
လာမယ့်ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကစလို့ ယူနိုက်တက်အသင်းကို
ယာယီနည်းပြအဖြစ်တာဝန်ယူဖို့ရှိနေတဲ့ရန်နစ်ခ်ဟာ
အခုပွဲကို အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျလာကြည့်ခဲ့ပြီး
ကာရစ်ကလည်း ရန်နစ်ခ်ရဲ့ရှေ့မှောက်မှာ အာဆင်နယ်ကို
အနိုင်ယူပြီးတော့ သူ့အရည်အချင်းကိုပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက်တို့အခုပွဲ အနိုင်ရခဲ့ပေမယ့် ကွင်းတွင်းခြေစွမ်းကတော့
ရန်နစ်ခ်အတွက် ကျေနပ်စရာကောင်းတဲ့အနေအထားမဟုတ်လောက်ဘဲ
Pressing Game ဆန်ဆန်ကစားခဲ့ပေမယ့် တိကျသေချာတဲ့
ကစားကွက်တစ်ခုပုံဖော်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ကစားသမားတစ်ယောက်ချင်းက အရင်ကထက်
လုပ်အားနှုန်းကောင်းကောင်းနဲ့ကစားခဲ့တာကြောင့် အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရတယ်။
အာတီတာက ၄-၄-၁-၁၊ ၄-၂-၃-၁ ကစားကွက်တွေကို အလျဉ်းသင့်သလို
ကစားခဲ့ပြီး အော်ဒီဂွါ၊ မာတင်နယ်လီတို့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်
Lone Striker အူဘာမီယန်းနဲ့ ဘယ်ခြမ်းက စမစ်ရိုးတို့ရဲ့စွမ်းဆောင်ရည်က
ပုံမှန်အောက်ရောက်နေလို့ အာဆင်နယ်တိုက်စစ်က အရမ်းကြီးမထက်မြက်ခဲ့ဘူး။
ဒါတောင် ယူနိုက်တက်အသင်းခံစစ်က အာဆင်နယ်အသင်းကို
ဂိုးပေးဖြစ်အောင်ပေးလိုက်ပါသေးတယ်။
အာဆင်နယ်အသင်းရခဲ့တဲ့ ဦးဆောင်ဂိုးကတော့ အငြင်းပွားစရာကောင်းတယ်လို့
ဆိုချင်စရာဖြစ်ခဲ့ပေမယ့် အနှေးပြကွက်တွေအရ ပြန်ကြည့်ရင်
ဒါက ဂိုးပေးရမယ့်အခွင့်အရေးပါပဲ။
ဖရက်ဒ်နဲ့အချင်းချင်းထိခိုက်မိလို့ ဒီဂီယာဒဏ်ရာရပြီးလဲကျသွားချိန်မှာ
စမစ်ရိုးက ဂိုးပေါက်ထဲဘောလုံးကန်သွင်းခဲ့တာဖြစ်တာကြောင့်
ဒါက Foul ပေးစရာမလိုဘဲ ကွင်းလယ်ဒိုင်မာတင်အက်ကင်ဆင်ကိုယ်တိုင်ကလည်း
ဘောလုံးဂိုးစည်းကျော်ပြီးတော့မှ ဝီဆီမှုတ်ခဲ့တဲ့အတွက် VAR က ဂိုးပေးခဲ့တာပဲဖြစ်ပါတယ်။
ပထမပိုင်းမှာ ဖရက်ဒ်ဟာ တော်တော်လေးစိတ်ပျက်စရာကောင်းတဲ့ပုံစံပြသခဲ့ပြီး
Passing တွေ အလွဲလွဲအချော်ချော်ဖြစ်ခဲ့တဲ့အပြင်
နောက်ဆုံး ကိုယ့်ဂိုးသမားကိုပါ Foul လုပ်ပြီးတော့
အာဆင်နယ်အသင်းဘက်ကို Assist ဖန်တီးပေးခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်းပြီးခါနီးရခဲ့တဲ့ချေပဂိုးက ဖရက်ဒ်ရဲ့ပါးနပ်မှုကြောင့်လို့
သတ်မှတ်ရမှာဖြစ်ပြီး ဆန်ချို၊ ဖရက်ဒ်တွဲလုံးကနေ
ဖရက်ဒ်က ပယ်နယ်တီဧရိယာအတွင်း အသင့်နေရာယူထားတဲ့
