စူပါဖလားရရှိတာက စီးရီးအေချန်ပီယံဆုအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ ရော်နယ်ဒို ယုံကြည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက နာပိုလီကိုအနိုင်ရရှိပြီး စူပါဖလားရရှိတာက စီးရီးအေချန်ပီယံဆုအတွက် စိတ်ဓာတ်ခွန်အားဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ပေါ်တူဂီသားဟာ နာပိုလီအသင်းနဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၆၄ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲ့နောက် တိုက်စစ်မှူး မိုရာတာက ဂျူဗင်တပ်စ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် စူပါဖလားက ၂၀၁၈ ခုနှစ်က ရော်နယ်ဒိုတစ်ယောက် ရီးရဲလ်ကနေ ပြောင်းလာပြီးနောက် ၄ ကြိမ်မြောက်ရရှိတဲ့ဆုဖလားဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆု ၉ ကြိမ်ဆက်ရရှိထားခဲ့ပေမယ့် ဒီရာသီမှာတော့ စီးရီးအေမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။

လက်ရှိစီးရီးအေအမှတ်ပေးဇယားမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ တစ်ပွဲအလို ထိပ်ဆုံးနေရာက အေစီမီလန်နဲ့ ၁၀ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ဒါ့ပြင် အင်တာ ၊ နာပိုလီ ၊ ရိုးမားတို့ကလည်း ဒီရာသီမှာ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်လာကြတာဖြစ်တာကြော်င့် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

စူပါဖလားဖိုင်နယ်ပွဲအပြီးမှာ ရော်နယ်ဒိုက အခုဆုဖလားရရှိတာက စီးရီးအေချန်ပီယံဆုအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“အခုဆုဖလားရရှိခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်။ နာပိုလီနဲ့ပွဲက ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အာရုံစိုက်ကစားခဲ့တာကြောင့် အနိုင်ရရှိခဲ့တာပါ။ အင်တာနဲ့ပွဲက စွမ်းဆောင်ရည်က တော်တော်ဆိုးခဲ့ပါတယ်။ ဒါပေမဲ့ နာပိုလီနဲ့ပွဲမှာ အနိုင်ရရှိခဲ့တာက စီးရီးအေဆုအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အင်တာနဲ့အေစီက အရမ်းကောင်းလာပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ချန်ပီယံကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ အသင်းအတွက် ၂၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ကစားသမားဘ၀ ကလပ်အသင်းကော နိုင်ငံအသင်းအတွက် သွင်းဂိုး ၇၆၀ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ တနင်္ဂနွေနေ့မှာ ဘိုလော့ဂ်နာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ စပယ်လ်အသင်းနဲ့ ကိုပါအီတာလီယာဖလားပွဲဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စူပါဖလားရရွိတာက စီးရီးေအခ်န္ပီယံဆုအတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစလိမ့္မယ္လို႔ ေရာ္နယ္ဒို ယံုၾကည္ေန

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုက နာပိုလီကိုအႏိုင္ရရွိျပီး စူပါဖလားရရွိတာက စီးရီးေအခ်န္ပီယံဆုအတြက္ စိတ္ဓာတ္ခြန္အားျဖစ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။ ေပၚတူဂီသားဟာ နာပိုလီအသင္းနဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္အတြက္ ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ ၆၄ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲ့ေနာက္ တိုက္စစ္မွဴး မိုရာတာက ဂ်ဴဗင္တပ္စ္အတြက္ အႏုိင္ေသခ်ာေစမယ့္ဂိုးကို ထပ္မံသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုအတြက္ စူပါဖလားက ၂၀၁၈ ခုႏွစ္က ေရာ္နယ္ဒိုတစ္ေယာက္ ရီးရဲလ္ကေန ေျပာင္းလာျပီးေနာက္ ၄ ၾကိမ္ေျမာက္ရရွိတဲ့ဆုဖလားျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့ ဂ်ဴဗင္တပ္စ္ဟာ ျပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံဆု ၉ ၾကိမ္ဆက္ရရွိထားခဲ့ေပမယ့္ ဒီရာသီမွာေတာ့ စီးရီးေအမွာ ရုန္းကန္ေနရတာျဖစ္ပါတယ္။ လက္ရွိစီးရီးေအအမွတ္ေပးဇယားမွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းဟာ တစ္ပြဲအလို ထိပ္ဆံုးေနရာက ေအစီမီလန္နဲ႔ ၁၀ မွတ္အကြာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။ ဒါ့ျပင္ အင္တာ ၊ နာပိုလီ ၊ ရိုးမားတို႔ကလည္း ဒီရာသီမွာ စီးရီးေအခ်န္ပီယံဆုကို စိန္ေခၚလာၾကတာျဖစ္တာေၾကာ္င့္ ျပိုင္ဆိုင္မႈက ပိုမိုျပင္းထန္လာတာျဖစ္ပါတယ္။ စူပါဖလားဖိုင္နယ္ပြဲအျပီးမွာ ေရာ္နယ္ဒိုက အခုဆုဖလားရရွိတာက စီးရီးေအခ်န္ပီယံဆုအတြက္ အေထာက္အကူျဖစ္တယ္လို႔ ဆုိခဲ့ပါတယ္။

“အခုဆုဖလားရရွိခဲ့လို႔ ကြ်န္ေတာ္အရမ္းေပ်ာ္ပါတယ္။ နာပိုလီနဲ႔ပြဲက ခက္ခဲခဲ့ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ အာရံုစုိက္ကစားခဲ့တာေၾကာင့္ အႏိုင္ရရွိခဲ့တာပါ။ အင္တာနဲ႔ပြဲက စြမ္းေဆာင္ရည္က ေတာ္ေတာ္ဆိုးခဲ့ပါတယ္။ ဒါေပမဲ့ နာပိုလီနဲ႔ပြဲမွာ အႏိုင္ရရွိခဲ့တာက စီးရီးေအဆုအတြက္ အေထာက္အကူျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အင္တာနဲ႔ေအစီက အရမ္းေကာင္းလာပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ခ်န္ပီယံကာကြယ္ႏိုင္လိမ့္မယ္လုိ႔ ယံုၾကည္ပါတယ္”လို႔ ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ဒီရာသီမွာ အသင္းအတြက္ ၂၁ ဂိုးအထိ သြင္းယူထားႏုိင္ခဲ့ျပီး ကစားသမားဘ၀ ကလပ္အသင္းေကာ ႏိုင္ငံအသင္းအတြက္ သြင္းဂိုး ၇၆၀ ဂိုးအထိ ရွိလာခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ တနဂၤေနြေန႔မွာ ဘုိေလာ့ဂ္နာအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ျပီး ဇန္န၀ါရီလ ၂၇ ရက္ေန႔မွာေတာ့ စပယ္လ္အသင္းနဲ႔ ကိုပါအီတာလီယာဖလားပြဲဆက္လက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။