စံချိန်ချိုးခံရပြီးနောက် Instagram မှာ သူအကွက်ရွှေ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် ပီလီရဲ့တုံ့ပြန်မှု

စီရော်နယ်ဒိုက သူ့စံချိန်ကိုကျော်ဖြတ်ခဲ့ပြီးနောက်မှာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ သူ ကိုယ်ရေးအချက်အလက်ပြင်ခဲ့တယ်ဆိုတဲ့ ပြောဆိုနေကြမှုတွေကို ဘရာဇီးဂန္ထဝင်ဟောင်းပီလီက တုံ့ပြန်လိုက်ပါတယ်။

အူဒီးနိစ်နဲ့ပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ၇၅၈ ဂိုးရှိသွားတဲ့ စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် official သွင်းဂိုးအများဆုံးစာရင်းမှာ ပီလီကိုကျော်တက်နိုင်ခဲ့တယ်ဆိုတာ အားလုံးလည်း သိကြပြီးသားပါ။

အဲဒီနောက် ပီလီဟာ သူ့ Instagram အကောင့်က ကိုယ်ရေးအချက်အလက်မှာ စုစုပေါင်း ၁၂၈၃ ဂိုးနဲ့ သူဟာ ဘောလုံးသမိုင်းရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်နေဆဲဆိုတာကို သိစေချင်လို့ update လုပ်ခဲ့တာကို ပရိသတ်တွေက သတိထားမိသွားကြပါတယ်။

ပီလီ အဲဒီလိုလုပ်တာဟာ အကျင့်မကောင်းရာရောက်တယ်လို့လည်း အတော်များများက ထင်မှတ်ယူဆခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာ့ဖလား ၃ ထပ်ကွမ်းချန်ပီယံ အဲဒီဘရာဇီးသားက Instagram က သူ့ကိုယ်ရေးအချက်အလက်ကို ဘယ်လိုမှ အပြောင်းအလဲမလုပ်ခဲ့ကြောင်း နောက်ထပ်ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။

”ကျွန်တော့်စံချိန်တွေကိုချိုးတဲ့ ဒီနာမည်ကြီးကစားသမားတွေကို မှေးမှိန်စေဖို့အတွက် ကျွန်တော်က Instagram က bio ကို ပြောင်းလဲမှုလုပ်ခဲ့တယ်လို့ စာနယ်ဇင်းတွေက စွပ်စွဲနေကြပါတယ်”လို့ ပီလီက Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။

ဆက်လက်ပြီး ပီလီက”အဲဒီ bio စာကြောင်းဟာ Instagram ကို ကျွန်တော်စသုံးကတည်းက အမြဲတမ်းအဲဒီအတိုင်းပါပဲ။ အဲဒါလေးနဲ့ ကိုယ့်ရဲ့မယုံနိုင်ဖွယ်အောင်မြင်မှုတွေကို သေးသိမ်အောင် လုပ်လို့မရပါဘူး”လို့ ရေးထားပါတယ်။

Zawgyi

စံခ်ိန္ခ်ိဳးခံရၿပီးေနာက္ Instagram မွာ သူအကြက္ေရႊ႕တယ္ဆိုတဲ့ စြပ္စြဲမႈေတြအေပၚ ပီလီရဲ႕တု႔ံျပန္္မႈ

စီေရာ္နယ္ဒိုက သူ႔စံခ်ိန္ကိုေက်ာ္ျဖတ္ခဲ့ၿပီးေနာက္မွာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ သူ ကိုယ္ေရးအခ်က္အလက္ျပင္ခဲ့တယ္ဆိုတဲ့ ေျပာဆုိေနၾကမႈေတြကို ဘရာဇီးဂႏၳ၀င္ေဟာင္းပီလီက တုံ႔ျပန္လုိက္ပါတယ္။

အူဒီးနိစ္နဲ႔ပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ ၇၅၈ ဂိုးရွိသြားတဲ့ စီေရာ္နယ္ဒုိဟာ သမို္င္းတစ္ေလွ်ာက္ official သြင္းဂိုးအမ်ားဆုံးစာရင္းမွာ ပီလီကိုေက်ာ္တက္ႏိုင္ခဲ့တယ္ဆုိတာ အားလုံးလည္း သိၾကၿပီးသားပါ။

အဲဒီေနာက္ ပီလီဟာ သူ႔ Instagram အေကာင့္က ကိုယ္ေရးအခ်က္အလက္မွာ စုစုေပါင္း ၁၂၈၃ ဂိုးနဲ႔ သူဟာ ေဘာလုံးသမိုင္းရဲ႕စံခ်ိန္တင္ဂိုးသြင္းရွင္ျဖစ္ေနဆဲဆုိတာကို သိေစခ်င္လုိ႔ update လုပ္ခဲ့တာကို ပရိသတ္ေတြက သတိထားမိသြားၾကပါတယ္။

ပီလီ အဲဒီလိုလုပ္တာဟာ အက်င့္မေကာင္းရာေရာက္တယ္လုိ႔လည္း အေတာ္မ်ားမ်ားက ထင္မွတ္ယူဆခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ကမာၻ႔ဖလား ၃ ထပ္ကြမ္းခ်န္ပီယံ အဲဒီဘရာဇီးသားက Instagram က သူ႔ကိုယ္ေရးအခ်က္အလက္ကို ဘယ္လုိမွ အေျပာင္းအလဲမလုပ္ခဲ့ေၾကာင္း ေနာက္ထပ္ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ျပန္လည္ေျဖရွင္းလုိက္ပါတယ္။

”ကၽြန္ေတာ့္စံခ်ိန္ေတြကိုခ်ိဳးတဲ့ ဒီနာမည္ႀကီးကစားသမားေတြကို ေမွးမွိန္ေစဖို႔အတြက္ ကၽြန္ေတာ္က Instagram က bio ကို ေျပာင္းလဲမႈလုပ္ခဲ့တယ္လုိ႔ စာနယ္ဇင္းေတြက စြပ္စြဲေနၾကပါတယ္”လုိ႔ ပီလီက Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။

ဆက္လက္ၿပီး ပီလီက”အဲဒီ bio စာေၾကာင္းဟာ Instagram ကို ကၽြန္ေတာ္စသံုးကတည္းက အၿမဲတမ္းအဲဒီအတိုင္းပါပဲ။ အဲဒါေလးနဲ႔ ကိုယ့္ရဲ႕မယုံႏိုင္ဖြယ္ေအာင္ျမင္မႈေတြကို ေသးသိမ္ေအာင္ လုပ္လုိ႔မရပါဘူး”လုိ႔ ေရးထားပါတယ္။