ဘရူနိုဖာနန်ဒက်စ်ကို အလိုက်သင့်ပေးလိုက်တာကနေ
ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် အချိန်အကြာဆုံးဂိုးပေါက်
ပျောက်ဆုံးမှုနဲ့ရင်ဆိုင်နေရတဲ့ ဘရူနိုဖာနန်ဒက်စ်က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
အခုပွဲမှာ ယူနိုက်တက်ကစားသမားဘဝ ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ ဘရူနိုဟာ
ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်းမှ
ပထမဆုံးအကြိမ်ဂိုးပေါက်ပြန်ရှာတွေ့ခဲ့တာပါ။
ဒုတိယပိုင်း (၅၂)မိနစ်မှာ ယူနိုက်တက် ဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းက
ရပ်ရှ်ဖို့ဒ်ချိုးပေးတာကနေ စီရော်နယ်လ်ဒိုက သူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက်
ကလပ်နဲ့နိုင်ငံနှစ်သင်းပေါင်း သွင်းဂိုး(၈၀၀)ပြည့်အဖြစ် သွင်းယူနိုင်ခဲ့သလို
အဲဒီဂိုးတွေထဲက ဂိုး(၁၃၀)ဟာ ယူနိုက်တက်အသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဂိုးရပြီး မိနစ်ပိုင်းအကြာမှာ အာဆင်နယ်က ချေပဂိုးပြန်သွင်းခဲ့ပြီး
ယူနိုက်တက်ဘယ်နောက်ခံလူ တဲလက်စ် နေရာယူမှားတာကနေ
မာတင်နယ်လီပေးလိုက်တာကို အော်ဒီဂွါက ပယ်နယ်တီဧရိယာအတွင်း အပိုင်ပိတ်သွင်းခဲ့ပါတယ်။
ယူနိုက်တက်အတွက် ကံကောင်းခဲ့တာက မိနစ်(၇၀)မှာ အော်ဒီဂွါက
မလိုအပ်ဘဲ ပယ်နယ်တီဧရိယာအတွင်း ဖရက်ဒ်ကို
ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပယ်နယ်တီပေးခဲ့ရပြီး အဲဒီပယ်နယ်တီကို
စီရော်နယ်လ်ဒိုက (၈၀၁)ဂိုးမြောက်အဖြစ် အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။
လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်အသင်းက အနိုင်ရလဒ်ကို
ထိန်းကစားခဲ့ပြီး အာဆင်နယ်အသင်း အခွင့်အရေးတချို့ရခဲ့ပေမယ့်
ထုံးစံအတိုင်း ဒီဂီယာကာကွယ်နိုင်ခဲ့လို့ (၃-၂)ဂိုးရလဒ်နဲ့ပွဲပြီးခဲ့တာကြောင့်
ယူနိုက်တက်တို့ ပရီးမီးယားလိဂ်(၃)ပွဲဆက်နိုင်ပွဲပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့သလို
ယာယီနည်းပြနောက်ဆုံးပွဲအဖြစ် ကိုင်တွယ်ခဲ့ရတဲ့ ကာရစ်အတွက်
(၂)ပွဲနိုင်၊ (၁)ပွဲသရေရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့တာကြောင့် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။
zawgyi
စီေရာ္နယ္လ္ဒို သြင္းဂိုး(၈၀၀) ေက်ာ္သြားသလို ယူႏိုက္တက္လည္း ပရီးမီးယားလိဂ္(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈ ရပ္တန႔္ခဲ့
