ဆက်ဆူအိုလိုနဲ့ ပွဲမှာ စီးရီးအေသမိုင်းတစ်လျောက် အမြန်ဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အေစီမီလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ


အေစီမီလန်အသင်းဟာ ယနေ့ည ဆက်ဆူအိုလိုနဲ့ ပွဲစဉ်မှာ စီးရီးအေသမိုင်းတစ်လျောက် အမြန်ဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ ကယ်ဟာနို ဘောလုံး ဆွဲပြေးသွားချိန် ဆက်ဆူအိုလို နောက်ခံလူတွေက ၁ဦးမှ လူကပ်ခြင်း မရှိဘဲ လွှတ်ပေးထားခဲ့ပါတယ်။
အလားတူ တောင်ပံကနေ ပြေးထွက်သွားတဲ့ ရာဖေးလ် လီယာအိုကုလည်း လူမကပ်ဘဲ လွှတ်ပေးထားခဲ့ပါတယ်။


ဒါကြောင့် ကယ်ဟာနိုဂလူက လီယာအိုရဲ့ လမ်းကြောင်းထဲ ဘောလုံး ခင်းပေးခဲ့ပြီး ဆက်ဆူအိုလို နောက်ခံလူတွေ အဆိုပါ အချိန်မှ လိုက်ခဲ့ပေမဲ့ နောက်ကျသွားခဲ့ကာ စီးရီးအေ အမြန်ဆုံး သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။


လီယာအိုရဲ့ သွင်းဂိုးကို သွင်းယူချိန်က ပွဲစပြီး ၆.၂စက္ကန့်သာ ကြာမြင့်ခဲ့တာကို မြင်တွေ့ရပါတယ်။
ဒါကြောင့် အဆိုပါ စံချိန်ဟာ ၂၀၀၁ခုနှစ်က ပီယင်ဇာကစားသမား ပေါ့ဂီရဲ့ ၈.၁စက္ကန့် စံချိန်ကို ကျော်ဖြတ်ကာ စီးရီးအေသမိုင်းတစ်လျောက် အမြန်ဆုံးသွင်းဂိုး ဖြစ်လာခဲ့ပါတယ်။


၂၁နှစ်သား လီယာအိုဟာ စီးရီးအေပွဲစဉ် ၈ပွဲ ပါဝင်ကစားရာမှာ ၂ဂိုးသွင်းယူကာ ၃ဂိုး ဖန်တီးထားနိုင်ခဲ့ပေမဲ့ ယနေ့ညမှာတော့ နောက်ထပ် အမြန်ဆုံး သွင်းဂိုး မသွင်းယူနိုင်ခင်အထိ စီးရီးအေ သမိုင်းမှာ တင်ကျန်ရစ်ေတော့မှာပါ။
နည်းပြ ပီအိုလီအတွက်လည်း ဦးဆောင်ဂိုးက အေစီမီလန်ကို ဇယားထိပ်မှာ ဆက်လက် ရပ်တည်နိုင်ဖို့ လုံလောက်စေမှာ ဖြစ်တာကြောင့် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီးရီးေအသမိုင္းတစ္ေလ်ာက္ အျမန္ဆံုးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ေအစီမီလန္

==================
ေအစီမီလန္အသင္းဟာ ယေန႔ည ဆက္ဆူအုိလိုနဲ႔ ပြဲစဥ္မွာ စီးရီးေအသမိုင္းတစ္ေလ်ာက္ အျမန္ဆံုး သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။
ပဲြစတာနဲ႔ ကယ္ဟာႏို ေဘာလံုး ဆဲြေျပးသြားခ်ိန္ ဆက္ဆူအုိလို ေနာက္ခံလူေတြက ၁ဦးမွ လူကပ္ျခင္း မရွိဘဲ လႊတ္ေပးထားခဲ့ပါတယ္။
အလားတူ ေတာင္ပံကေန ေျပးထြက္သြားတဲ့ ရာေဖးလ္ လီယာအုိကုလည္း လူမကပ္ဘဲ လႊတ္ေပးထားခဲ့ပါတယ္။
ဒါေၾကာင့္ ကယ္ဟာႏိုဂလူက လီယာအုိရဲ႕ လမ္းေၾကာင္းထဲ ေဘာလံုး ခင္းေပးခဲ့ျပီး ဆက္ဆူအိုလို ေနာက္ခံလူေတြ အဆိုပါ အခ်ိန္မွ လုိက္ခဲ့ေပမဲ့ ေနာက္က်သြားခဲ့ကာ စီးရီးေအ အျမန္ဆံုး သြင္းဂိုးကို ခြင့္ျပဳေပးခဲ့ရပါတယ္။

လီယာအုိရဲ႕ သြင္းဂိုးကို သြင္းယူခ်ိန္က ပဲြစျပီး ၆.၂စကၠန္႔သာ ၾကာျမင့္ခဲ့တာကို ျမင္ေတြ႕ရပါတယ္။
ဒါေၾကာင့္ အဆိုပါ စံခ်ိန္ဟာ ၂၀၀၁ခုႏွစ္က ပီယင္ဇာကစားသမား ေပါ့ဂီရဲ႕ ၈.၁စကၠန္႔ စံခ်ိန္ကို ေက်ာ္ျဖတ္ကာ စီးရီးေအသမုိင္းတစ္ေလ်ာက္ အျမန္ဆံုးသြင္းဂိုး ျဖစ္လာခဲ့ပါတယ္။
၂၁ႏွစ္သား လီယာအုိဟာ စီးရီးေအပြဲစဥ္ ၈ပဲြ ပါ၀င္ကစားရာမွာ ၂ဂိုးသြင္းယူကာ ၃ဂိုး ဖန္တီးထားႏုိင္ခဲ့ေပမဲ့ ယေန႔ညမွာေတာ့ ေနာက္ထပ္ အျမန္ဆံုး သြင္းဂုိး မသြင္းယူႏုိင္ခင္အထိ စီးရီးေအ သမိုင္းမွာ တင္က်န္ရစ္ေေတာ့မွာပါ။
နည္းျပ ပီအုိလီအတြက္လည္း ဦးေဆာင္ဂိုးက ေအစီမီလန္ကို ဇယားထိပ္မွာ ဆက္လက္ ရပ္တည္ႏိုင္ဖုိ႔ လံုေလာက္ေစမွာ ျဖစ္တာေၾကာင့္ ေက်နပ္စရာ ျဖစ္ခဲ့ရပါတယ္။