စံချိန်တင် ပွဲရွှေ့ဆိုင်းမှုတွေနဲ့ ပရီးမီးယားလိဂိရက်သတ္တပတ်
လာမယ့်စနေ၊တနင်္ဂနွေကစားမယ့် ပွဲတွေထဲက ၅ ပွဲရွှေ့ဆိုင်းလိုက်ရပြီးနောက်
ပရီမီးယားလိဂ်ဟာ သူ့ပွဲစဉ်တွေ အစီအစဉ်တကျဖြစ်ရေးအတွက် တိုက်ပွဲဝင်
နေရပါတယ်။ပွဲဆက်များတဲ့ ခရစ္စမတ်ကာလမရောက်သေးတဲ့ အခုလိုအချိန်မှာ
တောင် ပွဲရွှေ့ဆိုင်းရမှုတွေများပြားလာတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဟာ
ပွဲစဉ်ဇယားနဲ့ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။
လောလောဆယ်မှာတော့ အခုတစ်ပတ်ပရီးမီးယားလိဂ်မှာ မန်ယူ-ဘရိုက်တန်ပွဲက
ပထမဆုံးရွှေ့ဆိုင်းခဲ့ရတဲ့ပွဲစဉ်ဖြစ်ပြီး အဲဒီနောက် ဆောက်သမ်တန်-ဘရန့်ဖို့ဒ်၊
ဝက်ဖို့ဒ်-ပဲလေ့စ်၊ ဝက်စ်ဟမ်း-နော်ဝစ်ချ်နဲ့ အဲဗာတန်-လက်စတာပွဲတို့ကိုလည်း
ရွှေ့ဆိုင်းခဲ့ရပါတယ်။
လက်ရှိမှာလည်း မန်ယူ၊ ဘရန့်ဖို့ဒ်၊ ဝက်ဖို့ဒ်နဲ့လက်စတာအသင်းတို့ဟာ ကိုဗစ်ကြောင့်
သူတို့ရဲ့လေ့ကျင့်ရေးကွင်းတွေကို ပိတ်ထားရပါတယ်။
ဒါ့အပြင် လက်စတာနဲ့ နော်ဝစ်ချ်အသင်းတို့ဟာ ကိုဗစ်နဲ့ဒဏ်ရာပြသနာတွေကြောင့်
သူတို့ရဲ့ပွဲတွေအတွက် လုံလောက်တဲ့ကစားသမားအရေအတွက် မရှိဖြစ်နေပါတယ်။
ဒီကြားရက်ထဲမှာ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရှိခဲ့တာပါ။
လက်ရှိမှာတော့ ဗြိတိန်မှာ ကိုဗစ်လှိုင်းပြန်လည်ရိုက်ခတ်နေတဲ့အတွက် အားကစား
ပွဲစဉ်တွေ ရွှေ့ဆိုင်းနေရပါတယ်။
ဘရန့်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်ကဆိုရင် လာမယ့်ဒီဇင်ဘာ ၂၆ အထိ ပွဲတွေ
ရွှေ့ဆိုင်းဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကျန်းမားရေးတာဝန်ရှိသူတွေကလည်း ဘောလုံးပွဲတွေ လာရောက်အားမပေး
ဖို့ ပရိသတ်တွေကို အကြံပြုထားကြပါတယ်။စပါးအသင်းဆို ပွဲစဉ်တွေ
တောက်လျှောက်ရွှေ့ဆိုင်းနေရတဲ့အတွက် ပြန်ကစားမယ့်
အချိန်ရောက်ရင် ပွဲတွေဆက်တိုက်ကစားရဖို့ ရှိနေတာပါ။
ကိုဗစ်ခြိမ်းခြောက်မှုတွေရှိနေပေမယ့်လည်း တချို့သောပွဲတွေကတော့ ဆက်လက်
ကစားနေကြပါတယ်။
ချဲလ်ဆီးအသင်းဆိုရင် လူကာကူ၊ တီမိုဝါနာ၊ အိုဒွိုင်းနဲ့ ဘင်ချီဝဲလ်တို့ ကိုဗစ်ဖြစ်နေပေ
မယ့် ပွဲရွှေ့ဆိုင်းဖို့ မတောင်းဆိုခဲ့ပါဘူး။
လီဗာပူးဆိုလည်း ကိုဗစ်ဖြစ်နေတဲ့ ဖာဘင်ဟို၊ ကာတစ်ဂျံးစ် နဲ့ ဗန်ဒစ်ဂျ်တို့မပါဘဲနဲ့
နယူးကာဆယ်ကို ကစားခဲ့ပါတယ်။
Zawgyi
ဝက်ဖို့ဒ်-ပဲလေ့စ်၊ ဝက်စ်ဟမ်း-နော်ဝစ်ခ်ျနဲ့ အဲဗာတန်-လက်စတာပွဲတို့ကိုလည်း
ဒါ့အပြင် လက်စတာနဲ့ နော်ဝစ်ခ်ျအသင်းတို့ဟာ ကိုဗစ်နဲ့ဒဏ်ရာပြသနာတွေကြောင့်
ကစားနေကြပါတယ်။
လီဗာပူးဆိုလည်း ကိုဗစ်ဖြစ်နေတဲ့ ဖာဘင်ဟို၊ ကာတစ်ဂျံးစ် နဲ့ ဗန်ဒစ်ဂ်ျတို့မပါဘဲနဲ့