ ၂၀၁၈-၁၉ ရာသီက ၂၈ဂိုး၊ ၂၀၁၉-၂၀ ရာသီက ၃၇ဂိုးနဲ့ ယခုရာသီမှာ ၃၅ဂိုးသွင်းယူထားတာဖြစ်ပြီး ယခုရာသီစီးရီးအေမှာ ဂိုးသွင်းဘုရင်ဖြစ်ဖို့လည်း အတော်လေးနီးစပ်နေပါတယ်။

စီရော်နယ်ဒိုလိုပဲ တိုက်စစ်မှူး ဒီဘားလားကလည်း အသင်းအတွက် ဂိုး ၁၀၀ ပြည့်ကို ဆက်ဆူအိုလိုနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။


စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံး ၂ရာသီမှာ စီးရီးအေချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံဆုလက်လွှတ်လိုက်ရပြီး အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပါတယ်။

Zawgyi
စီေရာ္နယ္ဒိုအတြက္ စံခ်ိန္မွတ္တမ္းေတြဆိုတာ ထမင္းစားေရေသာက္သလိုပါပဲ…
ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲအေရအတြက္ အနည္းဆုံးနဲ႔ သြင္းဂိုး ၁ဝ၀ သြင္းယူႏိုင္တဲ့ကစားသမားအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ဆက္ဆူအိုလိုကို ၁-၃ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဒီလိုစံခ်ိန္ေကာင္း တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
သူဟာ ဂ်ဴဗင္တပ္စ္အတြက္ ၁၃၁ပဲြအေရာက္မွာပဲ ဂိုးရာျပည့္သြားတာျဖစ္ၿပီး ၃ရာသီမျပည့္ခင္ေသးခင္မွာပဲ သြင္းဂိုးရာျပည့္တဲ့ ပထမဆုံးဂ်ဴဗင္တပ္စ္ကစားသမားလည္းျဖစ္လာပါတယ္။
စီေရာ္နယ္ဒိုမတိုင္ခင္ အိုမာဆီဗိုရီနဲ႔ ေရာဘတ္တိုဘက္ဂီယိုတို႔က သြင္းဂိုး ၁၀၀ ျပည့္ဖို႔ ေဘာလုံးရာသီ ၄ရာသီအခ်ိန္ယူရင္း ပူးတြဲစံခ်ိန္တင္ထားခဲ့ၾကတာပါ။
ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ ၂၀၁၈ ေႏြရာသီမွာ ရီးရဲလ္ကေန ေရာက္လာၿပီးေနာက္ ၃ရာသီျပည့္ခါနီးေလးမွာပဲ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္သြားတာျဖစ္ပါတယ္။
ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ မတူညီတဲ့ကလပ္အသင္း ၃သင္း၊ လက္ေရြးစင္အသင္းတို႔နဲ႔အတူ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ ပထမဆုံးကစားသမားျဖစ္လာၿပီး အသင္းေဟာင္းေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ ယူႏိုက္တက္တို႔မွာလည္း သြင္းဂိုးရာျပည့္ခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ၂၀၁၈-၁၉ ရာသီက ၂၈ဂိုး၊ ၂၀၁၉-၂၀ ရာသီက ၃၇ဂိုးနဲ႔ ယခုရာသီမွာ ၃၅ဂိုးသြင္းယူထားတာျဖစ္ၿပီး ယခုရာသီစီးရီးေအမွာ ဂိုးသြင္းဘုရင္ျဖစ္ဖို႔လည္း အေတာ္ေလးနီးစပ္ေနပါတယ္။
စီေရာ္နယ္ဒိုလိုပဲ တိုက္စစ္မွဴး ဒီဘားလားကလည္း အသင္းအတြက္ ဂိုး ၁၀၀ ျပည့္ကို ဆက္ဆူအိုလိုနဲ႔ပြဲမွာ သြင္းယူႏိုင္ခဲ့ပါတယ္။
စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပထမဆုံး ၂ရာသီမွာ စီးရီးေအခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ခ်န္ပီယံဆုလက္လႊတ္လိုက္ရၿပီး အသင္းကလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ေတာင္ ႐ုန္းကန္ေနရပါတယ္။