
စူပါကွန်ပျူတာဟာစတီဗင်ဂျရတ်ရဲ့ဦးဆောင်မှုလက်အောက်တွင်အက်စတွန်
ဗီလာအသင်း ယခုရာသီပရီးမီးယားလိဂ်ဘောလုံးရာသီအားဘယ်အဆင့်မျိုးတွင်
ရပ်တည်ပြီးအဆုံးသတ်မလဲခန့်မှန်းလာပါတယ်။စူပါကွန်ပျူတာရဲ့ခန့်မှန်းလာမှုက
ဂျရတ်ရဲ့ဦးဆောင်မှုဖြင့်အမြင့်ပျံဖို့မျှော်လင့်နေတဲ့ဗီလာပရိသတ်များအတွက်
စိတ်မချမ်းမသာစရာပါ။
Bettingexpert ရဲ့စူပါကွန်ပျူတာကအက်စတွန်ဗီလာဟာရာသီအကုန်တွင်
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၅နေရာတွင်ရပ်တည်ရလိမ့်မယ်လို့
ဆိုလာပါတယ်။ဒါပေမယ့်ယင်းဝက်ဘ်ဆိုက်ဟာဗီလာအသင်း တန်းဆင်းရရေးနှင့်
ပတ်သက်ပြီးတော့လည်း၅/၁ကြေးဖွင့်ထားပါသေးတယ်။
ဗီလာဟာယခုရာသီတွင်ရလဒ်ဆိုးရွားမှုနဲ့အတူအမှတ်ပေးဇယားအဆင့်
၁၆နေရာတွင်ရပ်တည်နေပြီးငါးပွဲဆက်အရှုံးနှင့်ရင်ဆိုင်ရပြီးနောက်နည်းပြ
ဒိန်းစမစ်လည်းရာထူးမှအထုတ်ခံခဲ့ရပါတယ်။
ဗီလာဟာစက်တင်ဘာလ၂၅ရက်နေ့တုန်းကမန်ချက်စတာယူနိုက်တက်ကို
၁-ဝဂိုးဖြင့်အနိုင်ရရှိပြီးနောက်ပိုင်းတွင်ပရီးမီးယားလိဂ်ငါးပွဲဆက်တိုက်
ရှုံးနိမ့်ထားတာဖြစ်ပါတယ်။
ယခုစူပါကွန်ပျူတာရဲ့ခန့်မှန်းချက်အရဆိုလျှင်အက်စတွန်ဗီလာဟာဂျရတ်ရဲ့
ဦးဆောင်မှုလက်အောက်မှာအနည်းငယ်တိုးတက်လာမယ်ဆိုပေမယ့်
ရုန်းကန်ရဖို့သေချာနေဆဲဆိုတာမြင်တွေ့နိုင်ပါတယ်။
ဒါ့အပြင်စူပါကွန်ပျူတာဟာမန်စီးတီးကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်
အသင်းအဖြစ်ခန့်မှန်းထားပြီးထိပ်ဆုံးလေးသင်းစာရင်းဝင်မယ့်အသင်းများ
စာရင်းမှမန်ယူကိုဖယ်ရှားကာချဲလ်ဆီး၊လီဗာပူး၊ဝက်စ်ဟမ်းတို့ကိုထည့်သွင်း
ထားပါတယ်။စူပါကွန်ပျူတာကမန်ယူကိုအဆင့်၅ဖြင့်သာအဆုံးသတ်ပြီး
ယူရိုပါလိဂ်ဝင်ခွင့်သာရမယ်လို့ဆိုထားပါတယ်။စူပါကွန်ပျူတာက
နယူးကာဆယ်၊ဝက်ဖို့ဒ်နှင့်နော့ဝှစ်ချ်တို့ကိုတန်းဆင်းရမယ့်အသင်းများအဖြစ်
ခန့်မှန်းထားပါတယ်။
Zawgyi
စူပါကြန္ပ်ဴတာခန႔္မွန္းတဲ့ ဂ်ရတ္လက္ေအာက္က ဗီလာအသင္းရဲ႕ ရာသီကုန္အဆင့္
