
နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံဆုတွေစိန်ခေါ်နိုင်ဖို့အတွက်
သာမာန်ကောင်းတာရဲ့အဆင့်တောင် မရှိဘူးလို့ မန်ယူနောက်ခံလူဟောင်း
ဂယ်ရီနဗီးလ်က အပြင်းအထန်ဝေဖန်ပြောကြားလိုက်ပါတယ်။
မန်ယူဟာ ပြီးခဲ့တဲ့စနေညက အဝေးကွင်းမှာ လက်စတာကို ၄-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး
ယူနိုက်တက်အနေနဲ့ အသင်းမှာ စုစည်းမှုမရှိဘဲ အလယ်အလတ်အသင်းကောင်း
ကိုတောင် ရင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ ပြစ်တင်ပြောကြားခဲ့တာပါ။
ဒါ့အပြင် ဂယ်ရီနဗီးလ်က မန်ယူဟာ ပြိုင်ဘက်ကို Pressing ပေးတဲ့နေရာမှာ
အတော်လေးကို အားနည်လှကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
”သူတို့က သာမန်ကောင်းတာရဲ့အဆင့်တောင် မရှိဘူး။ အလယ်အလတ်အသင်းတွေနဲ့
တွေ့တဲ့အချိန်မှာတောင် ရုန်းကန်နေရတယ်။ အသင်းရဲ့စွမ်းဆောင်နိုင်စွမ်းက
တစ်ရာသီလုံး အနုပ်စုတ်ကုပ်စုတ်ဖြစ်နေတယ်ဗျာ။ လှပတဲ့ဂိုးအချို့ရှိနေပေမယ့်
စွမ်းဆောင်မှုကတော့ အားလုံးခြုံပြောရင် တော်တော်စုတ်ပါတယ်။
အဲဗာတန်နဲ့တွေ့တော့ အပြဲအကွဲ။ ဗီလာ၊ ဗီ်လာရီးရဲလ်တို့နဲ့တုန်းကလည်း
အဲဒီအတိုင်းပဲ။ ဒီနေ့လည်း လက်စတာလို အလယ်အလတ်အသင်းကောင်းရဲ့ပညာ
ပေးခြင်းကို ခံရတယ်”လို့ ဂယ်ရီနဗီးလ်က Sky Sports ရုပ်သံကို ပြောကြားခဲ့တာပါ။
ဒါ့အပြင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ နဗီးလ်က
”ဘောလုံးပိုင်ဆိုင်မှုလည်း ကောင်းကောင်းမရှိပါဘူး။ ဘောလုံးပြန်ရဖို့
ကြိုးစားတဲ့နေရာမှာလည်း ဇယားအထက်ပိုင်းအသင်းတွေထဲမှာ အားအနည်းဆုံးပါ”လို့
ထောက်ပြခဲ့ပါတယ်။ စီရော်နယ်ဒိုပြန်လာသလို ဆန်ချိုနဲ့ဗာရာနီတို့လို
အဓိကခေါ်ယူမှုတွေပြုလုပ်ထားပေမယ့် မန်ယူဟာ ဘောလုံးရာသီအစောပိုင်း
အဆင့်မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာပါ။
မန်ယူဟာ ဒီရာသီမှာ လက်စတာရဲ့အနိုင်ယူခြင်းခံရသလို ယန်းဘွိုင်းစ်၊
ဝက်စ်ဟမ်းနဲ့အက်စ်တွန်ဗီလာတို့ဟာလည်း ဆိုးလ်ရှားရဲ့အသင်းကို
တက်နိုင်ထားကာ အဲဗာတန်နဲ့ဆောက်သမ်တန်တို့ကိုလည်း အနိုင်မကစားနိုင်ခဲ့ပါဘူး။
ဒါကြောင့်လည်း မန်ယူဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ
ရှိခဲ့တာပါ။ ဆိုးလ်ရှားရဲ့လူရွေးချယ်မှုမှာ ဟန်ချက်ညီမှုကင်းမဲ့နေကြောင်းလည်း
နဗီးလ်က ယုံကြည်နေပါတယ်။ လက်စတာနဲ့ပွဲမှာဆို ဆိုးလ်ရှားဟာ
တိုက်စစ်အသားပေးကစားသမားအများစုကို ရွေးချယ်ခဲ့လို့ ခံစစ်ပွင့်နေ
ကြောင်းလည်း နဗီးလ်က သုံးသပ်ခဲ့ပါတယ်။
