
ဥရောပထိပ်တန်း ဘောလုံးကလပ်တွေသာ ပါဝင်ဆင်နွဲသွားမယ့်
စူပါလိဂ်ပြိုင်ပွဲကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာအသင်းတွေနဲ့အတူ
ပူးပေါင်း ကြီးမှူးတင်ဆက်ဖို့ စီစဉ်နေတဲ့ စီးရီးအေထိပ်သီးကလပ်
ဂျူဗင်တပ်စ်အသင်းအနေနဲ့ စူပါလိဂ်ကို ပါဝင်ဖို့ စီစဉ်နေဦးမယ်ဆိုရင်
စီးရီးအေပြိုင်ပွဲကနေပါ ဖယ်ရှားသွားမယ်လို့
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဂါဘရီလီဂရာဗီနာက
ပြင်းပြင်းထန်ထန်ကို သတိပေးသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ရဲ့ ခြေလှမ်းတွေကြောင့်ပဲ အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂရာဗီနာက
“ အဲဒီစာချုပ်က စီစဉ်ထားတဲ့ အဆိုကြမ်းတစ်ခုပဲ ရှိပါသေးတယ်။
အဲ့ဒါက တကယ်ဖြစ်လာခဲ့ရင်တော့ ဂျူဗင်တပ်စ်ဟာ
အီတလီ လိဂ်ကနေ ထွက်သွားရမှာပါ ” လို့ ဆိုပါတယ်။
မနှစ်က စူပါလိဂ် ကြေညာမှုအပြီး မကြာခင်မှာပဲ အစီအစဉ်က ပျက်စီးခဲ့ရပေမယ့်
ဒီပြိုင်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့
အရိပ်အယောင်တွေက ရှိနေဆဲ ဖြစ်ပါတယ်။
လာလီဂါဥက္ကဌ ဂျာဗီယာ တီဘက်စ်က ဂျူဗီ၊ ရီးရဲလ်နဲ့ ဘာကာတို့ဟာ
ပရီးမီးယားလိဂ်ကလပ်တွေ ပါဝင်မှာ မဟုတ်တဲ့ စူပါလိဂ်
အစီအစဉ်အသစ်တစ်ခုကို ပြင်ဆင်နေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
“ ဒီအစီအစဉ်တွေကို ဆက်လုပ်နေတုန်းပါ။
သူတို့တွေ နောက်ထပ် စီမံကိန်းတစ်ခု လုပ်နေတယ်။
အင်္ဂလန်အသင်းတွေ မပါဘဲ ယူအီးအက်ဖ်အေ၊ ဖီဖာနဲ့ ပရီးမီးယားလိဂ်တို့ကို ဆန့်ကျင်ပြီး
သူတို့ကြိုးစားနေတဲ့အရာက ထပ်မံ ကျရှုံးဦးမှာပဲ”လို့
တီဘက်စ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်၊ စပါး၊ မန်စီးတီးနဲ့ လီဗာပူးတို့အားလုံးဟာ
အများရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကြားမှာ စူပါလိဂ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။
zawgyi
စူပါလိဂ္ကို ပါဝင္ဖို႔ စီစဥ္ေနဦးမယ္ဆိုရင္ ဂ်ဴဗင္တပ္စ္ စီးရီးေအ ၿပိဳင္ပြဲကေန ထြက္ရမယ္
ဥေရာပထိပ္တန္း ေဘာလုံးကလပ္ေတြသာ ပါဝင္ဆင္ႏြဲသြားမယ့္
စူပါလိဂ္ၿပိဳင္ပြဲကို ရီးရဲလ္မက္ဒရစ္ ဘာစီလိုနာအသင္းေတြနဲ႔အတူ
ပူးေပါင္း ႀကီးမႉးတင္ဆက္ဖို႔ စီစဥ္ေနတဲ့ စီးရီးေအထိပ္သီးကလပ္
ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ စူပါလိဂ္ကို ပါဝင္ဖို႔ စီစဥ္ေနဦးမယ္ဆိုရင္
စီးရီးေအၿပိဳင္ပြဲကေနပါ ဖယ္ရွားသြားမယ္လို႔
အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ဂါဘရီလီဂရာဗီနာက
ျပင္းျပင္းထန္ထန္ကို သတိေပးသြားခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္ရဲ႕ ေျခလွမ္းေတြေၾကာင့္ပဲ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဂရာဗီနာက
“ အဲဒီစာခ်ဳပ္က စီစဥ္ထားတဲ့ အဆိုၾကမ္းတစ္ခုပဲ ရွိပါေသးတယ္။
အဲ့ဒါက တကယ္ျဖစ္လာခဲ့ရင္ေတာ့ ဂ်ဴဗင္တပ္စ္ဟာ
အီတလီ လိဂ္ကေန ထြက္သြားရမွာပါ ” လို႔ ဆိုပါတယ္။
မႏွစ္က စူပါလိဂ္ ေၾကညာမႈအၿပီး မၾကာခင္မွာပဲ အစီအစဥ္က ပ်က္စီးခဲ့ရေပမယ့္
ဒီၿပိဳင္ပြဲကို မျဖစ္ျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့
အရိပ္အေယာင္ေတြက ရွိေနဆဲ ျဖစ္ပါတယ္။
လာလီဂါဥကၠဌ ဂ်ာဗီယာ တီဘက္စ္က ဂ်ဴဗီ၊ ရီးရဲလ္နဲ႔ ဘာကာတို႔ဟာ
ပရီးမီးယားလိဂ္ကလပ္ေတြ ပါဝင္မွာ မဟုတ္တဲ့ စူပါလိဂ္
အစီအစဥ္အသစ္တစ္ခုကို ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။
“ ဒီအစီအစဥ္ေတြကို ဆက္လုပ္ေနတုန္းပါ။
သူတို႔ေတြ ေနာက္ထပ္ စီမံကိန္းတစ္ခု လုပ္ေနတယ္။
အဂၤလန္အသင္းေတြ မပါဘဲ ယူအီးအက္ဖ္ေအ၊ ဖီဖာနဲ႔ ပရီးမီးယားလိဂ္တို႔ကို ဆန႔္က်င္ၿပီး
သူတို႔ႀကိဳးစားေနတဲ့အရာက ထပ္မံ က်ရႈံးဦးမွာပဲ”လို႔
တီဘက္စ္က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္၊ ခ်ယ္လ္ဆီး၊ ယူႏိုက္တက္၊ စပါး၊ မန္စီးတီးနဲ႔ လီဗာပူးတို႔အားလုံးဟာ
အမ်ားရဲ႕ ျပင္းထန္တဲ့ တုံ႔ျပန္မႈၾကားမွာ စူပါလိဂ္ကေန ႏုတ္ထြက္ခဲ့ရပါတယ္။