စူပါကြန္ပ်ဴတာဟာစတီဗင္ဂ်ရတ္ရဲ႕ဦးေဆာင္မႈလက္ေအာက္တြင္အက္စတြန္
ဗီလာအသင္း ယခုရာသီပရီးမီးယားလိဂ္ေဘာလုံးရာသီအားဘယ္အဆင့္မ်ိဳးတြင္
ရပ္တည္ၿပီးအဆုံးသတ္မလဲခန႔္မွန္းလာပါတယ္။စူပါကြန္ပ်ဴတာရဲ႕ခန႔္မွန္းလာမႈက
ဂ်ရတ္ရဲ႕ဦးေဆာင္မႈျဖင့္အျမင့္ပ်ံဖို႔ေမွ်ာ္လင့္ေနတဲ့ဗီလာပရိသတ္မ်ားအတြက္
စိတ္မခ်မ္းမသာစရာပါ။
Bettingexpert ရဲ႕စူပါကြန္ပ်ဴတာကအက္စတြန္ဗီလာဟာရာသီအကုန္တြင္
ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၅ေနရာတြင္ရပ္တည္ရလိမ့္မယ္လို႔
ဆိုလာပါတယ္။ဒါေပမယ့္ယင္းဝက္ဘ္ဆိုက္ဟာဗီလာအသင္း တန္းဆင္းရေရးႏွင့္
ပတ္သက္ၿပီးေတာ့လည္း၅/၁ေၾကးဖြင့္ထားပါေသးတယ္။
ဗီလာဟာယခုရာသီတြင္ရလဒ္ဆိုး႐ြားမႈနဲ႔အတူအမွတ္ေပးဇယားအဆင့္
၁၆ေနရာတြင္ရပ္တည္ေနၿပီးငါးပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ရၿပီးေနာက္နည္းျပ
ဒိန္းစမစ္လည္းရာထူးမွအထုတ္ခံခဲ့ရပါတယ္။
ဗီလာဟာစက္တင္ဘာလ၂၅ရက္ေန႔တုန္းကမန္ခ်က္စတာယူႏိုက္တက္ကို
၁-ဝဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ငါးပြဲဆက္တိုက္
ရႈံးနိမ့္ထားတာျဖစ္ပါတယ္။
ယခုစူပါကြန္ပ်ဴတာရဲ႕ခန႔္မွန္းခ်က္အရဆိုလွ်င္အက္စတြန္ဗီလာဟာဂ်ရတ္ရဲ႕
ဦးေဆာင္မႈလက္ေအာက္မွာအနည္းငယ္တိုးတက္လာမယ္ဆိုေပမယ့္
႐ုန္းကန္ရဖို႔ေသခ်ာေနဆဲဆိုတာျမင္ေတြ႕ႏိုင္ပါတယ္။
ဒါ့အျပင္စူပါကြန္ပ်ဴတာဟာမန္စီးတီးကိုပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ့္
အသင္းအျဖစ္ခန႔္မွန္းထားၿပီးထိပ္ဆုံးေလးသင္းစာရင္းဝင္မယ့္အသင္းမ်ား
စာရင္းမွမန္ယူကိုဖယ္ရွားကာခ်ဲလ္ဆီး၊လီဗာပူး၊ဝက္စ္ဟမ္းတို႔ကိုထည့္သြင္း
ထားပါတယ္။စူပါကြန္ပ်ဴတာကမန္ယူကိုအဆင့္၅ျဖင့္သာအဆုံးသတ္ၿပီး
ယူ႐ိုပါလိဂ္ဝင္ခြင့္သာရမယ္လို႔ဆိုထားပါတယ္။စူပါကြန္ပ်ဴတာက
နယူးကာဆယ္၊ဝက္ဖို႔ဒ္ႏွင့္ေနာ့ဝွစ္ခ်္တို႔ကိုတန္းဆင္းရမယ့္အသင္းမ်ားအျဖစ္
ခန႔္မွန္းထားပါတယ္။