စီရော်နယ်လ်ဒိုကို ယူနိုက်တက်မန်နေဂျာအဖြစ် မြင်တွေ့ရတော့မလား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ(၄-၁)ဂိုးရလဒ်နဲ့

အရှက်တကွဲရှုံးနိမ့်ပြီးတဲ့နောက် နည်းပြဆိုးလ်ရှားတစ်ယောက် ရာထူးကအထုတ်ခံရဖို့
နီးစပ်နေပြီး အသင်းနည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတဲ့စာရင်းမှာ လက်ရှိ
ကစားသမားစီရော်နယ်လ်ဒိုလည်း အံ့အားသင့်စရာပါဝင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဝက်ဖို့ဒ်နဲ့ပွဲအပါအဝင် ပရီးမီးယားလိဂ်နောက်ဆုံး(၇)ပွဲမှာ
(၅)ပွဲအထိရှုံးနိမ့်ခဲ့သလို နောက်ဆုံး(၂)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့အတွက်
မကြာခင်အချိန်ပိုင်းအတွင်း အသင်းဘုတ်အဖွဲ့က ဆိုးလ်ရှားကို ရာထူးက

ထုတ်ပယ်ဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေ
တာပါ။

အခုအချိန်မှာ ဗြိတိန်ဘွတ်ကီဒိုင်တွေက ယူနိုက်တက်နည်းပြသစ်
ဖြစ်လာနိုင်တဲ့သူတွေကို အလေးပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်စတာ
အသင်းနည်းပြဘရန်ဒန်ရော်ဂျာက ၈လေး/၁၅လေးနဲ့ ထိပ်ဆုံးမှာရပ်တည်နေသလို
ရီးယဲလ်နည်းပြဟောင်းဇီဒန်းကတော့ ၄လေး/၁လေးနဲ့ ဒုတိယရေပန်းအစားဆုံး
ဖြစ်နေပါတယ်။ အံ့အားသင့်စရာကောင်းတာက ဘွတ်ကီတွေရဲ့အလေးပေးချက်ထဲမှာ

စီရော်နယ်လ်ဒိုလည်းပါဝင်နေပြီး ၂၅လေး/၁လေးနဲ့ အဆင့်(၉)မှာရပ်တည်နေပါတယ်။

Zawgyi

စီေရာ္နယ္လ္ဒိုကို ယူႏိုက္တက္မန္ေနဂ်ာအျဖစ္ ျမင္ေတြ႕ရေတာ့မလား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဝက္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ(၄-၁)ဂိုးရလဒ္နဲ႔
အရွက္တကြဲရႈံးနိမ့္ၿပီးတဲ့ေနာက္ နည္းျပဆိုးလ္ရွားတစ္ေယာက္ ရာထူးကအထုတ္ခံရဖို႔
နီးစပ္ေနၿပီး အသင္းနည္းျပသစ္ျဖစ္လာဖို႔ေရပန္းစားေနတဲ့စာရင္းမွာ လက္ရွိ

ကစားသမားစီေရာ္နယ္လ္ဒိုလည္း အံ့အားသင့္စရာပါဝင္ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ဝက္ဖို႔ဒ္နဲ႔ပြဲအပါအဝင္ ပရီးမီးယားလိဂ္ေနာက္ဆုံး(၇)ပြဲမွာ
(၅)ပြဲအထိရႈံးနိမ့္ခဲ့သလို ေနာက္ဆုံး(၂)ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ခဲ့တဲ့အတြက္
မၾကာခင္အခ်ိန္ပိုင္းအတြင္း အသင္းဘုတ္အဖြဲ႕က ဆိုးလ္ရွားကို ရာထူးက

ထုတ္ပယ္ဖို႔ျပင္ဆင္ေနၿပီဆိုတဲ့သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေန
တာပါ။

အခုအခ်ိန္မွာ ၿဗိတိန္ဘြတ္ကီဒိုင္ေတြက ယူႏိုက္တက္နည္းျပသစ္
ျဖစ္လာႏိုင္တဲ့သူေတြကို အေလးေပးခ်က္ထုတ္ျပန္ခဲ့တာျဖစ္ၿပီး လက္စတာ

အသင္းနည္းျပဘရန္ဒန္ေရာ္ဂ်ာက ၈ေလး/၁၅ေလးနဲ႔ ထိပ္ဆုံးမွာရပ္တည္ေနသလို
ရီးယဲလ္နည္းျပေဟာင္းဇီဒန္းကေတာ့ ၄ေလး/၁ေလးနဲ႔ ဒုတိယေရပန္းအစားဆုံး
ျဖစ္ေနပါတယ္။ အံ့အားသင့္စရာေကာင္းတာက ဘြတ္ကီေတြရဲ႕အေလးေပးခ်က္ထဲမွာ
စီေရာ္နယ္လ္ဒိုလည္းပါဝင္ေနၿပီး ၂၅ေလး/၁ေလးနဲ႔ အဆင့္(၉)မွာရပ္တည္ေနပါတယ္။