Zawgyi
စုတ္ျပတ္ေနတဲ့ ယူႏိုက္တက္ရဲ႕ေျခစြမ္း
နည္းျပဆိုးလ္ရွားရဲ႕အသင္းဟာ ခ်န္ပီယံဆုေတြစိန္ေခၚႏိုင္ဖို႔အတြက္
သာမာန္ေကာင္းတာရဲ႕အဆင့္ေတာင္ မရွိဘူးလို႔ မန္ယူေနာက္ခံလူေဟာင္း
ဂယ္ရီနဗီးလ္က အျပင္းအထန္ေဝဖန္ေျပာၾကားလိုက္ပါတယ္။
မန္ယူဟာ ၿပီးခဲ့တဲ့စေနညက အေဝးကြင္းမွာ လက္စတာကို ၄-၂ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး
ယူႏိုက္တက္အေနနဲ႔ အသင္းမွာ စုစည္းမႈမရွိဘဲ အလယ္အလတ္အသင္းေကာင္း
ကိုေတာင္ ရင္ဆိုင္ႏိုင္စြမ္းမရွိဘူးလို႔ ျပစ္တင္ေျပာၾကားခဲ့တာပါ။
ဒါ့အျပင္ ဂယ္ရီနဗီးလ္က မန္ယူဟာ ၿပိဳင္ဘက္ကို Pressing ေပးတဲ့ေနရာမွာ
အေတာ္ေလးကို အားနည္လွေၾကာင္းလည္း သုံးသပ္ခဲ့ပါတယ္။
”သူတို႔က သာမန္ေကာင္းတာရဲ႕အဆင့္ေတာင္ မရွိဘူး။ အလယ္အလတ္အသင္းေတြနဲ႔
ေတြ႕တဲ့အခ်ိန္မွာေတာင္ ႐ုန္းကန္ေနရတယ္။ အသင္းရဲ႕စြမ္းေဆာင္ႏိုင္စြမ္းက
တစ္ရာသီလုံး အႏုပ္စုတ္ကုပ္စုတ္ျဖစ္ေနတယ္ဗ်ာ။ လွပတဲ့ဂိုးအခ်ိဳ႕ရွိေနေပမယ့္
စြမ္းေဆာင္မႈကေတာ့ အားလုံးၿခဳံေျပာရင္ ေတာ္ေတာ္စုတ္ပါတယ္။
အဲဗာတန္နဲ႔ေတြ႕ေတာ့ အၿပဲအကြဲ။ ဗီလာ၊ ဗီ္လာရီးရဲလ္တို႔နဲ႔တုန္းကလည္း အဲဒီအတိုင္းပဲ။
ဒီေန႔လည္း လက္စတာလို အလယ္အလတ္အသင္းေကာင္းရဲ႕ပညာေပးျခင္းကို ခံရတယ္”လို႔
ဂယ္ရီနဗီးလ္က Sky Sports ႐ုပ္သံကို ေျပာၾကားခဲ့တာပါ။
ဒါ့အျပင္ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ နဗီးလ္က
”ေဘာလုံးပိုင္ဆိုင္မႈလည္း ေကာင္းေကာင္းမရွိပါဘူး။ ေဘာလုံးျပန္ရဖို႔
ႀကိဳးစားတဲ့ေနရာမွာလည္း ဇယားအထက္ပိုင္းအသင္းေတြထဲမွာ အားအနည္းဆုံးပါ”လို႔
ေထာက္ျပခဲ့ပါတယ္။ စီေရာ္နယ္ဒိုျပန္လာသလို ဆန္ခ်ိဳနဲ႔ဗာရာနီတို႔လို
အဓိကေခၚယူမႈေတြျပဳလုပ္ထားေပမယ့္ မန္ယူဟာ ေဘာလုံးရာသီအေစာပိုင္း
အဆင့္မွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရတာပါ။
မန္ယူဟာ ဒီရာသီမွာ လက္စတာရဲ႕အႏိုင္ယူျခင္းခံရသလို ယန္းဘြိဳင္းစ္၊
ဝက္စ္ဟမ္းနဲ႔အက္စ္တြန္ဗီလာတို႔ဟာလည္း ဆိုးလ္ရွားရဲ႕အသင္းကို
တက္ႏိုင္ထားကာ အဲဗာတန္နဲ႔ေဆာက္သမ္တန္တို႔ကိုလည္း အႏိုင္မကစားႏိုင္ခဲ့ပါဘူး။
ဒါေၾကာင့္လည္း မန္ယူဟာ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၇ ပြဲမွာ ႏိုင္ပြဲ ၂ ပြဲသာ
ရွိခဲ့တာပါ။ ဆိုးလ္ရွားရဲ႕လူေ႐ြးခ်ယ္မႈမွာ ဟန္ခ်က္ညီမႈကင္းမဲ့ေနေၾကာင္းလည္း
နဗီးလ္က ယုံၾကည္ေနပါတယ္။ လက္စတာနဲ႔ပြဲမွာဆို ဆိုးလ္ရွားဟာ
တိုက္စစ္အသားေပးကစားသမားအမ်ားစုကို ေ႐ြးခ်ယ္ခဲ့လို႔ ခံစစ္ပြင့္ေန
ေၾကာင္းလည္း နဗီးလ္က သုံးသပ္ခဲ့ပါတယ္။