စီးရီးအေအသင်း ၄ သင်းပေါင်းရဲ့ ဝင်ငွေထက် ပိုများနတဲ့ ရော်နယ်ဒိုရဲ့လစာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွေအရ ဂျူဗင်တပ်စ်စတား ရော်နယ်ဒိုဟာ တစ်နှစ်လုပ်ခလစ ပေါင် ၂၈ သန်းရရှိနေပြီး အဆိုပါဝင်ငွေဟာ စီးရီးအေအသင်း ၄ သင်းပေါင်းဝင်ငွေထက်ပိုများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အသက် ၃၅ နှစ်သားဟာ ၂၀၁၈ ခုနှစ်က ရီးရဲလ်အသင်းကနေ ဂျူဗင်တပ်စ်ကိုရောက်ရှိလာပြီးနောက် တစ်ပတ်လုပ်ခလစာ ပေါင် ၅၄၀၀၀၀ အထိရရှိနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အခြားကြော်ညာတွေကနေ ဝင်ငွေတွေလည်း ရရှိနေပေမယ့် ဂျူဗင်တပ်စ်စတားရဲ့လုပ်ခလစာက အခြားစီးရီးအေအသင်း ၄ သင်းဝင်ငွေထက်ပိုများနေခဲ့တာဖြစ်ပါတယ်။
ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ အီတလီရဲ့လုပ်ခလစာအကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေပြီး ဒုတိယလုပ်ခလစာရရှိနေတဲ့သူထက် ၄ ဆ လောက်ပိုများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အီတလီသတင်းဌာနရဲ့အဆိုအရ ဂျူဗင်တပ်စ်စတားရော်နယ်ဒိုရဲ့အသင်းဖော် ဒီလစ်ဂျ်ဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၇.၂ သန်းရရိနေပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁၃၈၀၀၀ အထိရရှိနေတယ်လို့ ဆိုပါတယ်။
ရော်နယ်ဒို ၊ ဒီလစ်ဂျ်တို့နောက်မှာတော့ ဒိုင်ဘားလားက ပေါင် ၆.၆ သန်း ၊ ရာဘီအော့က ပေါင် ၆.၃ သန်း ၊ ရမ်ဆေးကလည်းပေါင် ၆.၃ သန်းရရှိနေတာဖြစ်ပါတယ်။
ဒယ်လိုစပေါ့တ်သတင်းဌာနက ဂျူဗင်တပ်စ်ရဲ့လုပ်ခလစာဟာ စီးရီးအေကလပ် ၄ သင်းဖြစ်တဲ့ အူဒီးနီးစ် ၊ ဗီရိုနာ ၊ ခရိုတိုနီ ၊ စပီဇီယာတို့ထက် ဝင်ငွေပိုများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းကစားသမားတွေအပြင် အင်တာမီလန်စတား လူကာကူကလည်း စီးရီးအေရဲ့လုပ်ခလစာအများဆုံးကစားသမားအဖြစ်ပါဝင်နေပါတယ်။
အသက် ၂၇ နှစ်သားဟာ ယူနိုက်တက်ကနေ အင်တာကိုရောက်လာပြီးနောက် တစ်နှစ်လုပ်ခလစာ ပေါင် ၆.၈ သန်းအထိ ရရှိနေပါတယ်။
စီးရီးအေရဲ့လုပ်ခလစာအများဆုံးကစားသမား ၁၀ ဦး – ၁၀. အီဘရာဟီမိုဗစ် – ပေါင် ၆.၃ သန်း ၊  ၉. ဆန်းချက်ဇ် – ပေါင် ၆.၃ သန်း ၊ ၈. ရမ်ဆေး- ပေါင် ၆.၄ သန်း
၇. ရာဘီအော့ – ပေါင် ၆.၄ သန်း ၊ ၆. ဒိုင်ဘားလား – ပေါင် ၆.၆ သန်း ၊ ၅. ဒီဇီကို – ပေါင် ၆.၈ သန်း ၊ ၄. အဲရစ်ဆင် – ပေါင် ၆.၈ သန်း
၃. လူကာကူ – ပေါင် ၆.၈ သန်း ၊ ၂. ဒီလစ်ဂျ် – ပေါင် ၇.၂ သန်း ၊ ၁. ရော်နယ်ဒို – ပေါင် ၂၈ သန်း
ဒယ်လိုစပေါ့တ်က ဂျူဗင်တပ်စ်နည်းပြ ပီယာလိုဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၁.၆ သန်းရရှိနေပြီး လာဇီယိုနည်းပြ အင်ဇာဂီ ၊ ဘိုလော့ဂ်နာနည်းပြ မီဟယ်လိုဗစ် နဲ့ အေစီမီလန်နည်းပြ ပီအိုလီတို့ကတော့ တစ်နှစ်လုပ်ခလစာပေါင် ၁.၈ သန်းအထိရရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
၎. အဲရစ်ဆင် – ပေါင် ၆.၈ သန်း ၊ ၃. လူကာကူ – ပေါင် ၆.၈ သန်း ၊ ၂. ဒီလစ်ဂ်ျ – ပေါင် ၇.၂ သန်း ၊ ၁. ရော်နယ်ဒို – ပေါင် ၂၈ သန်း