ႏိုင္ပြဲေပ်ာက္ေနမႈကို ရပ္တန႔္ႏိုင္ခဲ့သလို စီေရာ္နယ္လ္ဒိုလည္းသြင္းဂိုး(၈၀၀)ျပည့္ သြင္းယူႏိုင္ခဲ့
လာမယ့္ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲကစလို႔ ယူႏိုက္တက္အသင္းကို
ယာယီနည္းျပအျဖစ္တာဝန္ယူဖို႔ရွိေနတဲ့ရန္နစ္ခ္ဟာ
အခုပြဲကို အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း ကိုယ္တိုင္ကိုယ္က်လာၾကည့္ခဲ့ၿပီး
ကာရစ္ကလည္း ရန္နစ္ခ္ရဲ႕ေရွ႕ေမွာက္မွာ အာဆင္နယ္ကို
အႏိုင္ယူၿပီးေတာ့ သူ႔အရည္အခ်င္းကိုျပသႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္တို႔အခုပြဲ အႏိုင္ရခဲ့ေပမယ့္ ကြင္းတြင္းေျခစြမ္းကေတာ့
ရန္နစ္ခ္အတြက္ ေက်နပ္စရာေကာင္းတဲ့အေနအထားမဟုတ္ေလာက္ဘဲ
Pressing Game ဆန္ဆန္ကစားခဲ့ေပမယ့္ တိက်ေသခ်ာတဲ့
ကစားကြက္တစ္ခုပုံေဖာ္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။
ဒီပြဲမွာ ယူႏိုက္တက္ကစားသမားတစ္ေယာက္ခ်င္းက အရင္ကထက္
လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ကစားခဲ့တာေၾကာင့္ အာဆင္နယ္အသင္း ႐ုန္းကန္ခဲ့ရတယ္။
အာတီတာက ၄-၄-၁-၁၊ ၄-၂-၃-၁ ကစားကြက္ေတြကို အလ်ဥ္းသင့္သလို
ကစားခဲ့ၿပီး ေအာ္ဒီဂြါ၊ မာတင္နယ္လီတို႔ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္
Lone Striker အူဘာမီယန္းနဲ႔ ဘယ္ျခမ္းက စမစ္႐ိုးတို႔ရဲ႕စြမ္းေဆာင္ရည္က
ပုံမွန္ေအာက္ေရာက္ေနလို႔ အာဆင္နယ္တိုက္စစ္က အရမ္းႀကီးမထက္ျမက္ခဲ့ဘူး။
ဒါေတာင္ ယူႏိုက္တက္အသင္းခံစစ္က အာဆင္နယ္အသင္းကို
ဂိုးေပးျဖစ္ေအာင္ေပးလိုက္ပါေသးတယ္။
အာဆင္နယ္အသင္းရခဲ့တဲ့ ဦးေဆာင္ဂိုးကေတာ့ အျငင္းပြားစရာေကာင္းတယ္လို႔
ဆိုခ်င္စရာျဖစ္ခဲ့ေပမယ့္ အေႏွးျပကြက္ေတြအရ ျပန္ၾကည့္ရင္
ဒါက ဂိုးေပးရမယ့္အခြင့္အေရးပါပဲ။
ဖရက္ဒ္နဲ႔အခ်င္းခ်င္းထိခိုက္မိလို႔ ဒီဂီယာဒဏ္ရာရၿပီးလဲက်သြားခ်ိန္မွာ
စမစ္႐ိုးက ဂိုးေပါက္ထဲေဘာလုံးကန္သြင္းခဲ့တာျဖစ္တာေၾကာင့္
ဒါက Foul ေပးစရာမလိုဘဲ ကြင္းလယ္ဒိုင္မာတင္အက္ကင္ဆင္ကိုယ္တိုင္ကလည္း
ေဘာလုံးဂိုးစည္းေက်ာ္ၿပီးေတာ့မွ ဝီဆီမႈတ္ခဲ့တဲ့အတြက္ VAR က ဂိုးေပးခဲ့တာပဲျဖစ္ပါတယ္။
ပထမပိုင္းမွာ ဖရက္ဒ္ဟာ ေတာ္ေတာ္ေလးစိတ္ပ်က္စရာေကာင္းတဲ့ပုံစံျပသခဲ့ၿပီး
Passing ေတြ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ခဲ့တဲ့အျပင္
ေနာက္ဆုံး ကိုယ့္ဂိုးသမားကိုပါ Foul လုပ္ၿပီးေတာ့
အာဆင္နယ္အသင္းဘက္ကို Assist ဖန္တီးေပးခဲ့ပါတယ္။
ဒါေပမဲ့ ပထမပိုင္းၿပီးခါနီးရခဲ့တဲ့ေခ်ပဂိုးက ဖရက္ဒ္ရဲ႕ပါးနပ္မႈေၾကာင့္လို႔
သတ္မွတ္ရမွာျဖစ္ၿပီး ဆန္ခ်ိဳ၊ ဖရက္ဒ္တြဲလုံးကေန
ဖရက္ဒ္က ပယ္နယ္တီဧရိယာအတြင္း အသင့္ေနရာယူထားတဲ့
ဘ႐ူႏိုဖာနန္ဒက္စ္ကို အလိုက္သင့္ေပးလိုက္တာကေန
ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ အခ်ိန္အၾကာဆုံးဂိုးေပါက္
ေပ်ာက္ဆုံးမႈနဲ႔ရင္ဆိုင္ေနရတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္က ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။
အခုပြဲမွာ ယူႏိုက္တက္ကစားသမားဘဝ ပြဲ(၁၀၀)ျပည့္ခဲ့တဲ့ ဘ႐ူႏိုဟာ
ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက နယူးကာဆယ္နဲ႔ကစားခဲ့တဲ့ပြဲေနာက္ပိုင္းမွ
ပထမဆုံးအႀကိမ္ဂိုးေပါက္ျပန္ရွာေတြ႕ခဲ့တာပါ။
ဒုတိယပိုင္း (၅၂)မိနစ္မွာ ယူႏိုက္တက္ ဦးေဆာင္ဂိုးရခဲ့ၿပီး ညာျခမ္းက
ရပ္ရွ္ဖို႔ဒ္ခ်ိဳးေပးတာကေန စီေရာ္နယ္လ္ဒိုက သူ႔ရဲ႕ေဘာလုံးသမားဘဝတစ္ေလွ်ာက္
ကလပ္နဲ႔ႏိုင္ငံႏွစ္သင္းေပါင္း သြင္းဂိုး(၈၀၀)ျပည့္အျဖစ္ သြင္းယူႏိုင္ခဲ့သလို
အဲဒီဂိုးေတြထဲက ဂိုး(၁၃၀)ဟာ ယူႏိုက္တက္အသင္းအတြက္ သြင္းယူခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ဂိုးရၿပီး မိနစ္ပိုင္းအၾကာမွာ အာဆင္နယ္က ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး
ယူႏိုက္တက္ဘယ္ေနာက္ခံလူ တဲလက္စ္ ေနရာယူမွားတာကေန
မာတင္နယ္လီေပးလိုက္တာကို ေအာ္ဒီဂြါက ပယ္နယ္တီဧရိယာအတြင္း အပိုင္ပိတ္သြင္းခဲ့ပါတယ္။
ယူႏိုက္တက္အတြက္ ကံေကာင္းခဲ့တာက မိနစ္(၇၀)မွာ ေအာ္ဒီဂြါက
မလိုအပ္ဘဲ ပယ္နယ္တီဧရိယာအတြင္း ဖရက္ဒ္ကို
ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပယ္နယ္တီေပးခဲ့ရၿပီး အဲဒီပယ္နယ္တီကို
စီေရာ္နယ္လ္ဒိုက (၈၀၁)ဂိုးေျမာက္အျဖစ္ အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။
လက္က်န္မိနစ္ေတြမွာ ယူႏိုက္တက္အသင္းက အႏိုင္ရလဒ္ကို
ထိန္းကစားခဲ့ၿပီး အာဆင္နယ္အသင္း အခြင့္အေရးတခ်ိဳ႕ရခဲ့ေပမယ့္
ထုံးစံအတိုင္း ဒီဂီယာကာကြယ္ႏိုင္ခဲ့လို႔ (၃-၂)ဂိုးရလဒ္နဲ႔ပြဲၿပီးခဲ့တာေၾကာင့္
ယူႏိုက္တက္တို႔ ပရီးမီးယားလိဂ္(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနမႈကို ရပ္တန႔္ႏိုင္ခဲ့သလို
ယာယီနည္းျပေနာက္ဆုံးပြဲအျဖစ္ ကိုင္တြယ္ခဲ့ရတဲ့ ကာရစ္အတြက္
(၂)ပြဲႏိုင္၊ (၁)ပြဲသေရရႈံးပြဲမရွိမွတ္တမ္းပိုင္ဆိုင္ခဲ့တာေၾကာင့္ ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။